" သစ်ရွက်ကလေးရဲ့ ဆန္ဒ "

in #myanmar7 years ago (edited)

စီးချင်းတိုက်ပွဲတွေ ရှိနေရတာက
ဆန့်ကျင်ဘက် အမြင်မတူတာ ရှိလို့ဖြစ်မှာပါ။
စီးချင်းထိုးကြပြီဆိုမှဖြင့် သူ့ဘက် ကိုယ့်ဘက်
မင်းပရိသတ် အစုံလင်နဲ့။
သူနိုင် ကိုယ်နိုင်အပြိုင်နွှဲတဲ့ ဒီပွဲက
ပွဲရှုသူ ပရိတ်သူကို ရသတစ်ခု ဖြစ်အောင်
ညှို့ယူဖမ်းစားစေနိုင်ခဲ့ပြီလား။
ဒီပွဲရဲ့ ဆုများရှင်က ဘယ်သူဖြစ်လေမလဲ။

နွေရဲ့ပုံဆောင်ခဲနှင့် အလားသဏ္ဌန်တူတဲ့ ဒီစီးချင်းမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်
ဆုံးဖြတ်ကြမှက ပရိတ်သတ်လား သူတို့ကိုယ်တိုင်လား။

အခွင့်သာလို့ တောင်းဆိုခွင့်ရခဲ့မယ်ဆိုရင် ( သစ်ရွက်ကလေး တစ်ရွက်ဖြစ်တဲ့ ) ငါ တောင်းဆိုလိုက်ချင်တယ်။
ခြောက်သွေ့တဲ့ ရွက်ဟောင်းတွေကြားမှာ နုပျိုမှုတွေ ပြန်ရဖို့ လေပြေရယ် လာပါတော့လို့။
52358-autumn-leaves-on-the-ground-features.jpg

Image source
Author>>>@aungzawhtwe

MSC : 014

Sort:  

ကျေးဇူးပါ။

လာတော့မှာပါ. လေပြေက
မိုးတွေရွာုပီးရင်.. လေပြေရယ် ပန်ရနံတွေရယ်. လိပ်ပြာတွေရယ်.. လာတော့မှာ😃😃.

လာရင်ကောင်းတာပေါ့။

သံစဉ်‌‌တွေကြမ်း‌တော့ ‌ကျေးငှက်‌‌လေး‌တွေ လန့်‌ကုန်‌ပြီ။‌ဖြေးညှင်းစွာတီးခတ်‌ပါကို‌ထွေး။တိုက်‌ပွဲဆိုတာ ဘယ်‌တိုက်‌ပွဲမှ မ‌ကောင်းပါဘူး။

တိုက်ပွဲက ဘယ်တိုက်ပွဲမှ မကောင်းပေမဲ့ လိုက်ပွဲဆိုတာတော့ ကောင်းတယ်ဗျ။😁😁😁

အိုက်(စ်)

အိုက်ရင် ရေချိုးပါလေ။

ပန်းရယ်လည်းဝေချင်ဝေ၊ နွမ်းနယ်လည်းကြွေချင်ကြွေ
ဝေမလို ကြွေမလိုနဲ့ နေညိုညိုညနေချမ်းမှာ
ပန်းတွေကဖျော့

good တယ်ဆရာ။👍👍👍👍👍

မနက်ဖြန်ဆိုတာ အမြဲရှိနေလို့ တစ်နေ့နေ့မှာတော့
လေပြေ ရောက်လာခဲ့မယ်လို့ ထင်ပါတယ်

ဟုတ် တနေ့တော့ ရောက်လာမှာပါ။

စီးချင်းထိုးတာ ဂလိုလား

ဟုတ်မယ်ထင်တယ် 😁😁😁😁😁

Coin Marketplace

STEEM 0.29
TRX 0.26
JST 0.039
BTC 94958.92
ETH 3396.60
USDT 1.00
SBD 3.40