Again (Final Chapter)

in #myanmar5 years ago

t5n9axz4v5.jpg

ပန်အိပ်လို့က မရသည့်အပြင် ရှေ့ရက်တုန်းကလိုပဲ မနက် (၆) နာရီထိုးသည်နှင့် ဆရာမတွေ တယောက်ပြီး တယောက် ဝင်လာပြီး ကလေးကို အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်းလိုက် လုပ်၏။ ပြီးပြီလား ဆိုတော့ (၇) နာရီထိုးခါနီးမှာတော့ ဆရာဝန်က လာကြည့်ပေးပြန်၏။ ကလေး ဘယ်လိုနေလဲပေါ့။ တယောက်ပြီး တယောက် လာလာဝင်ကြည့်သဖြင့် ဘယ်လိုမှ လည်း ပြန်အိပ်လို့ မရတော့ပေ။ ပြန်အိပ်လို့ မရတော့မည့် အတူတူ ရေထချိုးလိုက်လျှင် ကောင်းမည်တွေးပြီး ရေချိုးဖို့ ပြင်လိုက်၏။ ဒီနေ့က မနက်ခင်း အတန်းချိန်ရှိနေတော့ အိမ်ပြန် ဖြစ်မည် မဟုတ်ပေ။ အတန်းချိန်များ ပြီးသွားသည့် နေ့လည်ခင်းမှ အိမ်ပြန်လို့ ရမည် ဖြစ်၏။

ရေချိုးဖို့ လုပ်တော့ ရေပန်းက ရေသိပ်မကျပေ။ အေးက အေးပါတယ်ဆိုမှ ရေက သိပ်မကျတော့ ပိုပြီး အေး၏။ ပုံမှန်အားဖြင့် ရေချိုးတာ မကြာပေမယ့် ရေပန်းက ရေသိပ်မကျတော့ ရေချိုးချိန်က ကြာသွား၏။ ရေမိုးချိုးပြီး ဂိမ်းပဲ ထိုင်ဆော့နေလိုက်၏။ လူချိန်းဖို့ သူငယ်ချင်း အမျိုးသမီးကို စောင့်ရဦးမည် မဟုတ်လား။ သူငယ်ချင်း အမျိုးသမီး ရောက်လာပြီးနောက် ကျနော်တို့ သူငယ်ချင်း (၂) ယောက် မနက်စာ သွားစားကြ၏။ ပြီး ကျနော်က အတန်းသွား၊ သူက ဆေးရုံ ပြန်သွားပေါ့။

a5k06695m6.jpg

လူက (၂) ရက်ဆက် အိပ်ရေးပျက်ထားတော့ မလန်းဆန်းပေ။ စာသင်ရတာလည်း သိပ်အဆင်မပြေလှပေ။ ထို့ကြောင့် (၂) ချိန်သာ သင်ပြီး နေ့လည်ခင်း အတန်းချိန် ဒီနေ့တော့ မယူတော့ဘူးဟု ကလေးများကို မှာလိုက်၏။ နေ့လည်ခင်းတော့ ပြန်အိပ်မှ ရမည်။ ဒီနေ့ညပါ ထပ်စောင့်အိပ်ရမည် ဆိုလျှင် နေ့လည်ခင်း ပြန်အိပ်ထားမှ ရမည်။ ကလေးက ပထမနေ့ထပ် စာလျှင်တော့ သက်သာနေပြီ ဖြစ်၏။ သို့ပေမယ့် ဆေးရုံကနေတော့ မဆင်းရသေးပေ။ စောင့်ကြည့်ချင်သေးလို့လည်း ဖြစ်မည် ထင်၏။ ညရေး ညတာ ကလေးကို သိပ်စိတ်ပူစရာ မလိုဘဲ စိတ်ချ လက်ချ အိပ်နိုင်ပေမယ့် ကျနော် ကိုယ်တိုင်ကကို အိပ်မရ ဖြစ်နေခြင်း ဖြစ်၏။

ကလေး ဗိုက်နာသည့် ပထမရက်တုန်းကတော့ သူ့ကို စောင့်ကြည့်ရလို့ ကလေး သက်သာသည့် ဒုတိယ ရက်ကျတော့ သူ့ကို စောင့်ကြည့်စရာ မလိုပေမယ့် ကိုယ်တိုင်က အိပ်မရခြင်း ဖြစ်၏။ ထို ခေါင်းဦးရွေးသည့် ရောဂါက အတော်လေး ဆိုးလှ၏။ ဒီနေ့ညတော့ ဘယ်လိုလာဦးမည် မသိပေ။ ဒီနေ့ညပါ အိပ်ရေး ထပ်ပျက်လို့တော့ မဖြစ်ပေ။ နောက်ရက်က အင်္ဂါနေ့ဆိုတော့ ဘောလုံးကန်ရက် ဖြစ်၏။ အိပ်ရေး မဝနေလျှင် ကောင်းကောင်း ကန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နေ့လည်အတန်း တချိန် ဖျက်လိုက်ပြီး အိမ်ပြန်ပြီး ခဏ အိပ်လိုက်မှ ရမည်။

ညနေဘက် နိုးလာပြီးနောက် ဆေးရုံ သွားအိပ်ပေးဖို့ ပြင်ဆင်ရပြန်၏။ ပြင်ဆင်နေတုန်း သူငယ်ချင်းက phone ဆက်လာ၏။ ဒီနေ့ညတော့ လာမအိပ်ကူလျှင်လည်း ရကြောင်း၊ တခြား အကိုတယောက်ကို အကူအညီတောင်းထားကြောင်း ပြော၏။ ကျနော်က (၂) ရက် ဆက်တိုက် အိပ်ရေးပျက်ထားပြီး ဖြစ်သဖြင့် ဒီနေ့ညပါ ထပ်အိပ်ရေးပျက်လျှင် မကောင်းကြောင်း သူက ပြော၏။ ကျနော့် အတွက်ကောင်းသွားခဲ့၏။ အိမ်မှာပင် အိပ်ရေး၀၀ အိပ်လို့ ရပြီကိုး။ နောက်ရက် ဘောလုံးကန်ချိန်မှာ လန်းလန်းဆန်းဆန်း ဆော့ကစားနိုင်ပေလိမ့်မည်။

ကလေးတွေက လူကြီးတွေလို မဟုတ်ပေ။ လူကြီးများ နေမကောင်း ဖြစ်လျှင် ပြောတတ်ဆိုတတ်နှင့် နည်းနည်း အဆင်ပြေသေး၏။ ကလေးတွေက ထိုသို့ မဟုတ်ပေ။ သူတို့်က မပြောတတ် မဆိုတတ်နှင့်။ တခုရှိတာက သူတို့ သက်သာလား၊ မသက်သာလားက ခန့်မှန်းလို့ လွယ်၏။ နေကောင်းလျှင် အသားကုန်ဆော့ကြပြီး နေမကောင်းလျှင်တော့ ငြိမ်သွားသည် မဟုတ်လား။ ထို့ကြောင့် ကလေးတွေက ပန်းနှင့်တူသည်ဟု ရှေးလူကြီးများက မှတ်ချက်ပေးကြခြင်း ဖြစ်၏။ သူငယ်ချင်း၏ သားလေး နေမကောင်း ဖြစ်တာ ကျနော်လည်း အိပ်ရေး (၂) ရက်လောက် ပျက်သွားခဲ့၏။ အိပ်ပျက်ရတာထက် ကလေး သက်သာလာဖို့က အရေးကြီး၏။ ခုလို ရက်ပိုင်းနှင့် မြန်မြန်ဆန်ဆန် ပြန်နေကောင်းလာတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ ဒီနေ့ညတော့ ကျနော် အိပ်ရေးဝပါပြီ။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 56792.41
ETH 2444.34
BNB 487.19
SBD 2.39