ပါမောက္ခချုပ်ဆရာတော်ကြီး မွေးနေ့အလှူတော် ( ကောင်းမှုတော်စေတီ)

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဒီနေ့မှာလည်း စစ်ကိုင်းမြို့တော်၌ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
၏ သက်တော် ၇၉ နှစ်ပြည့် မွေးနေ့ အလှူတော်သို့
သွားရောက်ဖြစ်ခဲ့ပါတယ်။
ပါချုပ်ဆရာတော်ကြီး၏ မွေးနေ့အလှူတော်ပွဲ ကိုလည်း
ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး ၌မှာပဲ
ကျင်းပဖြစ်ခဲ့ပါတယ်။
image
ပါချုပ်ဆရာတော်ကြီးသည် မြန်မာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်၏
ပါမောက္ခချုပ် အဖြစ် သာသနနွယ်ဝင် ရဟန်းတော်တိုကို့
ပိဋကဒ် သုံးတန် ပို့ချပေးခဲ့သော၊ ဉာဏ်ရည် ထက်မြတ်
လွန်းသော၊ သီလသမာဓိနှင့် ပြည့်စုံတော်မူသော
နိုင်ငံကျော် ဆရာတော်ကြီးတစ်ပါး ဖြစ်ပေသည်။
image
ယမန့်နေ့က သီတဂူဆရာတော်ကြီး မွေးနေ့အလှူတော် မှာ
သံဃာတော် အပါး ၁၀၀၀ အား ဆွမ်း လှူဖွယ်ဝတ္ထုအစုစုတို့
ကို လောင်းလှူခဲ့သော်လည်း ယနေ့ ပါချုပ်ဆရာတော်ကြီး၏
မွေးနေ့အလှူတော် မှာကား သီလရှင်အပါး ၁၀၀၀ တို့အား
ဆွမ်းလှူဖွယ်အမျိုးအမည်စုံ လောင်းလှူခြင်း ဖြစ်ပါတယ်။
image
ဤသို့သော ပွဲမျိုးကို ကြည့်မြင်ရခြင်းဖြင့်
သဒ္ဒါမညှိုးတဲ့ မြန်မာတို့ရဲ့ စေတနာကို အထင်းသား
ပေါ်လွင်စေပါတယ်။
image
ပေး၍မကုန် လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့
ပြုံးပန်းဝေဆာနေကြတဲ့ အလှူရှင်များကို ရှုမြင်ရသည်မှာ
ပီတိဝေဆာ ကုသိုလ်တရား ပွားများကြရပေသည်။

သို့ဖြစ်ပါ၍ ကျွန်တော်သည်လည်း ဝေရာဝစ္စကုသိုလ်ပြုကာ
Steemit မှ မိတ်ဆွေအများ ကုသိုလ်စေတနာ
ပွားများစေကာ ကောင်းချီးဝေဖြာ သာဓုခေါ်နိုင်ကြစေဖို့ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူကာ တင်ပေးလိုက်ရပါကြောင်း ခင်ဗျာ....

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ် ကျေးကျေး

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for supporting

Posted using Partiko Android

ကြည်နူးစရာကောင်းတယ်ဗျာ သာဓု သာဓု သာဓု

ဦးထွေး တို့လည်း ရောက်ဖူး မဟုတ်လားဗျ

Posted using Partiko Android

သာဓု ​ခေါ်ပါတယ်​ ကိုဟိန်း ခင်​ဗျာ

Posted using Partiko Android

ကုသိုလ်ရပါစေ

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50