ကျခြင်းများနှင့် Steemit

in #myanmar5 years ago

ပထမဆုံးအနေနဲ့ကတော့ steemit အတွင်း ရှိကြသူများရဲ့ ရင်ထဲမှာ ဈေးကျခြင်း အကြောင်းအရာများ ရှိကြလိမ့်မည် ထင်ပါသည် ။ steem သျေးများမှာ 1$ usd ဝန်းကျင် မဆိုထားလေနှင့် 0.5$ usd အနီးသို့ပင် အားခဲလို့ မတက်ရောကိနိုင်တော့သော အခြေနေတွင် ရှိလေသည် ။ ထို့ကြောင့်ပင် လူအများ၏ အားထုတ်မှုများ လျှော့ပါးသွားကြသည် ။ လူများလဲ လျှော့ပါးသွားကြသည် ။ တစ်နေ့ တစ်နေ့ အသစ် ထွက်ပေါ်လာသော post များပင် အရေ အတွက် အလွန်နည်းပါးလွန်းလှသည် ။ post တွေ vote တွေ လဲ ကျလာကြသည် ။ post တွေ ကျလာသည် ဆိုရာတွင် အရေအတွက်ရော အရေအသွေးများပါ ပါဝင်လေသည် ။


120px-Gtk-go-down.svg.png
Image source

ယခင် hf က vote ပေးလျှင် 0.03 ခန့် တက်သော ကျွှန်တော့ power မှာလဲ 0.02 ခန့်သာ ရှိတော့သည် ။ vote နှင့် steem ထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားသော်လည်း ဈေးကတော့ မာန ကြီးဆဲ မတက်နိုင်ဆဲပါ ။ ထို့ပြင် game များမှာလဲ steem ရနိုင်သည် ဆိုသော အချက်ထက် ပိုပြီး ဆွဲဆောင်နိုင်ခြင်း မတွေ့ရသလောက်သာ ရှိသည့်အတွက် ဆော့သည့်သူများမှာလဲ ပုံမှန်ရှိနေသူများအပြင် ဆော့ကစားမှု ကျလာသည်ပင် ။ game rewards များလဲ တစ်ဖြည်းဖြည်း ကျဆင်းလာသည်ကို ။


arrow-down-512.png
Image source

ဒါဖြင့် steemit ကြီးထဲမှာ တက်လာတာ ဘာများ ရှိပါသလဲ ဆိုလျှင် ဘာမှတော့ မတွေ့ဖြစ်ပါ ။ ကျွှန်တော် မကြည့်တတ်လို့ ဖြစ်ပါလိမ့်မည် ။ steem-engine က coin များတော့ တစ်ခုပြီး တစ်ခု ပေါ်လာပါသည် ။ ဒါပေမဲ့ ထိုအရာက အတက်မဟုတ် ။ အမှိုက်များပင် တက်လာခြင်း မရှိသလို ထင်မိပါတယ် ။ အလံပြသော အဖွဲ့များပင် ထောင်စရာမရှိ၍ တွေ့ကရာ လိုက်ထောင်နေသည်ကို တွေ့မြင်ကြရပါလိမ့်မည် ။

ဈေးကျ ၊ စိတ်ဓါတ်တွေကျကြ ၊ post တွေကျ ၊ tag တွေ ပျောက်ပျက် ကျ ။ steemit ရယ် တစ်ခုခုများ တက်လာဦးမည်လား ?

@domelay

Sort:  

စိတ်ပျက်စရာတွေ တတ်လာနေပလား

Posted using Partiko Android

ချိတ်ပျက်တွား ပီယားဟင် ပျက်ပါနဲ့လေ ။

ဒီလိုနဲ့ပဲ

ဒီလိုပါဘဲလေ ။

အဲ့လို စိတ်ဓာတ် တက်ကြွဖွယ်ရာတွေ မရေးပါနဲ့လား ခွယ်

ခွန်အား ဖြစ်အောင်ပါ 😀😀

ဟုတ်ပါ့အစ်ကိုရေ ဘာများကျစရာကျန်သေးလဲ မသိဘူးဗျာ။

Posted using Partiko Android

ရှူးတိုးတိုး အဲ့ကျန်တာပါကျကုန်မယ်

တက်တာတခုရှိတယ်ဟ
steem ဈေးကြည့်ပီး သွေးတက်တက်သွားတယ်

သွေးတွေပါ ကျနေပါပြီနော် ဒီက


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70638.80
ETH 3565.34
USDT 1.00
SBD 4.73