ဟင်းချိုမှုန့် ကုန်သည်
ကျွန်တော် လိုင်ဇာနယ်စပ်မြို့ကလေးမှာ နို့ဆီဗူးခွံတွေ အရင်းနီးပါးဈေးနဲ့ ရောင်းလို့ပြီးသွားချိန်မှာတော့ သူများတွေ ဘယ်လိုလုပ်ကိုင်စားသောက်နေကြလည်း နည်းနည်းလိုက်စပ်စုမိတယ်ဗျ။ လိုင်ဇာဆိုတာ နပ်စပ်မြို့လေး ဆိုတော့ ချောင်းကိုဖြတ်ကူးတဲ့ တံတားလေးကိုပဲ ဟိုဘက် ဒီဘက် အပိုင်နယ်နိမိတ်အဖြစ် သတ်မှတ်ထားတယ်။ တံတားရဲ့ ဟိုဘက်အခြမ်းက တရုတ်ပိုင်ဖြစ်ပြီး ဒီဘက်အခြမ်းကတော့ မြန်မာပိုင်ပေါ့။
ဟိုဘက်တရုတ်ပိုင်တဲ့ အခြမ်းဘက်ကို အလည်သွားခြင်တယ်ဆိုရင် passport သို့မဟုတ် ခုနှစ်ရက်စာ နေထိုင်ခွင့် စာရွက်ကလေးလုပ်ရတယ်။ တရုတ်က ကြီးကျယ်တယ်ခင်ဗျ သူ့ဘက်ခြမ်းတဲ့သွားလာချင်တဲ့သူတွေကို တံတားထိပ်အဝင်ဝမှာတင် ခြေထောက်နဲ့ ဖိနပ်ကို ပိုးသတ်ဆေးနဲ့ ဖျန်းသေးတယ်။ မြန်မာပြည်က ပိုးတွေသူ့နိုင်ငံထဲ မကူးစေချင်လို့တဲ့။ ပိုးတွေသာ မကူးစေချင်တာ သယံဇာတတွေကျတော့ ဝါးမြိုသွားတာ ပြုတ်ပြုတ်ပြုန်းခါနီးနေပြီ။ အဲဒါတွေထားလိုက်ပါတော့။
တရုတ်ဘက်အခြမ်းထဲ လျောက်သွားပြီး ညနေမှ မြန်မာဘက်အခြမ်းထဲ ပြန်လာခဲ့တယ်။ အမှန်က လိုင်ဇာ နဲ့ မြစ်ကြီးနားက နေ့ချင်းပြန်သွားလို့ရပါတယ်။ စပ်စပ်စုစု လုပ်ချင်တဲ့ ကျွန်တော်က တစ်ညအိပ်နေဖို့ စိတ်ကူးပြီး တည်းခိုခန်းတစ်ခု ငှားလိုက်ပါတယ်။ ရေမိုးချိုးပြီး နည်းနည်းမှောင်တာနဲ့ တစ်ခုခုစားဖို့ တည်းခိုခန်းအပြင် ထွက်ခဲ့လိုက်တော့ လား လား တရုတ်မလေးတွေ အများကြီးပဲ လမ်းဘေးတွေမှာ ဘာရောင်းနေတယ်ထင်လဲ။ " အားတီ အားပေးဦးလေး ယူဦးလေ တစ်ထောင်ဖိုးကို ဆယ်ပြား ဆယ်ပြား " နဲ့ အော်ရောင်းနေတယ်။
ဘာရောင်းနေတယ် ထင်လဲ စိတ်ကြွရူးသွပ်ဆေးပြား လို့ ခေါ်တဲ့ ရာမ တွေကို ကျွန်တော်တို့ ဆီမှာ ကန်စွန်းရွက် ဟင်းရွက်ရောင်းသလို ရောင်းနေတာပါပဲ။ တရုတ်ရဲ တွေဘာတွေလာရင်တော့ ခဏရှောင်ပြေးကြပြီး ပြီးရင် ပြန်ရောက်လာပြီး ရောင်းကြတာပဲ ။ နပ်စပ်ဆိုတော့ ထိရောက်တဲ့ အုပ်ချုပ်ရေးမရှိသလို လုပ်စားခွင့် တမင်ပြု ထားတယ်လို့ ယူဆ ရတာပါပဲ။
နောက်ရက်ကျတော့ မြစ်ကြီးနားကနေ လိုင်ဇာကို လာပြီးဈေးဝယ်ကြသူတွေ ကို လေ့လာကြည့်တော့ သူတို့က တရုတ်ကထွက်တဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ အာလူး စတဲ့ ဟာတွေ နဲ့ တရုတ်ကလုပ်တဲ့အဝတ်အထည်တွေ တစ်ခြားပစ္စည်းတွေကို မြစ်ကြီးနားကို သယ်ပြီးရောင်းကြတာခင်ဗျ။ အဲဒီပစ္စည်းတွေ ကြားထဲမှာ ဟင်းချို မှုန့်တွေ အိမ်ရိုက်သံတွေ ကို ဖွက်ပြီး ဝှက်ပြီး ထုပ်ပိုးနေကြတာ တွေ့လိုက်ရတော့ စိတ်ဝင်စားသွားမိတယ်။ အဲဒါတွေက တရားဝင်ပစ္စည်း မဟုတ်လို့ အခုလို ဝှက်သယ်ရတာပါတဲ့။
ကျွန်တော်လည်း မှောင်ခို လုပ်ရမယ်ဆို စိတ်ဝင်စားတတ်သူ ပီပီ အဲဒီအဖွဲ့နဲ့ ခင်မင်မှုရအောင် စကားတွေဖောင်ဖွဲ့ပြီး မေးမြန်းစုံစမ်းကြည့်တော့ ဟင်းချိုမှုန့် တွေက ဂိတ်တွေကနေ လွတ်လို့ မြစ်ကြီးနားကို ရောက်သွားပြီးရင် သုံးဆလောက် မြတ်တာတဲ့ ခင်ဗျ။ ဒါနဲ့ ကျွန်တော်လည်း မြစ်ကြီးနားကို လက်ချည်းပဲ မပြန်ချင်တော့ဘူး ပါလာတဲ့ ပိုက်ဆံလေးရယ် တန်ဖိုးကြီးလှတဲ့ နို့ဆီဗူးခွံ ရောင်းထားတဲ့ ပိုက်ဆံလေးရယ် ပေါင်းပြီး ကြက်သွန်ဖြူ အချိန် အစိတ်ပါတဲ့ အိတ်သုံးဆယ်လောက် ရယ် ဟင်းချို့မှုန့် အထုပ်တွေရယ် ဝယ်ပြီး ကြက်သွန်အိတ်တွေကြား ဟင်းချိုမှုန့် အထုပ်တွေဝှက်သယ်လာပြီး မြစ်ကြီးနားကို ပြန်ခဲ့လိုက်တယ်။
မြစ်ကြီးနားနဲ့ လိုင်ဇာ အကြားမှာ စစ်ဆေးရေးဂိတ် သုံးခုလောက် ရှိတယ်ဗျ။ ထမင်းစား ခရီးတစ်ထောက်နား တဲ့ နမ်ဆန်ယန် ဆိုတဲ့ ရွာကလေးမှာ တစ်ဂိတ် ဝိုင်းမော် မြို့အထွက်မှာ တစ်ဂိတ်နဲ့ မြစ်ကြီးနာ့ ဗလမင်းထင် တံတားထိပ်မှာ တစ်ဂိတ်ပေါ့။ အဲဒီဂိတ်တွေ အားလုံးကို ကျော်ပြီးရင်တော့ ပါလာတဲ့ပစ္စည်းတွေဟာ ရွှေပဲ။
ကျွန်တော် အဲဒီအခေါက်က လွတ်သွားပြီး ချောချောမောမောပဲ ခင်ဗျ။ ကြက်သွန်ဖြူတွေကတော့ တစ်အိတ်မှ နည်းနည်းပဲ မြတ်တယ်။ အရင်းပဲ ပြန်ရတောင် ကိစ္စမရှိဘူး။ ဟင်းချိုမှုန့်တွေကတော့ တစ်ထုပ်နှစ်ရာလောက်ပဲ ဝယ်ခဲ့ရပေမဲ့ မြစ်ကြီးနားက ဆိုင်တွေကို ပြန်သွင်းတာ တစ်ထုပ်ကို ခွန်နှစ်ရာ ရှစ်ရာထိ ရတော့ တော်တော်မြတ်တယ် ခေါ်ရမယ်။
အဲ့ဒီတစ်ခေါက်တည်းနဲ့ ကျွန်တော် တော်တော်အမြတ်ထွက်သွားပြီး နှစ်ရက်ခြား တစ်ခါ ဆိုသလို လိုင်ဇာကိုသွားသွားပြီး အိမ်ရိုက်သံ ရယ် ဟင်းချိုမှုန့် ရယ် ကို တစ်ခြားပစ္စည်းတွေနဲ့ ရောသယ်ပြီး မှောင်ခို ကူးနေခဲ့တယ် ဆိုပါတော့။ နှစ်လလောက် လုပ်လိုက်တော့ ကျွန်တော့်လက်ထဲမှာ တစ်ခါသယ်ရင် ကားနှစ်စီး တိုက်စာလောက် သယ်နိုင်လောက်တဲ့အရင်းနှီးလေး ရလာခဲ့တယ် ဆိုပါတော့။
ကျွန်တော် ဆုံးဖြတ်လိုက်တယ် ဒီတစ်ခေါက်သယ်ပြီးရင် နားပြီး တစ်ခြားစီးပွားရေးပဲ လုပ်တော့မယ် စိတ်ကူးပြီး ကားနှစ်စီးစာ ဟင်းချိုမှုန့် နှင့် အိမ်ရိုက်သံ တွေကို တစ်ခြားပစ္စည်းတွေနဲ့ ရောပြီး သယ်လာခဲ့တယ်။ လက်ထဲ ရှိသမျှ ပိုက်ဆံ ပုံအောလိုက်တော့တာပဲ။ လွတ်ရင် ကျွန်တော် ရာပိုင်းကိုင်နိုင် ပြီလေ။ အဲဒီခေတ်က ဗင်ကားတစ်စီးမှ သိန်းရှစ်ဆယ်လောက်ပဲ ရှိသေးတဲ့ခေတ်လေ။ ပစ္စည်းတွေကို ကားနှစ်စီးပေါ် တင်ပေးလိုက်ပြီး ကျွန်တော်က တစ်ခြားကားကို စီးပြီးပြန်ခဲ့လိုက်တယ်။
ကံဆိုးခြင်းက အဲဒီမှာ စတာပါပဲ။ ကျွန်တော်မြစ်ကြီးနား ရောက်ပြီး အချိန်အတော်အကြာတဲ့အထိ ကားနှစ်စီးက ရောက်မလာသေးဘူး။ ညနေစောင်းတော့ သတင်းက ကြားရပြီ။ ကားနှစ်စီးလုံး ဝိုင်းမော် ဂိတ်မှာ အစစ်ခံရပြီး မှောင်ခိုသယ်လာတဲ့ ဟာတွေ အကုန်မိကုန်လို့ အဖမ်းခံလိုက်ရပြီတဲ့။ တစ်သက်လုံး မွေးလာတဲ့ကြက် တစ်မနက်ခင်းတည်းနဲ့ ရိုက်သတ် ဆိုသလို ကျွန်တော် ရှာထားတဲ့ ပိုက်ဆံလေး အကုန် အဲဒီထဲ ပုံအောလိုက်တဲ့ အခေါက် မိသွားတာ ကျွန်တော်လည်း မွဲပြာကျ ပြီး လက်ချည်းသာ ကျန်ခဲ့ပါတော့တယ်။
Photos Credit >>>Google
Author>>>@aungzawhtwe
MSC : 014
နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုပြီး ၀ုန်းလိုက်မှပဲ ဖြစ်ရတယ်လို့။အဲ့တုန်းကသာ လွတ်သွားရင် အေးဆေးပဲနော်။
လွတ်သွားရင်တော့ အေးဆေးပေါ့ဗျာ။
ကြက်တွေလည်း ရိုက်သတ်စားနေတာ အတော်များနေပြီနော် မမုန်းသေးဘူးလား
This comment has received a 0.15 % upvote from @speedvoter thanks to: @sawlwin.
မုန်းပါဘူးစားလို့ကောင်းတယ်လေ။
ရွှေကူလားရောင်းပါ အားပေးမယ် ဒီမယ်ဘူမှဖမ်းဘူး
အဲမှာမဖမ်းဘူး လမ်းကြောမှာဖမ်းတာလေ။
အဲဒါပြောတာပေါ့ လောဘကျောကပ်တော့ အချီကြီးလုပ်မှမိတာပေါ့။နည်းနည်းတုန်းက နည်းလို့လွတ်တာ များတော့သိသာသွားလို့နေမှာပေါ့ ။အော် လောဘ လောဘ hee hee!
ဟုတ်ပ အဲဒီတစ်ခေါက်လွတ်ရင်လည်း ထောပြီဗျ။
ကိုထွေး ဒီတစ်ခါ တစ်ခုခု လုပ်ရင် ပြောဦး။ရှောင်ထားလို့ ရအောင်။ဟဲ ဟဲ။
ရှောင်နိုင်အောင် ကြိုမေးထားတာပေါ့လေ ဟားး
ဒီလိုပဲဗျ အခြေနေကောင်းလာရင် အဖျက်တွေက၀င်တက်တယ်နော်...
ဟုတ်ပ ကိုမိုးဟိန်းရေ။
You got a 100.00% upvote from @slimwhale courtesy of @sawlwin!
ကိုထွေးရေ ကံပေါ့ဗျာ ကိုယ့်ရဲ့ ကံကို
ကိုယ့်မှ မသိတာ ဒါဘင်မဲ့ဗျာ နှမျော်စရာကြီးဗျာ
ဟုတ်ပါ့ တကယ်နှမြောတာ ဘယ်တတ်နိုင်ပါ့မလဲလေ။
ရေးတာဖတ်လို့ကောင်းတယ်။အဆင်ပြေတယ်။
ဒါပေမဲ့အဆုံးသတ်လေး..ထပ်ဖြည့်လိုက်ရင်၊အရမ်းကောင်းသွားမှာ။ဖြစ်စဉ်ပြကို..ရိုးရိုးလေးရေးထားတာ။အဲဒီအဖြစ်အပေါ်မှာ..
ကိုယ့်ရဲ့သုံးသပ်မှူ့ကို..ဒီထက်မကရေးဖို့လိုတယ်။
စာဖတ်သူကိုလဲ..ကိုယ်ပေးခြင်တဲ့မက်ဆေ့ရ်.လေးပေါ့။
ဟုတ်ကဲ့ အန်တီ နည်းနည်းလောပြီးတင်မိလိုက်တာ။
နောက်ထပ်ရိုက်စရာကြက်ကျန်သေးလားဗျ😂😂
ကျန်သေးတယ် အများကြီးပဲ။