Future of Initial Coin Offerings in Myanmar

in #myanmar7 years ago

Steemit မိသားစုဝင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ပါတယ်။

ဒီနေ့ စိတ်ကူးမိတာလေးတစ်ခု တင်ချင်လို့ တင်ပါရစေ။ တော်တော်များများ ဟာ ICO coin တွေကို ရင်းနှီးမြုတ်နှံကြ တွေ့ရတယ်။ကိုယ်တိုင်ရင်းနှီး သလိုပဲ ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလဲ တိုက်တွန်းကြတာ တွေ့နေရပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်ကာမှာ Marketing အနေနဲ့ Referral link ဆိုတဲ့ မိတ်ဆက်တဲ့အတွက် ကော်မရှင်ပေးထားတဲ့ အတွက်ကြောင့် ကောင်းတာတွေ့တာနဲ့ link ပို့ပေးကြတာ
တော်တော်များများတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လုပ်ငန်းက ဘာကြောင့်ရင်းနှီးသင့်တယ်ဆိုတာ ကို သိပ်မပြောကြပဲ ကိုယ်စိတ်ကူးနဲ့ တည့်တာလေးတွေသာ မိတ်ဆက်နေတာတွေ့ကြရပါတယ်။ သိပီးသား ဆရာတွေကတော့ ဘာမှအရေးမကြီးဘူးဆိုပေမယ့် ICO စပီး ရင်းနှီး သူတွေအတွက်တော့ သိထားသင့်တယ်ထင်လို့ပါ။

KryptoMoney.com-ICO-in-Russia.jpg
ICOရဲ့ အနာဂတ်

ICO ဈေးကွက်ဟာ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ cryptocurrency အွန်လိုင်းလောကမှာ သာမဟုတ် တကမ္ဘာလုံးမှာပါ ကျော်ကြားခဲ့ပါတယ်။ 2017 ပထမ နှစ်ဝက်လောက် ထဲမှာတင် ICO စုစုပေါင်းအရေအတွက်ဟာ ၂၀၁၆ ထပ်ကို ဈေးကွက် မြင့်တက်တယ်လို့ သိရပါတယ်။ 2018 မှာလည်းပဲ ဒီ့ထက်မက အရှေ့တောင်အာရှ နိုင်ငံတွေပါ Project အသစ်တွေနဲ့ လှမ်းလာတာကို တွေ့မြင်နေရပါပီ။

ico1-660x330.jpg

ICO ဘယ်လိုအလုပ်ဖြစ်သလဲ?

ICO coin တွေဟာ ရင်းနှီးမြုတ်နှံသူတွေ ကိုအခွင့်အလမ်း စောလျင်စွာပေးပီး ဈေးကွက်ဝင်တာနဲ့အမျှ ဈေးကွက်အခြေအနေပေါ်မူတည်ပီး exchange ထဲကနေ တစ်ဆင့် ငွေမြောက်များစွာ ရယူခဲ့ကြပါတယ်။ တစ်ချို့ဆို အဆ ၁၀ ကနေ အဆပေါင်း ၁၀၀ ကျော်ထိ ရခဲ့ကြပါတယ်။ တစ်ချို့လုပ်ငန်းကျ Network Marketing တွေပါ ပါလာတော့ ကွန်ယက်လုပ်မယ့်လူတွေအတွက်လဲ လုပ်ကိုင်လာကြပါတယ်။ အားလုံးဟာ ရနိုင်ခြေရှိသလို ဆုံးရှုံးနိုင်ချေလဲ တွက်ထားဖို့လိုပါလိမ့်မယ်။

ရင်းနှီးမြုပ်နှံခြင်း ပြဿနာ

ICO တော်တော်များများဟာ ကတိမတည်ကြပါဘူး။ စတင်တုန်းသာ ရိုးရှင်းတဲ့ whitepaper တွေပြသပေမယ့် သူတို့ ရဲ့ အသေးစိတ် အစီအစဉ်တွေ အဖွဲ့ကြီးထွားလာအောင် နောက်ကွယ်ကနေ လုပ်ကိုင်ကြတာ မရှိသလောက်ပါပဲ။ project အများစုဟာ ရင်းနှီးသူတွေ ကိုပေးထားတဲ့ ကတိအတိုင်းမပေးနိုင်တာနှင့် နောင်ပိုင်းအချိန်တွေမှာ ကြီးမားသော ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာတတ်တာတွေတွေ့ရပါတယ်။

MW-FR075_crypto_20170726142824_ZH.jpg

မြန်မာနိုင်ငံမှာတော့ လက်လှမ်းမှီသလောက် Facebook ကတစ်ဆင့် မိတ်ဆွေတွေကတစ်ဆင့် ၀ယ်ယူနေကြတာတွေ့ရပါတယ်။ သို့ပေမယ့် ဘယ်ဟာက သေချာတယ် ဘယ်ဟာက စိတ်ချရမှုမရှိဘူးဆိုတာ လမ်းညွန်ပြသပေးမယ့်သူတွေ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ ကိုယ်တိုင်တောင် အစက ရမ်းဝယ်ခဲ့ကြရတာပါ။ နောက်ပိုင်းမှာ သိလာရတာတစ်ခုကတော့ သတင်းအချက်အလက်က အရမ်းကိုအရေးကြီးနေပါတယ်။ နိုင်ငံတစ်ကာ Social media တွေ မှာကြေငြာထားမထား နောက်ပီး community အဖွဲ့အစည်းက ကြီးမားလား လူတွေအများစုစိတ်ဝင်စားမှု ရှိလား နောက်ပီး error ဖြစ်ခဲ့ရင်တောင် complain ကို ဘယ်လိုပြန်လည်ဖြေရှင်းပေးသလဲ လူအများစုရဲ့ feedback , reply ဆိုတာတွေ အရမ်းကို အရေးကြီးတဲ့ အချက်တွေပါ။ ICO ကြောင့်ဆုံးရှုံးနစ်နာမှုတွေ အများစုမှာရှိကြပါတယ်။

အဲ့ပြဿနာတွေ ကိုရှောင်ရှားရလေအောင် သိသလောက်လေး မျှဝေပေးချင်ပါတယ်။

(၁) အဖွဲ့အစည်း အစစ်အမှန်ဟုတ်မဟုတ်

(၂) Whitepaper ရဲ့ အသေးစိတ်အချက်အလက်ကို လေ့လာပီး လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှုရှိမရှိ

(၃) Website ရဲ့ အရည်အသွေး နှင့် Marketing နည်းဗျုဟာ ကောင်းမကောင်း

(၄) ပွင့်လင်းမြင်သာမှုရှိမရှိ

(၅) admin အဖွဲ့အစည်းဘယ်သူတွေ ဆိုတာ ဖော်ပြမပြ (သို့) social media ဖြစ်တဲ့ Twitter, Linkin, Telegram မှာ သူတို့ project ကိုအသေးစိတ်နားလည်ဖို့ ဖြေရှင်းပေးတဲ့ အဖွဲ့အစည်း ရှိ မရှိ

(၆) အဖွဲ့အစည်း ကျောထောက်နောက်ခံ ဘာလဲ ဆိုတာရယ် ဒါတွေကို လေ့လာပီးမှသာ ရင်းနှီးမြုပ်နှံသင့်တယ်လို့ ထင်ပါတယ်။

အားလုံး 2018 မှာ ၀င်ငွေတွေ အဆပေါင်း များစွာရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Sort:  

အကို​ရေ အခုလက်​ရှိဘယ်​ ico coinကို ဝယ်​ထားသင့်​လဲ

အခုလောလောဆည်တော့ eth base ဖြစ်တဲ့ bit India နဲ့ birdchain ၀ယ်ထားပါတယ်။

This post has received a 0.21 % upvote from @buildawhale thanks to: @thatkozaw. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

ဝိုးမိုက်​တယ်​ဗျို့

မ​ရေးချင်​ဘူး မ​ရေးချင်​ဘူးနဲ့ ​ရေး​တော့လည်း​ကောင်းတာ

ခုမှလာမြှောက်မနေနဲ့ တကယ်ကို အများသိစေချင်တာ အများကြီးလဲ တူတူကြိုးစားရမယ်ဆိုတာသိတယ် ဇွဲမလျော့နဲ့

အများကြီးဆိုတာ က မြန်မာနိုင်ငံ က လူငယ်တွေ social media အများစုမှာ အချိန်ဖြုန်းနေကြလို့ ဒီလိုအကျိုးရှိရှိ အသုံးချနိုင်ဖို့ကို မြန်မာနိုင်ငံက လူငယ်တွေအများကြီးကိုသိစေချင်တယ် ။ တင်စေချင်တယ်လေ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 63001.43
ETH 3365.59
USDT 1.00
SBD 2.45