ကျောင်းပြေး (အပိုင်း ၁)
. . . .ကျွန်တော်အပြေးကောင်းပါသည်။
ထိုသို့ဆိုလိုက်ချင်းကြောင့် ကျွန်တော်ကို အပြေးပြိုင်ပွဲများတွင် အောင်မြင်မှုအလီလီ ရရှိထားသူဟုမထင်စေလိုပါ။ကျွန်တော်ထူးချွန်သည့် အပြေးက ကျောင်းပြေးချင်း ဖြစ်ပါသည်။
ကျွန်တော်ကျောင်းမသွားချင်ပါ။ကျောင်းသွားရမည်ကို လွန်စွာမှ ထိတ်လန့်ကြောက်ရွံပါသည်။စာသင်ရခြင်းက ကျွန်တော်အတွက် စိတ်ပျက်စရာအတိဖြစ်ခါ၊ သချာင်္ ဂဏန်းများတွက်ရချင်းက မိမိမချစ်မနှစ်သက်သောသူနှင့်ပေါင်းဖက်ရခြင်းအလား၊ကျွန်တော်အဖို့ တကယ့်ငရဲအတိပင် ဖြစ်လေ၏။
ထို့ကြောင့်ကျွန်တော်ကျောင်းပြေးခဲ့သည်။
ကျွန်တော်ဘယ်လောက်ထိကျောင်းပြေးပါသနည်း ဆိုသော် တစ်ဦးတစ်ယောက်က "မင်းတို့ကျောင်းမှာ ကျောင်းအပြေးဆုံးက ဘယ်သူလဲ"ဟုမေးလာလျှင် ရင်ကော့ခေါင်းမော့ပြီး"ကျွန်တော်ပါ"ဟုဖြေနိုင်သည်အထိဖြစ်ပါသည်။
သေသေချာချာရှင်းပြရလျှင် တစ်လရက်ပေါင်းသုံးဆယ်ရှိသည်။သေချာပေါက် ရက်နှစ်ဆယ်လောက်က ကျွန်တော်ကျောင်းမတက်ပါ။ဂိမ်းဆိုင်တွင်သော်လည်းကောင်း၊ လက်ဖက်ရည်ဆိုင်တွင်သော်လည်းကောင်း၊
ကျွန်တော် လျှောက်လည်၊အလေလိုက်နေလေ့ရှိပါသည်။
ကျန်သည့်ဆယ်ရက်ကတော့ ကျွန်တော်ကျောင်းသွားပါသည်။ကျောင်းသို့ရောက်သည်လည်းမှန်ပါသည်။စာအုပ်ကိုင်ပြီးစာထိုင်ဖတ်နေသည်လည်းဟုတ်ပါသည်။ သို့သော် စာထဲတွင်စိတ်ဝင်စားမှု မြူတစ်မှုံ မျှရှိမနေပါ။ဈေးဆိုင်တန်းထဲက သူငယ်ချင်းများနှင့်နှိပ်နေကြ ဂိမ်းဆိုင်တွင်သော်လည်းကောင်း၊ ကျောင်းပြေးသည့်အခါတိုင်း ရောက်နေကြ တစ်ဖက်ရပ်ကွပ်ထိပ်မှ လက်ဖက်ရည်ဆိုင်တွင်လည်းကောင်း၊ရပ်ကွက်ထဲမှ လက်တောက်ခုံတွင်လည်းကောင်း၊ပိုက်ဆံပစ်တမ်း ကစားနေကြသည့် တမာပင်ကြီးအောက်တွင်လည်းကောင်း ကျွန်တော်စိတ်တွေရောက်ရှိနေတတ်ပါသည်။
ထို့ကြောင့် စာအုပ်ကိုင်ကာ စာကြည့်နေသော်လည်း ဆရာမ စာပြန်ခိုင်းသည့်အခါ ကျွန်တော်စာမပြန်တတ်တော့ပါ။စာကအလွတ်ပြန်ရသည်မဟုတ်လား။ကျွန်တော်ကလည်း အလွတ်မပြောနှင့် စာအုပ်ကြည့်ပြီးဆိုလျှင်တောင်ကောင်းကောင်းမဆိုတတ်ပါ။
ဒီတော့ဆရာမရိုက်သည် ရိုက်တော့ကျွန်တော်နာပါသည်။လက်ညိုးလောက်ကြိမ်လုံးနှင့်ရိုက်သည်ဖြစ်လေရာ တစ်ချက်လောက်နှင့်ကိုပင် လွန်စွာနာကျင်သွားနိုင်ပါသည်။တစ်ခါအရိုက်ခံရလျှင် လေးချက်၊ငါးချက်ဖြစ်သော ကျွန်တော်အဖို့တွင်ကပြောစရာ မရှိတော့ပေ။
ညနေပိုင်း သချာင်္သင်ချိန်တွင်တော့ ကျွန်တော်တစ်ယောက်ပို၍ ဆိုးပါတော့သည်။ သချာင်္ ပုဒ်စာများသည် ကျွန်တော်မတွက်တတ်သည်က များပါသည်။
. . .
. . . . . . . {အပိုင်း ၂ မျှော်}
.
.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆက်ပြီးအားပေးနေတယ်ဗျို့
ကိုစောအားပေးလို့ ကျေးဇူးပါပဲ ဗျ
ဘဝတူ
ဟုတ်ပ အကိုရေ
good post လေးပါဗျာ
ဟုတ် ကျေးဇူးပါပဲ အကို
ဖြစ်တတ်ပါတယ် အစ်ကို
ကျေးဇူးပါပဲ bro
အားပေးနေမယ်
ကျေးဇူးပါပဲ အကိုရေ
သူငယ်ချင်းတွေက စ ကျ ပြောင်ကျတယ်
ဟုတ်ပ အမရေ
ကျေးဇူး
Good post.
@shwebote
B5
ကျေးဇူးပါပဲ bro
ကိုယ်တွေ့တွေများများရေး၊ ရေးပြီးမတင်ခင်ပြန်ဖတ်၊ စာချောအောင်ပြန်ပြင်၊ အလင်္ကာတွေပြန်လေ့လာပါ။
ဟုတ်ဆရာ ကြိုးစားလေ့လာပါမယ်
ကျေးဇူးတင်ပါတယ် ဆရာ
သင်္ချာကြောက်တယ်
ကျွန်တော် ကအင်္ဂလိပ်စာ
အရေးအသားကောင်းတယ်မောင်လေး။များများရေးနော်။
ဟုတ် ကျေးဇူးတင်ပါတယ် အမ