ပြန်လာပြီ
ပြန်လာပါပြီ steemit ကြီးရေ ။ စာမရေး ဖြစ်တာတောင် နည်းနည်း ကြာသွားပြီ ။ အားလုံးကို သတိရပါတယ် ။ အရင်တုန်းက ဈေးကိုလည်း သတိရပါတယ် ။ steem ဈေး တွေ ကျနေတယ် ဆိုသော်လည်း သုံးလို့တော့ ရနေသေးတယ်လေ ။ ဇွဲကောင်းတဲ့ ဆရာများကလည်း ဆက်လက် ရေးသားနေကြဆဲပါ ။ ရည်မှန်းချက်လေးတွေ နဲ့ အတူတူ ရှေ့ဆက် နေကြဆဲပါ ။ဈေးတွေကလဲ ကျကောင်းဆဲ ဆက်လက် ကျဆင်းနေဆဲပါ ။
Image source
အားနည်းနည်း လျှော့လာသလိုလို ရှိပေမဲ့ ပြန်ရေးမယ် ဆိုပြန်တော့လဲ ဘာအကြောင်း ရေးရမန်း မသိတဲ့ ကျွန်တော့ ဒုက္ခကလည်း ထုံးစံ အတိုင်း ပျောက်ကွယ်သွားခြင်း မရှိသေးပါ ။ ဒါကြောင့်လဲ မနေ့ထဲက စမလိုလိုနဲ့ ဒီနေ့မှ ပြန်စဖြစ်ပါတော့တယ် ။ post လေးတွေ review လုပ်ရအောင်ကလည်း steem Myanmar ကနေ link လေးတွေ ပြန်တင်ပေးနေတော့ မလုပ်ဖြစ်သေးပါ ။
Image source
ဒါနဲ့ ဒီရက်ပိုင်း ဦး@yuzana ရဲ့ ချက်နည်းလေး အတိုင်းလည်း စားဖြစ်လိုက်သေးတယ် ။ မှတ်မိကြမယ်ထင်ပါတယ် ။ ဆီမပါ ဆားမပါတဲ့ အသီးအရွှက် ပြုတ်လေးပေါ့ ။ စားလို့ကတော့ အတော်မြိန်သဗျာ ။ ကျွန်တော်ကတော့ ထိုဆီမပါ ဆားမပါတဲ့ အသီးအရွှက်လေးတွေကို အငန်ချက်နဲ့ တို့စားလိုက်ပါတယ် ။ နည်းနည်းပါးပါး ကျန်းမာရေး လိုက်စားဖြစ်တယ်ဆိုဆိုပေါ့ဗျာ ။
မရေး ဖြစ်တာတွေ ကြာနေတော့ ပေါက်ကရလေးတွေ မျက်စိညှောင်းအောင် ဖတ်ရဖို့ ကျွန်တော်လဲ အရှိန် ဆက်ယူလိုက်ပါဦးမည် ။ ဒီနေ့တော့ ဒီလောက်နဲ့ ဘဲ ဖြစ်သလို နားပြီကွယ် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
ပြည်တော်ဝင်မယ်လေ
ဝင်ပြီဗျာ
တူတူပါပဲ ကိုဒိုရေ...
အားတင်းပြီး ချီတက်ကြတာပေါ့။
ဟုတ်ကဲ့ပါဗျည
စာရေးရတာ အလေ့အကျင့်ဖြစ်သွားပြီဆိုတော့ ဈေးအတက်အကျ ကိုယ်နဲ့မဆိုင်သလိုနေလိုက်တော့တယ်
ဈေးကဈေး ရေးတာက ရေး တူတူပါဘဲ ဦးယု ဒီလူလေးတွေနဲ့ တွေ့နေ ရတာကို ပျော်စရာပါ ။
အားပေးလျက်ပါကိုဒို ၊steemit ရှိနေသရွေ့ စာ ရေးတင်နေဦးမှာပါ။
fighting ပါဗျာ ။ တူတူဆက်သွားကြတာပေါ့ ။
ပျောက်လှပါလား။ဘယ်သဝေထိုးနေလို့လဲငဒိုရေ
Posted using Partiko Android
ဟိုလုပ်လုပ် ဒီလုပ်လုပ်နဲ့ ။
ဈေးကလည်းကျဆဲ...ရေးလည်းရေးနေဆဲ...😊
Posted using Partiko Android
ကျလဲ ရေးရင်းစောင့်နေရတာဘဲ မတ်မတ်ရယ်
ဈေးဒေတက်နေဘာဘီဟ
ကုန်ဈေးနှုန်းကိုပျောဘာဒေ
အိတာကတော့ လိုက်မမီအောင်ဘဲ အကိုရေ ။
Hi domelay ! You just received an upvote from @share2steem !
To our deep regret, it looks like you signed up on Share2Steem but never posted through the app.
A lot of changes have been made to the application @share2steem and to the website https://share2steem.com since your last visit.
We want to add more value to you thanks to our constantly growing users base (1063 currently).
There are 3 high value updates on the Share2Steem dApp that you definitely cannot miss ! They will definitely aid you directly and indirectly :
Whether you come back or not, we would love to have your feedback :
Why haven't you used Share2Steem ? Maybe you encountered a bug ?
Maybe your publication did not cross-post ?
Were the explanations on how to use the application not clear ?
If you have any questions, suggestions, feel free to come to Discord
This message was generated automatically.
အေးအေး ပြန်လာခဲ့
Posted using Partiko Android
ဟုစ် ဟုစ်