THE AUTHORS SHOWCASE OF C-SQUARED (Myanmar Language Showcase March 21st, 2019)

in #myanmar6 years ago (edited)

မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ @c-squared နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို

အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့ @c-squared က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လက်ရွေးစင် စာမူများ


c-squared myanmar 3.jpg


Author: @ayethatmon


ကြည့်​တတ်​သူတို့ မြင်​နိုင်​​စေ..


Image Source

ဒီတစ်ယောက်ကိုတော့ ကဗျာဆရာတွေထဲက ရွေးလိုက်ပါတယ်။ သူ့ရဲ့ကဗျာတွေက တစ်နေ့ထက်တစ်နေ့ပိုမိုကောင်းမွန်လာတယ်လို့ ခံစားမိပါတယ်။ တစ်ကယ်လဲ စာပေဝါသနာပါပြီးတော့ ဘာမှပိုက်ဆံမရပဲနဲ့တောင်မှာ စတီးမစ်မှာ စာတွေကို ဆက်လက်ရေးသားနေဆဲပဲ ဖြစ်ပါတယ်။ ဒီစာရေးသူကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုသင့်တယ်လို့ထင်ပါတယ်။

လူသတ်​လို့​သေရတဲ့ အသက်​ထက်​ စိတ်​သတ်​လို့ ​သေရတဲ့ ဘဝ​တွေက များသထက်​ များလာကြတယ်
ဒါ​ပေမဲ့ ဘယ်​မလဲ စိတ်​ကု​ဆေးဝါး...??? ​လောကကြီးကမာယာများတယ်​တဲ့ ... မတိကျ မခိုင်​မာတဲ့ စိတ်​ဓာတ်​​တွေ အလယ်​မှာ ကျရှုံးရတာ​တော့ ထည့်​မ​ပြော​တော့ဘူး.....
ငါ့ရဲ့ ဘဝနဲ့ ခန္ဓာဟာ ကြယ်​တာရာ တစ်​လုံးဖြစ်​ခဲ့မယ်​ဆိုရင်​ ငါ့ရဲ့စိတ်​ဟာ နက်​​စွေးတဲ့ ​ကောင်းကင်​ပြင်​ဖြစ်​မယ်​....

သူ့လိုမျိုးစိတ်ဓာတ်ခွန်အားကောင်းကောင်းနဲ့ ဇွဲမ လျှော့တမ်း ခရီးဆက်နေတဲ့သူတစ် ယောက်ကို commiunity အနေနဲ့ အသိအမှတ်ပြုပေးသင့်တယ်လို့ထင်ပါတယ်။


Author: @yuzana


စာအုပ်​အငှါးဆိုင်​​လေးဖွင့်​မိခြင်း


Image Source

ဒီပိုစ့်ကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ဖားကန့်မှာ စာအုပ်ဆိုင်ဖွင့်ဖြစ်တဲ့ အကြောင်းပါ။ ဗဟုသုတ ရစရာ အကြောင်းအရာ ဖြစ်လို့ ရွေးချယ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာက လမ်းပန်းဆက်သွယ်ရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်နေရာနဲ့ တစ်နေရာ ဈေအရမ်းကွာပါတယ်။ အခြားနိုင်ငံတွေဆို ဘယ်နေရာမှာပဲ ဝယ်ဝယ် ဈေးက အတူတူပါပဲ။ အဲဒီလို အတူတူဖြစ်နေအောင်ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ကျွန်​​တော်​ဒီပညာမတပ်​ခင်​က ဖားကန့်​ဆိုင်း​တောင်​​ကျောက်​စိမ်းတွင်းမှာ စာအုပ်​အငှါးဆိုင်​​လေးဖွင့်​ဖြစ်​တယ်​ဗျာ့၊ အဲ့ဒီစာအုပ်​အငှါးဆိုင်​ကလည်းစာ​ပေဝါသနာပါလို့ ဖွင့်​ဖြစ်​တယ်​လို့လဲမထင်​လိုက်​နဲ့ဗျာ့၊စီးပွား​ရေးလုပ်​တဲ့သ​ဘောတွက်​​ခြေကိုက်​လိုဖွင့်​မိတာပါ၊ ဖားကန်​ဖက်​သူငယ်​ချင်းနဲ့အလည်​လိုက်​သွား​တော့ အခုလိုမစည်​ကား​သေးပါဘူး ၊ကျီးလန့့်​စာစားပါ၊ အဲ့ဒီမှာစာအုပ်​အငှါးဆိုင်​​လေး​ဈေးထဲမှာဖွင့်​ထားတာကို​တွေလို့သွားငှါမိပါတယ်​၊ အဲ့ဒီ​ခေတ်​အ​ခြေအ​နေရ မသိတဲ့သူ​တွေကိုစ​ပေါ် ၂၀၀ိ​ပေးငှါးရပါတယ်​ တရက်​ဖတ်​ခက ၂၅ိပါ ၊အဲ့ဒီ​ခေတ်​အ​ခြေအ​နေအရအဲ့ဒီ​ငွေ​ကြေးကအလွန်​များပါတယ်​၊

တစ်နေရာနဲ့ တစ်နေရာ ဈေးနှုန်းမတူခြင်းဟာ ဝေးလံခေါင်းပါးဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် ထိခိုက်စေပါတယ်။ အများကြီး အကျိုးသက်ရောက်စေပါတယ်။


Author: @billionairehein


ချစ်ရာကို လုပ်... လုပ်ရာမှာ ပျေ


Image Source

ဒီပိုစ့်ကတော စိတ်ဓာတ်ခွန်အား တိုးစေတဲ့ ပိုစ့်ဖြစ်ပါတယ်။ လူတိုင်း လူတိုင်း မိမိတို့ နှစ်သက်ရာ အလုပ် မိမိကို ပျော်ရွင်စေတဲ့ အလုပ်ကို လုပ်ဖို့ လိုပါတယ်။ ဒါမှလဲ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် ခွန်အားသစ်တွေကို ရမှာ ဖြစ်ပါတယ်။ အလုပ်ကိုသာ အောင်မြင်အောင် လုပ်ပါ။ ငွေက နောက်က လိုက်လာပါလိမ့်မယ်။

မိမိလက်ရှိအလုပ်ကို ချစ်မြတ်နိုးပါ။
မိမိလုပ်နိုင်တာကို အာရုံစူးစိုက်လုပ်ဆောင်ပါ။

3 idiots ထဲမှာလဲ ဒီလိုပါပဲ။ ပိုက်ဆံများများရဖို့ အိမ်ကောင်းကောင်းနဲ့ နေရဖို့ အင်ဂျင်နီယာ အလုပ်ကို လုပ်ချင်ကြတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတော့ ဝါသနာ မပါပါဘူး။ ကိုယ်ဝါသနာပါရာကို လုပ်မှ အခက်အခဲတွေနဲ့ ကြုံလာတဲ့အချိန်မှာ ကြံ့ကြံခံနိုင်မှာ ဖြစ်ပါတယ်။ သူများလုပ်လို့ လိုက်မလုပ်ဖို့ လိုပါတယ်။


@c-squared ကလဲ witness အနေနဲ့

ဆောင်ရွက်တာကို ရေးသားထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ .

မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင်
@c-squared ကို witness အနေနဲ့ vote ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလင့်ခ်ကိုနှိပ်ပြီး vote ပေးလို့ရပါတယ်။



ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။

All rewards from this post will directly go to C2 Myanmar Curation team.

Sort:  

This post was shared in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Witness vote for @c-squared was done.

Posted using Partiko Android

Thanks for supporting myanmar community.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63287.47
ETH 2569.39
USDT 1.00
SBD 2.81