တွေနေသလား... တွေးနေသလား... လုပ်မလား... သေမလား...

in #myanmar8 years ago (edited)

မင်္ဂလာပါ ကဗျာချစ်သူ မိတ်ဆွေတို့ရေ...
ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်
ကြီးကြီးကျယ်ကျယ် အောင်မြင်တာ မရှိခဲ့သေးတော့
တွေးရင်း ငေးရင်း စဉ်းစားရင်း မှိုင်တွေရင်းဖြင့် ဤကဗျာကို
ရေးခဲ့မိပါသည်။ ဖတ်ရှုဝေဖန် အကြံပြုကြပါဦးဗျို့...
orca-image-1525080252758.jpg_1525080253001.jpeg
တွေနေသလား...တွေးနေသလား...လုပ်မလား...သေမလား...

မှားလား...မှန်လား...
မကွဲပြားသေးခင်
ရပ်တန့်လို့ မရသေးလို့
ဆက်လျှောက်ရဦးမယ်
အကွေ့တစ်ခုကို ရောက်တိုင်း
ရှေ့မှာ ဘာရှိမလဲ
ဘာတွေ တွေ့ရဦးမလဲ
မြင်နိုင်သလောက်ကြည့်
သိသလောက် ဆက်သွား
ခရီး ဘယ်လောက်ရောက်သွားပြီလဲ။

အတွေးအဆနှင့်စိတ်ကူး
ကျွန်ုပ် မရူးချင်သေးဘူး
ငေးရင်း တွေးရင်း
ကျွန်ုပ် ဘဝ ဒုက္ခလား
အို... ဘာဖြစ်ဖြစ်လေ
စိတ်မညစ်နဲ့
အတိတ် ခါးလား...
ပစ္စုပ္ပန် ခါးလား...
အနာဂတ် ခါးမလား...
ထားသွား... ပစ်သွား...
အမှိုက်အစအနများ
ဖောက်ပြန်မှုများ
ဗွေဆိုးဖောက်မှုများ
ဦးနှောက်ကို မညစ်ညမ်းစေနဲ့
အလွဲ မတွေးနဲ့
အစွဲ မတွေးနဲ့
လက်ရှိ လက်ငင်း မပျက်ယွင်းခင်
ချက်ချင်းပြင် ချက်ချင်းလုပ်...
တွေနေသလား... တွေးနေသလား...
စဉ်းစား စဉ်းစား...
အပျင်းများနှင့်ညည်းတွားပြီး
တွေနေသလား... တွေးနေသလား...
ဒါမှမဟုတ်...
လုပ်မလား... သေမလား...။ ။
:::::.....:::::.... ခက်ဝေ ....:::::....:::::
orca-image-1524928183696.jpg_1524928183895.jpeg
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....
With Kindness,
@billionairehein

Sort:  

ဖတ်လို့ကောင်းပါသည်

ကျေးဇူးတင်ပါသည်။

Do or die?
Do!

ကျွန်ုပ်ဆိုတဲ့နေရာတွေ မှားနေသလားလို့။

အင်း မှားနေတာ
ကျေးဇူးပဲ

အလည်လာသွားပါတယ် လောကကြီးကိုက အမှားအမှန် တွေဝေနေချိန်မရှိဘဲ ဆက်လျှောက်ကျရမှာပါဘဲ

ကျေးဇူးတင်ပါတယ်။ တွေဝေတာက မကောင်းမှန်းသိပေမယ့် ပြင်ရခက်ပါဘိဗျာ

ကျွန်​မက​တော့​တွေ​ဝေ​နေဖို့​တောင်​အချိန်​မရှိပါဘူးရှင်​။ရုန်းကန်​ရတာ​တွေများလွန်းလို့။

လုပ်တော့လုပ်နေရတာပါပဲ။ ဆုံးဖြတ်ချက်ကောင်းကောင်း မချနိုင်တာ ခက်တယ်...

ဖတ်လို့ကောင်းတယ် ကိုဟိန်းရေ

ကဗျာလေးလည်းအားပေးခဲ့ပြီကိုဟိန်းရေ
Proအတွက်ရောတင်ပြီးပြီလား

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 63931.39
ETH 1857.32
USDT 1.00
SBD 0.39