steem အိပ်မက်

in #myanmar6 years ago

steemit ကြီးတွင် SMT ဆိုသော tokin များပေါ်ထွက်လာပါပြီ ။ အချို့ media များမှလဲ rewards များ အမျိုးမျိုး ရရှိအောင် ဆောင်ရွှက်ပေးထားသကဲ့သို့ steem များ SBD များ SMT များ များစွာရရှိနိုင်ရန်အတွက်လည်း အမျိုးမျိုးသော နည်းလမ်း အသစ်များ ရှိနေလေပြီ ။ အချို့ လုပ်ငန်းများမှ သူတို့ ကြော်ငြာများအား ဝင်ရောက်အားပေးသူများအတွက် rewards များ စီစဉ်ထားပါသည် ။ SMT များကိုလည်း ကျယ်ပြန်စွာ အသုံးပြုနေကြပြီဖြစ်သဖြင့် Steemits အတွင်းမှသူများ အတော်အဆင်ပြေနေကြသည် ။ ကိုယ်ပိုင်လုပ်ငန်းများ အသီးသီးကိုလည်း MSC members တို့ ပိုင်ဆိုင်ထားလေပြီ ။


steemit logo.png
Image source

steem များ sbd များရရှိနိုင်သော game များမှာလည်း ပိုများလာပြီဖြစ်သည် ။ ထို့ကြောင့် game ဝါသနာရှင်များ အတွက်လည်း အဆင်ပြေလေပြီ ။ super8 ball မှစခဲ့သော steemit game များ ယခုဆိုလျှင် အမျိုးများစွာ ရှိနေလေပြီ ။ ဒီလိုနဲ 48 $ အထက်တွင်ရောက်နေသော steem ဈေးအား ပြုံး၍ ကြည့်နေမိသည် ။ ထို့နောက်မှာတော့ post တစ်ခုမှ ရရှိလာသော 100 steem နှင့် 58 sbd ကျော်ကျော်အား claim လိုက်လေသည် ။ ထို့နောက် SMT မှ ရသည့် အရာများနှင့်ပေါင်းကာ သုံးပုံနှစ်ပုံအား power up လိုက်လေသည် ။ ထိုစဉ် ဆိုင်ကလေးသို့ ဈေးဝယ်သူများ ရောက်နေသဖြင့် ဈေးရောင်းသည့်ဘက်သို့ တစ်ချက်လှည့်လိုက်လေသည် ။

ကျွှန်တော့ဆိုင်လေး အကြောင်းကိုလည်း ပြောပြပါဦးမည် ။ ကြွားတယ်တော့လဲ မထင်ပါနဲ့နော် ။ ဆိုင်မှာ Mobile banking များ card များဖြင့် လည်း ဝယ်ယူရရှိနိုင်ပြီး STEEM များ SBD များ PM အစရှိသည်တို့ဖြင့်ပါ ဝယ်ယူရရှိနိုင်သဖြင့် လူများ အားပေးကြလေသည် ။ ထိုနည်းပညာများနှင့် မရင်းနီးခင်ကတော့ အတော်ကြိုးစားခဲ့ရတာပေါ့ဗျာ ။ သို့သော် ငွေအမ်းရခြင်း နှင့် ဈေးလျှော့ရာတွင် ငါးဆယ်တစ်ရာ အပြင် သုံးဆယ် ခွန်နှစ်ဆယ် စသော သူများဆိုင်များထက်ပို၍ လျှော့ရောင်းနိုင်သဖြင့် နောက်ပိုင်းလူစည်လာတာပေါ့ဗျာ ။ Steemit တွင်စာရေးရင်း ရသည့် steem များဖြင့်လည်း အလွယ်တစ်ကူ ဝယ်နိုင်သည် မဟုတ်လားဗျာ ။ အသဲကွဲတာတောင် စာရေးပြီး ဘီယာနဲ့ လာလဲတဲ့ခေတ်ရောက်ပြီလေ ။ နောက်ပြီး ဆိုင်လေးမှာ နည်းပညာမြင့် ပစ္စည်းတွေသုံးထားတာကြောင့် လူလည်း သက်သာတယ်လေ ။ ဒါလည်း Steemit ကျေးဇူးတွေပါလေ ။ ဆိုင်တွင် ဆီဖြည့်သည်ကစ လူများမထားတော့ဘဲ စက်တွင်မိမိလိုချင်သလောက်ရိုက်ကာ QR code ဖတ်ပြီး ကိုယ်တိုင်ဖြည့်နိုင်လေသည် ။


richman.png
Image source

Steemit မှ ဈေးများမြင့်တက်သွားပြီး သည်နှင့် မိမိမြို့တွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသော wifi ဆိုသည့်အရာများကို ဆိုင်တွင် တပ်ဆင်ပေးထားသည် ။ ဆိုင်ခန်းကြယ်ကြီးတွင် အခန်းဆက်လိုက် ဖြစ်ပြီး စားသောက်ဆိုင်များလည်း ပါဝင်လေသည် ။ ထို့ပြင် လူငယ်များအတွက် စာများဖတ်ခြင်းနှင့် အခြားအသုံးဝင်သည်များကို လေ့နိုင်ရန် computer များ ထားရှိသော နေရာ တစ်ခုလည်းပါဝင်ပြီး ထို computer များကို အခမဲ့အသုံးပြုနိုင်ပါသည် ။ သို့သော် ထိုနေရာနှင့် wifi များတွင် 18+ များကိုတော့ ကြည့်မရအောင် ပိတ်ထားသည် ။ တစ်ခါတစ်ရန်တွင်လည်း အဆင်ပြေလျှက်ရှိသော MSC Member များရှိရာ မြို့များသို့ သွားရောက်လည်ပတ်သည် ။ အခြားသူများလဲ လာလည်ကြသည် ။ တစ်နှစ်တစ်ခါ ပုံမှန် ဆုံတွေ့ပွဲအားလဲ နှစ်စဉ် ပြုလုပ်ဖြစ်ကြပါသည် ။ ယခုအခါဆိုလျှင်ဖြင့် တွေ့ဆုံပွဲကြီးပင် အကြီးအကျယ် ခမ်းနားပြီး လူပေါင်း များစွာ တက်ရောက်သော ပွဲကြီးအဖြစ်ရှိလေပြီ ။

ထိုစဉ် ရုတ်တရက် နိုးလာရာ အခန်းငယ်လေးအတွင်းတစ်ချက်ဝဲကြည့်ပြီး အချိန်ခရီးသွားအိပ်မက်များ မက်မိလေသလား တွေးပြီးပြုံးဖြစ်လေသည် ။ ထိုအရာတို့သည် တစ်ချိန်ချိန် ဖြစ်မလာဘူးဟူ၍ မပြောနိုင်ပါ ။ တစ်ကယ် ဖြစ်လာပါစေဟူ၍လည်း ရည်ရွှယ် ဆုတောင်းမိပါသည် ။ လောလောဆယ်တော့ ရောက်သည့်ဈေးနှင့် ရှိသောအရာနှင့် အဆင်ပြေအောင် လုပ်မည့်ပွဲနှင့် လူဦးရေအနည်းငယ်သာ လာနိုင်မည်ဖြစ်သော တွေ့ဆုံပွဲလေးအား မျော်မှန်းမိရင်း တွေ့ဆုံပွဲ အစီစဉ်များအား စဉ်းစားနေမိပါတော့သည် ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အမကလူသစ်ပါမွန်ပြည်နယ်ကပါပုဂံပွဲကိုလာပါ့မယ်တွေ့သည့်အခါနှုတ်ဆက်ပါအုးံသင်ပြပေးပါအုးံ

ဟုတ်ကဲ့ ပုဂံမှာ ဆုံကြမယ် အန်တီ ။

SMT များထွက်လာပြီဆိုလို့ တကယ်မှတ်နေတာ နည်းနည်းဆက်ဖတ်တော့ သဘောပေါက်ပြီ။

😀😀😀😀😀

right. let's try together

သားရဲ့ဆုတောင်းလေးနဲ့အတူ
steem မိသားစုအားလုံးဆုတောင်းလေးများပြည့်ဝကြပါစေနော်

ပြည့်ဝ ပါစေလို့ဘဲ မျော်လင့်ပါတယ်ခင်ဗျာ ။

အိပ်မက်ကောင်းလိုက်တာဗျာ

အင်းဆို ဘယ်အချိန်မှ တစ်ကယ်ဖြစ်မလဲမသိဘူး ။

အိပ်မက်တွေက မှန်တက်တယ်တဲ့

ဟုတ်ကဲ့လအဲ့ဒီအတိုင်ဘဲ ဖြစ်ပါစေဗျာ ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61141.76
ETH 2438.78
USDT 1.00
SBD 2.56