Did you know
ဒါဘီပွဲတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းဦးမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၃
ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီနဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲတွေ ပါဝင်နေပါတယ်။
ဒါဘီပွဲတွေရဲ့ ထုံးစံအတိုင်း စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
၁။ အဲဗာတန် - လီဗာပူး (ညနေ ၆ နာရီ၊ ဧပြီ ၇)
မာဆေးဆိုက်ဒ်အခြေပြုတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ဒါဘီပွဲစဉ်ဖြစ်ပါတယ်။ အဲဗာတန်နဲ့ လီဗာပူးတို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပြိုင်ဘက်တွေဖြစ်ပြီး ဒီ ၂ သင်းတွေ့ဆုံတဲ့ ပွဲစဉ်တိုင်း အကြိတ်အနယ်ရှိလေ့ရှိပါတယ်။ ပထမအကျော့ လီဗာပူးအိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်မှာ တွေ့ဆုံစဉ်မှာတော့ တစ်ဖက် ၁ ဂိုးစီ သရေကျထားပါတယ်။ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုကတော့ လီဗာပူးက အဆင့် ၃ နေရာမှာ ရပ်တည်နေသလို အဲဗာတန်က အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်က နောက်ဆုံးကစားတဲ့ ၅ ပွဲမှာ ၃ ပွဲရှုံး ၂ ပွဲနိုင်ရလဒ်ထွက်ပေါ်ထားပါတယ်။ လီဗာပူးကတော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာရှုံးပြီး ၄ ပွဲ အနိုင်ရထားပါတယ်။ ဆာလက်၊ မာနေး၊ ဖာမီနိုတို့ရဲ့ တိုက်စစ်ကလည်း လုပ်အားနှုန်းကောင်းလှပါတယ်။ ဒါပေမယ့် မာဆေးဆိုက်ဒ်ဒါဘီတိုင်း သေချာကစားလေ့ရှိတဲ့ အဲဗာတန်ကိုလည်း လျှော့တွက်လို့ မရပါဘူး။ အဲဗာတန်အိမ်ကွင်းဖြစ်တာကြောင့် သရေကျသွားနိုင်ပြီး လီဗာပူးတို့ နိုင်ရင်လည်း ကပ်ပြီးပဲ အနိုင်ရပါလိမ့်မယ်။
၂။ စတုတ်စီးတီး - စပါး (ည ၈ နာရီ ၃ဝ မိနစ်၊ ဧပြီ ၇)
အဆင့် ၄ နေရာက စပါးအသင်းကတော့ တန်းဆင်းဇုန်အတွင်းက စတုတ်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ စပါးကတော့ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲမရှိသေးပဲ စတုတ်စီးတီးအသင်းကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရသေးပဲ ၃ ပွဲရှုံးပြီး ၃ ပွဲသရေကျထားပါတယ်။ စပါးတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ သင်းထဲဝင်အောင် ကြိုးပမ်းနေပြီး စတုတ်စီးတီးကလည်း တန်းမဆင်းရရေး ညှစ်ထုတ်ကစားမှာဖြစ်တဲ့အတွက် ကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ အိမ်ကွင်းဖြစ်တဲ့အတွက် စတုတ်စီးတီးတို့ စပါးကို ခံကစားပါလိမ့်မယ်။ သရေကျသွားနိုင်တဲ့ပွဲဖြစ်ပါတယ်။
၃။ မန်စီးတီး - မန်ယူနိုက်တက် (ည ၁၁ နာရီ၊ ဧပြီ ၇)
မန်ချက်စတာဒါဘီပွဲဖြစ်သလို ဇယားထိပ်ဆုံးက အသင်း ၂ သင်းယှဉ်ပြိုင်ကြမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲတိုင်း အကြိတ်အနယ်ရှိလေ့ရှိတာကြောင့် ဒီပွဲစဉ်မှာလည်း စိတ်လှုပ်ရှားဖွယ်ရသတွေ ပေးစွမ်းဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဒီပွဲမှာ အနိုင်ရရင် ရာသီမကုန်မီ ပရီးမီးယားလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်မှာဖြစ်သလို မန်ယူနိုက်တက်အသင်းကလည်း ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ရေး ကြိုးပမ်းမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြနဲ့ ကစားသမားတွေကလည်း မန်ချက်စတာဒါဘီမှာ ဆုဖလားရယူနိုင်ရေးကြိုးပမ်းမယ်လို့ ပြောကြားထားတဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ်။ ခြေစွမ်းပိုင်း၊ ကစားသမားစုဖွဲ့မှုပိုင်းအရ မန်စီးတီးက အသာရနေပေမယ့် နည်းပြမော်ရင်ဟိုရဲ့ နည်းဗျူဟာပိုင်းတွေကိုလည်း စောင့်ကြည့်ရမှာပါ။ သရေဆိုတာ ၂ သင်းစလုံးအတွက် မျှတတဲ့ ရလဒ်ဖြစ်ပါလိမ့်မယ်။
၎။ အာဆင်နယ် - ဆောက်သမ်တန် (ည ၇ နာရီ ၄၅ မိနစ်၊ ဧပြီ ၈)
အဆင့် ၆ နေရာက အာဆင်နယ်က အဆင့် ၁၈ နေရာက ဆောက်သမ်တန်နဲ့ ရင်ဆိုင်တွေ့မှာဖြစ်ပါတယ်။ အာဆင်နယ်တို့က နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြန်မှန်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံး အနိုင်ရထားပါတယ်။ ဆောက်သမ်တန်တို့ကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲပျောက်ဆုံးတဲ့အထိ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်ထဲအထိ ရောက်ရှိနေပါတယ်။ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် မျှော်လင့်ချက် အနည်းငယ်သာရှိတော့တာမို့ ဒီပွဲကို ဂရုစိုက်ကစားဖွယ်ရှိပါတယ်။ ဆောက်သမ်တန်ကလည်း တန်းဆင်းဇုန်ကလွတ်ရေး ညှစ်ထုတ်ကစားဖွယ်ရှိပါတယ်။ အာဆင်နယ်တို့ အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်ရပါလိမ့်မယ်။
၅။ ချဲလ်ဆီး - ဝက်ဟမ်း (ည ၁ဝ နာရီ၊ ဧပြီ ၈)
အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့ အဆင့် ၁၄ နေရာက ဝက်ဟမ်းတို့ ရင်ဆိုင်တွေ့မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံး ၂ ပွဲနိုင်ရလဒ်ထွက်ပေါ်ထားသလို ဝက်ဟမ်းကလည်း နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၃ ပွဲရှုံးထားပါတယ်။ ပထမအကျော့ ဝက်ဟမ်းအိမ်ကွင်းမှာ ကစားစဉ် ဝက်ဟမ်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ချဲလ်ဆီးက ထိပ်ဆုံး ၄ သင်းဝင်ဖို့ အမှားမခံနိုင်တော့တဲ့ အခြေအနေဖြစ်နေပြီး ဝက်ဟမ်းကတော့ တန်းဆင်းဇုန်ထဲမကျရောက်ရေး ကြိုးပမ်းရမှာဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ရှုံးကြွေးပြန်ဆပ်ပါလိမ့်မယ်။



Nice post
ဘောပွဲကြိုက်တယ်ဗျ။စိတ်ဝင်စားစရာပွဲကောင်းတွေပါ
Thanks.
Reply to this comment if you want me to resteem your last blog post to my 32,500+ followers. @a-0-0
Congratulations @chanlay! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last announcement from @steemitboard!