သို့... MSC တောင်းပန်ပါသည်
မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ပြောင်း ပြောင်း ပြောင်း
ဘယ်လိုပင် ပြောင်းလဲဖို့ သူများကို တိုက်တွန်းနေသည်
ဖြစ်စေ... တိုက်တွန်းသူ ကိုယ်တိုင်ကရော ဘာတွေ
ပြောင်းလဲနေပြီမို့ပါလဲ။
စာရေးပါ စာရေးကြပါ စာရေးတင်ကြပါ
ဘယ်လောက်ပင် နှိုးဆော်နေပါသော်လည်း
နှိုးဆော်သူကိုယ်တိုင်ကရော ဘယ်လောက်ထိ
စာရေးဖြစ်နေလို့ပါလဲ။
အလုပ်တစ်ခု လုပ်ကြရအောင်
ဆိုနေသူကရော ဘာကို လုပ်ဖို့ ဘာတွေချပြနေလို့လဲ။
ယုံကြည်ပါ ယုံကြည်မှုရှိကြပါ
ဆိုမိသူကရော အခြားသူတွေနှင့် ကြုံနေရသောအခြေအနေ
အပေါ် ဘယ်လောက် ယုံကြည်ထားလို့ပါလဲ။
စည်းလုံးပါ ညီညွတ်ပါ
ဆိုပြန်ရင်လည်း ကိုယ်ကိုယ်တိုင်က ဘယ်အတိုင်းအတာထိ
လိုက်ပါပြီးခဲ့လဲ။
ခက်တော့ခက်သားကလားဗျာ...
ကျုပ်တို့ မြန်မာနိုင်ငံမှာက
စာရေးဆရာတွေ အများစုကလည်း အပြောနှင့်အရေး ပဲ
ဖြစ်ပြီး လက်တွေ့လုပ်ပြသူက အရှားသား....
ပြည်သူတွေကို ကြည့်ဦးမလား
ရှေ့က လုပ်ပြသူထက် နောက်ကလည်း မလိုက်
ဘေးတိုက်ဘုပြော လေသမားတွေပဲ အများသား မလား...
ကဲ...ဒီတော့ဗျာ
လွန်တာရှိ ဝန္ဒာမိပါပဲ...
ကျုပ်ကိုယ်တိုင်လည်း အပြောတွေ များခဲ့လေတော့
တောင်းပန်ပါတယ်ဗျာ...
ကျုပ်စာ ဖတ်မိသူတွေကို အလေးအနက် တောင်းပန်ပါတယ်ဗျာ ...
ဒီကစလို့ နောက်များတော့ဗျာ
ကျုပ်က မစဘဲ အစပြုဖို့ မပြောဘဲ နေတာ ကောင်းမယ် ထင်ပါတယ်။
ကျုပ်က မပြောင်းဘဲ...
ကျုပ်က မယုံဘဲ...
ကျုပ်က မစည်းလုံးဘဲ...
ကျုပ်က မညီညွတ်ဘဲ...
ကျုပ်က စ မကူညီဘဲ...
ကျုပ်က လက်တွေ့ လုပ်မပြဘဲ...
ဘယ်သူ့ဘယ်သူတွေကိုမှ ဘာမှ တိုက်တွန်းနှိုးဆော်
ပြောဆိုတာမျိုး မလုပ်တာပဲ ကောင်းမယ် ထင်ပါတယ်။
ကိုယ်က မပြောင်းဘဲ ကမ္ဘာကြီးကို ပြောင်းလဲချင်မိသူ ကျုပ်...
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193
စိတ်ရှည် ဇွဲရှိပါ ကိုဟိန်းရ အဆင်ပြေသွားမှာပါ
အဆင်ပြေသလို နေလာတာ ကြာတော့လည်း....
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Special Thank
Posted using Partiko Android
မြေစမ်း ခရမ်းပျိုးဖို့ ခရမ်းမျိုးစေ့ လိုက်ရှာနေပါတယ်
မျိုးစေ့က တွေ့ပြီး လေလွင့်သွားပြန်ပါပြီ😁😁
Posted using Partiko Android
အပြောင်းအလဲ တစ်ခုဖြစ်ဖို့အတွက် ဒီလိုအချိန်တွေကို ဖြတ်သန်းရတာ များသောအားဖြင့် သဘာဝဖြစ်စဉ်တစ်မျိုးပါ။ဒီအချိန် တွေကို ကျွန်တော်တို့ အားလုံး အတူတူ ဇွဲရှိရှိနဲ့ ကြိုးစားကြတာပေါ့။
Posted using Partiko Android
ပန်းတိုင်ရေရာဖို့တော့ လိုပါမယ်
Posted using Partiko Android