Endless Unicode (Final Chapter)

in #myanmar5 years ago

t5n9axz4v5.jpg
Root ဖောက်ခြင်းကို အချို့ကတော့ မကြိုက်ကြပေ။ လုံခြုံရေးအားဖြင့် လည်းကောင်း၊ စနစ်ပိုင်းအရ လည်းကောင်း အားနည်းချက်များ ရှိခြင်းကြောင့် အချို့က root မဖောက်လိုကြပေ။ ကိစ္စတိုင်းမှာ အားသာချက် အားနည်းချက်ဆိုပြီး ရှိသည် မဟုတ်လား။ root ဖောက်ခြင်းနှင့် ပတ်သက်ပြီး ကိုယ့် အယူအဆနှင့်ကိုယ် လက်သင့်ခံမှ လုပ်ဆောင်တာက ကောင်း၏။ ကိုယ်က ဘာဖြစ်ချင်တာလဲ၊ ဘာအတွက်လဲ ဆိုတာ သဲကွဲဖို့ တိတိကျကျ သိဖို့ လို၏။

Root မဖောက်ခင် သေချာ စဉ်းစားဖို့လို၏။ ဖောက်ပြီးမှ ဘာဖြစ်လို့ ညာဖြစ်လို့ လုပ်နေလို့ မဖြစ်ပေ။ ပြန်လုပ်လို့ ရတယ် ဆိုပေမယ့် အလုပ်ရှုပ်၊ အလုပ်ပိုသည် မဟုတ်လား။ data သိမ်းရ ပြုရ ပြန်ထည့် ပြန်ထုတ်ရနှင့် အလုပ်ရှုပ်ရ၏။ ကိုယ့်ကို လုပ်တတ်သည့်တိုင် အနည်းနှင့်အများတော့ အလုပ်ပိုရမြဲပင်။ မလုပ်တတ်လို့ ဆိုင်မှာ သွားလုပ်က ပိုက်ဆံ ကုန်သည် မဟုတ်လား။ root ပြီးမှ မ root ချင်လို့ ပြန်ပြီး unroot ပါက ပိုက်ဆံ (၂) ခါကုန်ပေါ့။ ထို့ကြောင့် root လုပ်ခြင်းနှင့် ပတ်သက်ပြီး သေချာလေး စဉ်းစား စေချင်၏။

mgy6jv2i33.jpg

ယခု လက်ရှိ phone ကနေ ယခင် သုံးပြီးခဲ့သည့် phone အားလုံး နီးပါးတိုင်း root ဖောက်ခဲ့ဖူး၏။ root ဖောက်ပြီးတော့ သုံးဖူးခဲ့၏။ ဆိုခဲ့သည့်အတိုင်း မြန်မာစာ (Zawgyi) တခုတည်းကြောင့်ရယ် မဟုတ်။ အခြား အခြားသော ကိစ္စရပ်များကြောင့် root ဖောက်ခြင်း ဖြစ်၏။ သိတယ် မလား။ ကျနော်က ကလိရတာ ၀ါသနာပါသည့် သူတယောက်ကိုး။ ကိုယ့် phone ကို ကိုယ်တိုင် အမျိုးမျိုး ကလိနေလေ့ ရှိ၏။ phone ဆိုင်က သူငယ်ချင်းဆို ကျနော့်ကို အမြဲ ပြောလေ့ ရှိ၏။ ခင်ဗျား phone ၀ယ်တာ၊ ကိုင်တာ တန်တယ်တဲ့။

အမှန်တော့ ကျနော်ကလည်း တန်ချင်လို့ လုပ်နေခြင်း မဟုတ်ပေ။ လျှောက်လျှောက်လုပ်နေရသည်ကို ပျော်နေခြင်း ဖြစ်၏။ လုပ်ချင်တာကို လုပ်လို့ ရသွားက ပျော်ဖို့ ကောင်း၏။ မရဘဲ logo ရပ်၊ firmware dead သွားလျှင်တော့ ကြေကွဲပေါ့။ သို့ပေမယ့် လိုအပ်သည့် firmware များကို စုဆောင်းထားပြီး ဖြစ်သဖြင့် ပြန်လုပ်လို့တော့ ရ၏။ အလုပ်ပို အလုပ်တော့ ရှုပ်၏။ အလုပ်ပို အလုပ်ရှုပ်ခြင်းကို မနှစ်သက်သူများအဖို့တော့ အဆင်ပြေမည် မဟုတ်ပေ။

ကျနော်လည်း အလုပ်ပိုခြင်းကို နှစ်သက်လို့ရယ်တော့ မဟုတ်ပေ။ ကလိနေရလျှင်ကို ပျော်နေသူကိုး။ ယခုလည်း လက်ရှိ phone ကို root ထပ်လုပ်ရမည် ထင်၏။ ယခင်က တခါ root လုပ်ဖူး။ ထိုစဉ်က G firmware ဖြစ်၏။ phone update ရသဖြင့် တလက်စတည်း G ကနေ A သို့ ပြောင်းတင်လိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် root လည်း ပျောက်သွား၏။ ကြားထဲမှာတော့ ထပ်မကလိ ဖြစ်တော့ပေ။ အလုပ်ရှုပ်လို့။ သို့ပေမယ့် ခု ယူနီကုတ်ကြောင့် root ဖောက်ရတော့မည် ထင်၏။ root ဖောက်လက်စနှင့် တလက်စတည်း အခြား ကလိစရာများကိုပါ တပါတည်း လုပ်ပါဦးမည်လေ။ ကဲ ... နောက်မှ ဆက်ပြောပြပါဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64449.70
ETH 3164.37
USDT 1.00
SBD 3.87