အားကျ စရာကုသိုလ်

in #myanmar6 years ago

ဒီနေ့ fbမှာတက်လာတဲ့postတစ်ခုကြောင့်အားကျ အတုယူစရာလည်းဖြစ်ပြီးစိတ်ကိုကြည်နူးပြီးသာဓုခေါ်ဖြစ်ခဲ့ပါတယ်။သာဓုခေါ်ရတယ်ဆိုတာနဲ့ရွှေ ငွေအမြောက်အများလှူ ဒါန်းတာ ဘုရား သိမ်ကျောင်းဆောက်လုပ်လှူ ဒါန်းတာတွေ့လို့ မဟုတ်ပါ သူငယ်ပြန်နေသော၉၇အရွယ်အမေအိုကြီးကိုအစာ မဝင် ဝင်အောင်ငယ်ငယ်ကသင်ခဲ့ရတဲ့ တို့ မေမေ ဆိုတဲ့ကဗျာလေးတွေ သီချင်းလေးတွေကိုဆိုပေးရင်းနဲ့အစာကိုဝင်အောင်ကျွေးမွေးပြု စုနေတဲ့vedio file post လေးတစ်ခုပါ။FB_IMG_1528416434646.jpg
သူငယ်ပြန်နေတဲ့မိခင်၏ဝေယျာဝစ္စအားလုံးပြုလုပ်ပေးနေရတာဟာနည်းတဲ့ကုသိုလ်မဟုတ်တဲ့အတွက်အားကျစရာပါ ။လူတိုင်းနီးပါးမိဘကိုအမြဲမပြုစုနိုင်ကြပါ။
မိဘတွေသက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်မငြို ငြင်ဘဲကျွေးမွေးပြု စုကြပါ အစားပြန်မရနိုင်တဲ့အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များပါ။ နေ့ စဉ်အမြဲ့မပြတ်ရမည့်မဟာကုသိုလ်ကြီးကကိုယ့်ရဲ့အနီးလက်တစ်ကမ်းမှာရှိနေတာကိုသတိရစေချင်ပါတယ်။
မိဘတွေကိုဘယ်လောက်ပဲကျွေးမွေးပြု စုချင်ပေမဲ့မိဘမရှိတော့တဲ့ကျွန်မအတွက်တော့အဲ့ဒီကုသိုလ်မျိုးမရနိုင်တော့ပါ။အဲ့ဒါကြောင့်မိခင်ကိုပြု စုနေတဲ့အားကျစရာမြင်ကွင်းကိုမြင်လိုက်ရတဲ့အတွက်ကြည်နူးပြီးသာဓုခေါ်ဆိုခြင်းဖြစ်ပါတယ်။

photo-crd-org-source

Author-AyeAyeThaw

Sort:  

အဖိုးမဖြတ်နိုင်သောအမေ

ဟုတ်ပါတယ်ရှင့်အစားပြန်မရနိုင်တဲ့အမေ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59209.84
ETH 2659.93
USDT 1.00
SBD 2.43