သို့... MSC ( What and Where? )
မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ကျွန်တော်တို့၏ MSC PROMOTION Post
Link ချခြင်းများမှာ 6-7 လောက် တတ်သွားလိုက်၊
2-3 သို့ ကျသွားလိုက်ဖြင့် Steem ဈေး ကဲ့သို့
USD 0.5 $ ကျော်သွားလိုက်၊ အောက်ရောက်လာလိုက်
ဖြစ်နေပါသည်။
အဘယ်သို့်ပင် ဆိုစေကာမူ Pro တင်နေသည့်
စာရေးသူများ ရှိနေသေးသလို DrugwarS game
ဖြင့် steem စုဆောင်းသူများလည်း ရှိနေသေး၍
MSC ဆက်လက်ရှင်သန်နေသည်ကို သိနိုင်သကဲ့သို့
Steem ဈေးအရလည်း Steemit ခိုင်မာမှုက
အတော်အတန် ရှိပေသေးသည်။
MSC အနေဖြင့် MSC Token ထုတ်ထားသည်လည်း
ရှိသည်။ သို့သော် အရောင်းအဝယ်ကား ပါးနေသေးသည်။
အကြောင်းမှာ ခေါင်းဆောင် ကိုဟင်နရီအောင် ထံမှ
MSC Token နှင့် ပတ်သက်၍ ဝယ်ယူစုဆောင်းသူတို့အား
မည်သို့ အကျိုးအမြတ် ဖြစ်ထွန်းနိုင်သည်ကို ချမပြသေး၍
သော်လည်းကောင်း၊ MSC Token အား ဘယ်လို
Platform ပေါ်မှာ Blockchain system လည်ပတ်
မည်ကို မသိကြသေး၍ သော်လည်းကောင်း၊ MSC
အဖွဲ့ဝင်တို့ သွေးအေးနေ၍ သော်လည်းကောင်း၊
Steem Enging ၌ Deposit and Withdraw
လုပ်ရာတွင် 1% Fee ပေးရသည်မှာ များ၍ သော်လည်းကောင်း၊
ဖြစ်နိုင်ပါသည်။
ယခုဆိုလျှင် 2019 ခုနှစ် လေးလပိုင်း လဝက်နီးပါး
ရှိနေပြီ ဖြစ်၍ MSC နှစ်နှစ်မြောက် တွေ့ဆုံပွဲကို
တောင်ကြီးမြို့ ၌ ကျင်းပရန် ရည်ရွယ်ချက် ရှိခဲ့သည်မှာ
အချိန် သိပ်မလိုတော့ပေ။
မနှစ်က Bagan Gathering ကဲ့သို့ အဖွဲ့ဝင် အင်အား
များပါဦးမည်လား?
Promotion Post တောင် တင်သူ နည်းပါးနေခြင်းကြောင့်
မျှော်လင့်ချက် များစွာ မထားနိုင်ပါ။
ခေါင်းဆောင် ကိုဟင်နရီအောင် ကိုယ်တိုင်ကရော
လာဖြစ်ပါဦးမလား?
သူသည်လည်း စလုံးမှ မြန်မာပြည် ပြန်လာရသည်မှာ
ကုန်ကြစရိတ်နှင့် အချိန် အတော်ပေးဆပ်ရပေမည်။
သို့်သော် လက်ထပ်ပြီး ပူပူနွေးနွေး ဇနီးချောလေးအား
တွေ့ဆုံရင်း တစ်ချက်ခုတ် နှစ်ချက်ပျက် သဘောမျိုးလည်း
လာနိုင်မည် ထင်ပါသည်။
ကျွန်တော်တို့ အဖွဲ့ဝင်တွေကရော ဘယ်သို့ ရှိကြပါစ?
ကျွန်တော်ကိုယ်တိုင်ကတော့ ယခုအချိန်ထိ
တွေ့ဆုံပွဲ တတ်ရောက်ဖို့ စိတ်ကူးထားဆဲ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ MSC နှင့်တကွ အဖွဲ့တော်သားများအား
အဘယ်သို့ Steem ခရီးကို ဆက်လျှောက်ကြပါဦးမည်လဲ
ဟု မေးခွန်းထုတ်ရင်း....
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....
MSC - 193
@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ကျေးဇူးပါဗျ
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Special Thank
Posted using Partiko Android
မေးခွန်းများ အတွေးများဖြင့် ပန်းတိုင်သို့ အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့...
Posted using Partiko Android
We are together, go go...
Posted using Partiko Android