မေးခွန်းလေးအချို့ မေးမိပါသည်
... မင်္ဂလာပါ မိတ်ဆွေတို့ရေ...
Steemit ကတော့ ရသပေါင်းစုံ ရရှိနိုင်တဲ့ နေရာတစ်ခု
ပေပဲလား...
MSC က ပို ရသစုံလေသလား.....
ကျေနပ်တာတွေ၊ ပျော်ရွှင်တာတွေ...
မကျေနပ်တာတွေ၊ ဝမ်းနည်းတာတွေ...
ဝေဖန်မယ်...ငြင်းခုန်မယ်...
ချီးကျူးမယ်... လက်ခံသဘောတူမယ်...
ပေါက်တကရတွေ တွေ့ရမယ်၊ ဗဟုသုတတွေ ရမယ်...
ချစ်တာ၊ လွမ်းတာ၊ မုန်းတာက အစ...
အို... စုံလို့ စုံလို့...
အရာရာ ပေးစွမ်းနိုင်ပါပေတကား....
ဒါနဲ့ စကားမစပ်ဗျာ...
အရင်နေ့က @mahaw ရဲ့ ပို့စ် လေး ဖတ်ပြီး
အောက်ဆုံး စာကြောင်းလေးက ဘာတဲ့...
ရှူးး!"မျက်လုံးထဲမှာ MSC သမားတွေ ထေ့လုံး ငေါ့လုံးတွေနဲ့
ရန်ဖြစ်နေတာပဲ မြင်နေမိတယ်။
ဒီစာလေး ဖတ်လိုက်ရတော့...
ကိုယ်လည်း ဘယ်သူ့ကို ဘာတွေ ထေ့ငေါ့မိလဲပေါ့...
ပြန်စဉ်းစားမိပါရဲ့...
ဟုတ်ပဗျာ...ကိုယ်လည်း မထိတထိ ကလိသလို
စာလေးတွေ ရေးတင်ဖူးပါလား...
ကိုယ့်ဟာကိုယ်တော့ Steemit and MSC
ဘာတွေ ဘယ်လိုများ ရှေ့ဆက်မလဲ... ဘယ်သို့ တိုးတတ်
စည်းလုံး ညီညာအောင် လုပ်လို့ ရလေမလဲ ဆိုတဲ့
အတွေးဖြင့် တတ်သလို မှတ်သလို စာတွေ ရေးခဲ့တယ်
ယူဆမိခဲ့တာပါပဲ....
အပြောမတတ်တော့ ဆဲ သလို ဆိုတာမျိုး
အရေးမတတ်တော့ ထေ့သလို ငေါ့သလို သရော်သလို
များ ဖြစ်သွားလေသလား...
သေချာမသိတတ်တော့ပါဘူးဗျာ...
MSC မှာ ဘယ်သူတွေကိုမှ ထွက်သွားရဖို့ မမျှော်လင့်မိခဲ့တာ
တော့ ဘုရားစူး မိုးကြိုးပစ်ရစေရဲ့...
အဖွဲ့ဝင်တွေ ထွက်သွားလို့ ဘာအကျိုး ရှိမှာလဲ..
အကျိုးယုတ်ရုံသာပဲလေ...
လူများပြီး ပွဲစည်မှာ Vote/Comment တွေ များများ
ရပြီး SP လည်း တိုး ဝင်ငွေ ဖြိုးနိုင်တာ မဟုတ်လား...
ဒါနဲ့ နေပါဦး...စိတ်ကူးရတုန်း ထည့်ပြောရဦးမယ်...
Post တင် ငွေ ရချင်တာတော့ အမှန်ပဲဗျ😁
ကိုယ့်စိတ်ကို စိစစ်မိတာပါပဲ...
ဒီလိုတော့ မဟုတ်သေးပါဘူး...
ငပွကြီး ဝင်လုပ်ဦးမှ ဆိုကာ MSC New Chat ထဲ
ဝင်ပြီး အောက်ပါ မေးခွန်းလေးတွေ မေးခဲ့မိပါရဲ့ဗျာ...
Rule and regulation က ချမှတ်ထားတယ်
အခြေအနေအရ အဆင်ပြေသလို လုပ်နေကြတယ်
ဘယ်သူ့ ဘယ်သူမှ အပစ်ဆိုစရာ မရှိပါဘူး
နားလည်မှုနဲ့ပဲ ဆက်သွားကြမလား
ကျွန်တော်ကတော့ ဒီထဲမှာ ဘယ်သူ့ကိုမှ မကျေနပ်တာ မရှိပါဘူး
စည်းကမ်းလေးတွေ အတိုင်း ဆက်လက် လုပ်ဆောင်စေကြမလား
Copy post က လွဲရင် လက်ခံပေးနိုင်ကြမလား
V/M ပြဿနာ နားလည်ပေးနိုင်ကြမလား
ဘယ်အဖွဲ့နဲ့ ပေါင်းပေါင်း ကျေနပ်ကြမလား
အချင်းချင်း ပွင့်ပွင့်လင်းလင်း ရှိကြရင် ပိုကောင်းပါမယ်
ကျွန်တော် ကတော့ ဘယ်လို ဖြစ်ဖြစ် လိုက်လျောညီထွေ ရှိပါစေမယ်
Voting power ကို msc အဖွဲ့မှာ ကောင်းကောင်း သုံးပေးစေမလား
မိမိအတွက် အပြန်အလှန် vote ရရှိရေး အခြား အဖွဲ့များကို ပေးနေရတာဖြင့် ကုန်ဆုံးစေမလား
နယ်မြေသစ် ရှာဖွေနေကြမယ်ဆိုရင်....
ကိုယ့်မြေ ကိုယ့်ရေကို စွန့်ခွာကြသလို ဖြစ်မလား
MSC မှာကြတော့ Pro တင်မှ Vote /Comment လာမယ်...
အခြားအဖွဲ့ အခြားအကောင့်တွေကို စည်းရုံးရေး လိုက်ရှာ Vote/ Comment ပေးမယ် ဆို.. ဘယ်လို သဘောရကြပါမလဲ
ဒီလိုလေးတွေ မေးခဲ့မိတော့ ကိုဒွန်က အောက်ပါအတိုင်း
ပြန်ဖြေပေးပါတယ်...ကျေးဇူးပါ
MSC member တွေမှာ community အပေါ် ချစ်ခင် စိတ်ရှိတာကိုပဲ လိုလားတယ်။
ရှိလည်း ရှိကြမှာပါ။
စည်းကမ်း ချက်တွေ ထည့်ထားတာကလည်း စည်းလွတ် ဝါးလွတ် မဖြစ်ရအောင်လို့ပါ။
Community တခုမှာ
တယောက်နဲ့တယောက် နားလည်မှု ရှိဖို့က အရေးကြီးဆုံးပါ။
ကိုဒွန်
ကိုသက် ကလည်း အောက်ပါအတိုင်း တင်ပြပါတယ်...
ကျေးဇူးပါပဲ...
နောက်ခုခု တင်ပြစကားပြောစရာလိုရင် အစည်းဝေးလုပ်မယ်ဆိုပီး တောင်းတာကောင်းတယ်
အစည်းဝေးကိုလည်း admin သာလုပ်တယ်ဆိုတာမျိုး မဖြစ်ပဲ အဖွဲ့သားများ တင်ပြချင်သော plan ရှိရင် စည်းဝေးတိုင်ပင်ကြမယ်လေ
ကသက်
ကဲ...ဒီတော့ဗျာ...
အခြား မိတ်ဆွေ အဖွဲ့ဝင်တွေကရော...
ဘာတွေ ဘယ်လိုများ ဖြည့်စွက်ပြောကြားပါဦးမလဲ...
စောင့်မျှော်လျက်ပါဗျာ😁😁😁
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193
@billionairehein
အတူတူကြိုးစား ဖြေရှင်းကြတာပေါ့ ကိုဟိန်း။ကိုဟိန်းရင်ထဲက MSC ကို ချစ်တဲ့စိတ် မြင်နေရပါတယ်ဗျာ ။ဘယ် ပြဿနာမဆို အေ ဖြရှိပါတယ် ။စကားပုံရှိပါတယ် ။ရိုင်းတယ်လို့တော့ မထင်ပါနဲ့၊ဘာ ကွဲရင် ကျားဆွဲ ဆိုတာရှိပါတယ် ။ကျွန်တော်တို့က ခလေးတွေမဟုတ်ပါဘူး ။
ကလေးဆိုးကြီးများ ပေါင်းဖွဲ့ဆောင်ရွက်ကြမည်😁😁
Posted using Partiko Android
ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောပြလိုက်ကြပါကွယ်ရို့
ဦးထွေးလည်း ပြောပေးပါဦးဗျာ
Posted using Partiko Android
အဟား မိုက်တယ်
ပိုစ်တခုရတာပေါ့ဗျာ
ဒီလိုပဲ လုပ်တတ်ရမယ်လေ😁😁😁
Posted using Partiko Android
mscနဲ့လျှောက်လှမ်းခဲ့တာ တစ်နှစ်ပြည့်တော့မယ် အားလုံးအပေါ် မိသားစုလိုပါဘဲ တစ်ခါတစ်လေ ဒဲ့ပြောတက်တော့ နားလည်ပေးကျပါ အရင်ထဲက မိသားစုတွေ သဘောထား မတိုက်ဆိုင်လို့ဘဲ ဖြစ်ဖြစ် စည်းကမ်းဖောက်ဖျက်လို့ဘဲ ဖြစ်ဖြစ် ထွက်သွားကျတဲ့အခါ စိတ်မကောင်းတကယ် ဖြစ်မိပါတယ် ကိုယ့်အဖွဲ့ဘဲ v &m ပေးရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်မျိုးတော့ လက်ကိုင်မထားနိုင်တာ အမှန်ပါဘဲ ဒါပေမဲ့ proတင်တဲ့ ပိုလ့်တွေကိုတော့ ဦးစားပေး v ပေးတာမျိုးရှိပါတယ် ကျန်တာကတော့ စာပေကောင်းရေးနိုင်တဲ့ သူဆီ သွားပါတယ်။
Posted using Partiko Android
ဖြစ်သင့်ပါတယ်...မစုရေ...ခုလို မေးရတာလည်း လမ်း ပိုဖွင့်ပေးစေချင်တဲ့ သဘောပါဗျ
Posted using Partiko Android
ဘာမှ ဖြေတော့ဘူးနော် ခ်ခ်
စိတ်ထဲ ရှိတာ ဗြောင်ပြောဦးမှပေါ့ဟ 😁😁
Posted using Partiko Android
ကျွန်တော်တို့က အဖွဲ့ပုံစံနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဖူးဗျ။ curation လုပ်ပေးတဲ့ပုံစံနဲ့ပဲဖွဲ့စည်းထားတားပါ။ upvote, ment မပေးလို့လဲ ဘာမှမဖြစ်ပါဘူး။ လောလောဆယ် အဖွဲ့ဆိုလို့ MSU တစ်ခုထဲပဲရှိတာလေ။ MSU နဲ့ပေါင်းမပေါင်းဆိုတာကတော့......
Voting တစ်ခုပဲ ပြဿနာရှိတာပါ။ comment ကတော့ ကိုယ့်မှာ RC ရှိနေတယ် ဆိုရင် ပေးလို့ရတာပဲလေ။ အပြင်က လူတွေနဲ့ ထိတွေ့ဖြစ်တာက ပိုကောင်းတယ် လို့ထင်ပါတယ်။ ပိုက်ဆံပိုမြင်ရတော့ပိုအားရှိတာပေါ့ဗျာ။ တစ်ခုတော့ မရှင်းဘူးဗျ။ Curie က ဆက်မပံ့ပိုးပေးတော့မဲ့အချိန်အတွက် ရည်ရွယ်ပြီး လုပ်နေတယ် ဆိုရင် ပြင်ပက လူတွေနဲ့ ပိုဆက်ဆံသင့်တယ် မဟုတ်ဖူးလား(အခြားနိုင်ငံက လူတွေကိုပြောတာပါ) အခြား dapps တွေ ကိုလဲ အသုံးပြုသင့်တယ် လို့ထင်ပါတယ်။ အခုလိုမျိုး ကိုယ့်ဘာသာကိုယ့် အုပ်စုအတွင်းမှာပဲ vote ပေးနေရင် curie က ဆက်ပံ့ပိုးမပေးတော့တဲ့အချိန်မှာ ရပ်တည်နိုင်ပါ့မလား။
သူများကို vote မပေးချင်ဘူး။ ကိုယ့်အုပ်စုအတွင်းမှာပဲ vote စေချင်တယ်။ အိုကေပါ။ comment ကရော....
comment ပေးရုံနဲ့ Steem/SBD ရနိုင်တဲ့နေရာတွေရှိပါတယ်။ Vote ကို Trailing လုပ်ခိုင်ရင်ရော၊ comment ပေးရင် ဆုကြေးပေးတဲ့ ပြိုင်ပွဲလိုမျိုး ဖန်တီးပေးရင်ရော။ ဒါဆိုရင် comment ပေးတဲ့ ပမာဏ တက်လာနိုင်မလား။ အခိျု့လူတွေကတော့ vote ment မှန်မှန်ပေးပါတယ်။ အခိျု့လူတွေကတော့ မပေးဘူး။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ အဖြေရှာဖို့လိုမယ်လို့ထင်ပါတယ်။ အများအားဖြင့် steemit မှာ အနေကြာလာတဲ့သူတွေကတော့ vote ment မှန်မှန်ပေးသွားပါတယ်။ Steemit ကို စွဲနေတဲ့သူတွေပေါ့ဗျာ။
Curie (Original) မှာ သူ curate လုပ်ထားတဲ့ပိုစ့်တွေကို comment ပေးရင် ဆုကြေးပေးပါတယ်။ E လိုတော့ ပေးရတာပေါ့ဗျာ။ MSC မှာရော အဲ့ဒါမျိုးလုပ်လို့မရဘူးလား။ အကြံပေးကြည့်တာပါ။
https://steemit.com/myanmar/@billionairehein/reply-to-comment-of-mmunited-p1caw6m3
Steemit platform သည် တစ်ဦးတစ်ယောက်ကောင်း ရပ်တည်လို့ မဖြစ်သောကြောင့် မိတ်ဆွေ အပေါင်းအသင်း follower များစွာ ရှိသင့်သည်ကို ယုံကြည်လက်ခံပါသည်။
မိမိအကောင့်၏ Vote/ comment ပေးနိုင်စွမ်း အပေါ် မူတည်၍ မြန်မာအချင်းချင်း အပြန်အလှန် ဆက်ဆံ လုပ်ဆောင်ကြဖို့ အရေးကြီးပါသည်။
မြန်မာအချင်းချင်း သီးသန့် အဖွဲ့ခွဲတွေ ဖြစ်နေသည်မှာ
ဦးဆောင်သူများနှင့် အဖွဲ့ဝင်များ စိတ်ဓာတ် မညီညွတ်ခြင်းကြောင့် လည်းကောင်း၊ သူတလူ ငါတမင်း ဖြစ်ချင်သောကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်။
Curie သည် Steemit platform ခိုင်မာတည်တံ့ရေးနှင့် Community တွေ တိုးတတ်ဖို့ အကူအညီ ပေးနေခြင်း ဖြစ်ပေမည်။ သို့ဖြစ်၍ ကျွန်တော်တို့
Community သည်လည်း Progress ကို တင်ပြနိုင်ဖို လိုပေမည်။ ထိုသို့ မဟုတ်မူကား Curie လည်း တစ်သက်တာ ကူညီနိုင်မည် မဟုတ်သလို Community သည်လည်း ပြိုကွဲနိုင်ပေသည်။
မိမိအတွက် အကျိုးတစ်စုံတစ်ရာ ပြုနိုင်သော Dapps တွေကို လေ့လာ အသုံးပြု လုပ်ဆောင်သင့်ပါသည်။
အားလုံးကို ပြေလည်တိုးတတ်စေချင်ပါသည်😁😁😁
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank for your support
Posted using Partiko Android
မှန်ပါတယ်။မန်ဘာတွေရဲ့ အိုင်ဒီယာလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်လုပ်ဆောင်သင့်ပါတယ်။
ဒါပေါ့ ညီရေ... ဘယ်လို ဘယ်ပုံ ပိုကောင်းနိုင်မလဲ သူ့အမြင် ကိုယ့်အမြင် ပြောပြသင့်ကြတာပေါ့
Posted using Partiko Android
သိဝူးဂျာ😁😁
Posted using Partiko Android
သိရဲ့သားနဲ့ခွယ်😁😁
Posted using Partiko Android
သားတို့ကတော့ လူကြီးတွေ စီစဉ်တာပဲ လက်ခံတော့မယ် 😁😁
Posted using Partiko Android
သားလည်း လူကြီးဖြစ်နေပြီပဲဟာကို😁😁
Posted using Partiko Android
😁😁 ဟုတ်ပ
Posted using Partiko Android