မျော်လင့်သော အချိန်

in #myanmar6 years ago

အချိန်တို့သည် မြန်ဆန်လွှန်းသည် ။ သူတို့ မနေမနား ပြေးလွှားနေကြသည် ။ သူတို့ပြေးလွှားခြင်းအပေါ်တွင် ကျွှန်တော်တို့ကို တင်ခေါ်သွားသည်လား ကျွှန်တော်တို့ ကိုယ်တိုင်ကဘဲ အချိန်နှင့် အတူ ဖြတ်သန်းသွားသည်လား ? အချိန်တို့အား ဆွဲဆန့်ခြင်း ရပ်တန့်ခြင်းကို မလုပ်နိုင်ကြသည်မှာတော့ သေချာသည် ။ အချိန်တွေကြားထဲမှာ မှော်ပညာများ စိတ်စွမ်းအင်များ တိုးတက်လာသောလမ်းစဉ်များဖြင့် ပြောင်းလဲရန် စိတ်ကူးယာဉ်ကြသည် ။ စိတ်ကူးယဉ်ခြင်း သည် စိတ်ကူးယာဉ်ခြင်း အဖြစ်သာ ရှိနေပါသေးသည် ။


timess.jpg
Image source

အချိန်တို့နှင့်ထပ်တူ ယနေ့သည်လည်း ကုန်ဆုံးပြန်တော့မည် ။ ထိုကဲ့သို့ ကုန်ခမ်းခဲ့ရသည်မှာလည်း များပြားလှပေပြီ ။ ဆက်သွားနေဆဲ ။ သူ့ဝန်ကို ထမ်းဆောင် နေဆဲ ။ ကိုယ် ဘယ်အချိန်မှာ ဘာဖြစ်မလဲ ။ ကြိုတင်ပြီး အတိအကျ မသိနိုင်သော အနာဂတ်အတွက် ဟောစာတမ်းများရယ် ။ ဘယ်အချိန်ဘာဖြစ်အောင် လုပ်မယ် ။ ဖြစ်လာပြီလား ? နောက်ထပ်တွေရော ဖြစ်လာနိုင်ကြဦးမည်လား ?

မျော်လင့်ချက်တွေ ရည်မှန်းချက်တွေ ဘယ်အချိန်မှာ ပြည့်စုံမှာလည်း ။ တစ်ကယ်တော့ ထိုအရာတွေ ပြည့်စုံမှု မရှိခဲ့သည့်တိုင် တစ်ချိန်ချိန်တော့ ပျောက်ကွယ်သွားရမှာပါဘဲ ။ ဘယ်လိုများလဲ ။ အဆုံးသတ်ခြင်းရဲ့ နောက်တစ်မျက်နှာမှာ ထို မျော်လင့်ချက်တွေ ပါမသွားနိုင်လောက်တော့ဘူးလေ ။ မမျော်လင့် ရဲပေမဲ့ ထို မျော်လင့်ချက်တွေကို ပြတ်စေဖို့ အကြောင်းကရောက်လာမှာဘဲလေ ။ အစွဲတစ်ခုအနေနဲ့ မကျန်ခဲ့ဖို့တော့ လိုအပ်လိမ့်မယ်ထင်တယ် ။


hope.jpg
Image source

ကိုယ်မျော်လင့်မိထားတာတွေကို ကိုယ်တိုင်တောင် ဘာမန်းမသိနိုင်တော့တဲ့အချိန် အခြားသူတွေ အကောင်အထည်ဖော်ပြကြမှာလား ? တစ်ကယ်လုပ်ပေးခဲ့ကြရင်တောင် ငါနဲ့ မသက်ဆိုင်တော့ဘူးလေ ။ ဘုရာဘုရား ငါဆိုတာ ဘယ်သူမျာပါလိမ့် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အလား ...ဆရာဒို အ​ရေးအသား​တွေမိုက်​လှခြည်​လား
ကွန်​​တော်​​တော့ စိတ်​ကူး​ပေါက်​မှ ​ရေးဖြစ်​တာ ခုက​တော့လက်​တန်းချ​ရေးတဲ့စာ​တွေဘဲ​ရေးဖြစ်​တယ်​ အလုပ်​ကတအားညပ်​ ဘယ်​လိုမအားလို့

လက်တန်းပါဘဲဗျာ ဘာမှ မရေးထားရလို့ ရုတ်တစ်ရက် စိတ်ကူးပေါက်တာနဲ့ ထရေးပြီး ကောက်တင် ခ်ခ် ။

အချိန်​က​တော့ပုံမှန်​သွား​နေတာပါဘဲ....်​...ခက်​တာကဘယ်​ချိန်​ဘာဖြစ်​မယ်​မသိ....

Posted using Partiko Android

ဟုတ် မသိမသိ

အတွေးမျှင်လေးများ ဆိုသလောက် တွေးစရာအတွေးတွေ ပေးနိုင်ပါဘိ ကိုဒို

တွေ့ကရာလျှောက်ရေး ရတာပါဘဲဗျာ အစီစဉ်ကိုး မကျနိုင်တော့ ။

ယုံကြည်‌ချက်‌သည်‌ အားကိုးရာပါ။

ဟုတ် ဥမဟော်

အစ်ကိုရေးထားတာလေး ကောင်းလှပါတယ်ခင်ဗျာ။တွေးစရာလေးတွေ အများကြီးဖြစ်စေပါတယ်အစ်ကို။

ကျေးဇူးပါခင်ဗျာ

မျော်လင့်ရင်းနဲ့ အချိန်ထဲမှာစီးမျှောနေမိပေါ့ ကိုဒိုမီရေ

ဆက်လက်စီးမျောရင်း ။

Congratulations @domelay! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

သေချာဘီ သေချာဘီ ဘာဘာ ဘာမှ သိဝူး ☺ တရားသဘောအရ ငါ ရှိတော့ဘူး လောကအရ ငါ မှ ငါ ပဲ ☺

ရဝူး ငါလေး ငါ့ power လေး ငါ့ steemit လေး ငါ့ steem လေး ငါ ငါ ငါ ငါ ငါ ငါငါ ။

မိတ်ဆွေရဲ့ပိုစ့်ကို C2 အတွက် ရွေးချယ်ပေးထားပါတယ်။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.50
ETH 2617.28
USDT 1.00
SBD 2.77