Steemit နှင့် ပတ်သက်၍ (၁)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့တော့ Steemit မှာ ကျွန်တော် လုပ်ဆောင်နေတဲ့
Activity လေးတွေကို ရေးပြချင်ပါတယ်။
image
ပထမတော့ Steemit ဆိုတာ ပုံလေးတွေနှင့်
စာရေး ပို့စ်တင် upvote ရလျှင် steem and sbd$
ဝင်ငွေလေးတွေ ရတဲ့ social media တစ်ခုဟု
ထင်ခဲ့ပါတယ်။
ထင်ခဲ့သလို လုပ်လာရင်း steemit အကြောင်း
ပိုသိလာသလို Game တွေနှင့် Project တွေပါ
တွေ့သိလာရပါတယ်။
Game ထဲမှာဆို #Super8BallClub ကို
ပထမဆုံး စ ကစားခဲ့ဖူးပါတယ်။ ထိုမှ steem and
Sbd$ အချို့ ရရှိခဲ့ပါတယ်။ ထိုဂိမ်းကို ဆက်ကစားချင်
ပါသော်လည်း ကစားဖက် ရှားပါ၍ မကစားဖြစ်တာ
အတော် ကြာပါပြီ။
image
အချို့သူတွေကတော့ #steemmoonstar game
ကို ကစားနေကြပါတယ်။
ခုလောလောဆယ် အချိန်မှာ ရေပန်းအစားဆုံးကတော့
#DrugwarS game ပါပဲ။ ထိုမှလည်း steem
ဝင်ငွေ အချို့ အမြတ်ရလို့ နေပါပြီ။
image
ဒီတော့ Steemit ဆိုတာ ပုံလေးတွေနှင့် စာရေး ပို့စ်တင်
ရုံ မကတော့ဘဲ Project အချို့ကနေ online earning
လုပ်နိုင်သလို၊ Game ဆော့ရင်းလည်း ဝင်ငွေ ရှာလို့
ရနိုင်ကြောင်း သိလာရပါတယ်။

ယခင် ၄..၅ လ လောက် မျှော်လင့်ခဲ့ကြတဲ့
SMTs ကတော့ သိပ် မသိရသေးပါဘူး။ ၎င်းနှင့်
ဆက်နွယ်သော Project တွေ Token ထုတ်လုပ်မှု
အချို့ကိုတော့ တွေ့သိရပါတယ်။ သို့သော်
အကျိုးခံစားခွင့် များများစားစားတော့ မရှိသေးပါဘူး။

2018 ခုနှစ် အစောပိုင်း လတွေက စလို့
ကျဆင်းလာခဲ့ steem and sbd$ ဈေးမှာ
2019 ခု အစတွင် 0.27 and 0.6 လောက်ထိ ကျဆင်းခဲ့ပြီး
ခုချိန်မှာတော့ လှုပ်စိလှုပ်စိဖြင့် 0.4 and 1 ကျော်လောက်
အတတ်ဘက် ရောက်လာခဲ့ပါတယ်။

ကျွန်တော်တို့တွေ မျှော်လင့်နေသော steem ရွှေခေတ်ကို
ရောက်နိုင်ပါဦးမလား။
တအိအိလေးဖြင့် မလုပ်သာ မစွန့်သာ အခြေအနေလေးပဲ
ရှိနေဦးမလား။
SMTs လွှင်တင်နိုင်ရင်တော့ Project တွေ Game
တွေ ပိုလှိုင်လာကာ ဝင်ငွေ ပိုကောင်းလာနိုင်မလား။
အတွေးများဖြင့်သာပါ...

Steemit အပေါ် မှီခိုနေရသော ဘဝ မဟုတ်ပေမယ့်လည်း
ကြိုးစားသမျှ အရာထင်ဖို့တော့ လိုမယ် မဟုတ်လားဗျာ...

ဒါကြောင့်သာပဲ....
Steemit မှာ ပို့စ်တွေလည်း ဆက်တင်နေပါတယ်။
အခြားသော နေရာတွေကလည်း steem တွေ
ရနိုင်သမျှ ရှာကြံမိပါတယ်။

ဒီလိုနဲ့ပါပဲ ကျွန်တော်ဟာ Steemit ဝေဒနာ တစ်ခု
စွဲကပ်နေခဲ့ပါပြီ။

မိတ်ဆွေတို့ရော ဘယ်လိုပါလဲ?

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....

MSC - 193

@billionairehein

Sort:  

We have just upvoted your post because we love drugwars!

Thank you, Nice to meet you.

Posted using Partiko Android

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးကျေးနော်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Special thanks

Posted using Partiko Android

မသိဘူး steemit မှာစာ ရေးမှာပဲ

ရေးလေ ရလေပေါ့ဗျာ

Posted using Partiko Android

စတင်းရွှေခေတ်ကို မြန်မြန်ရောက်ချင်လှပါဘိ အကိုရေ။

ရောက်တော့မယ်ဟေ့

Posted using Partiko Android

ဟုတ်ပါ့အစ်ကိုရေ ကိုယ်ကြိုးစားထားတာလေးတော့ အရာထင်ချင်ကြတာပဲလေ။ကျွန်တော်တို့လည်း steem ရောဂါလေးကတော့ အသေအချာကို အရာထင်စွဲကပ်နေပါပြီခင်ဗျာ။

Posted using Partiko Android

အင်း ကြည့်ကြပ်တော့ ဆက်လုပ်ရမှာပဲ
ဈေးကလေးက ကြွလာပြီ

Posted using Partiko Android

fighting!!!!

Fight နေပြီ

Posted using Partiko Android

fighting ပါဗျ

Posted using Partiko Android

ချနေပါတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71