ကျောင်း​ပြေး (အပိုင်း ၁)

in #myanmar7 years ago (edited)

. . . .ကျွန်​​တော်​အ​ပြေး​ကောင်းပါသည်​။
ထိုသို့ဆိုလိုက်​ချင်း​ကြောင့်​ ကျွန်​​တော်​ကို အ​ပြေးပြိုင်​ပွဲများတွင်​ ​အောင်​မြင်​မှုအလီလီ ရရှိထားသူဟုမထင်​​စေလိုပါ။ကျွန်​​တော်​ထူးချွန်​သည့်​ အ​ပြေးက ​ကျောင်း​ပြေးချင်း ဖြစ်​ပါသည်​။
ကျွန်​​တော်​​ကျောင်းမသွားချင်​ပါ။ကျောင်းသွားရမည်​ကို လွန်​စွာမှ ထိတ်​လန့်​​ကြောက်​ရွံပါသည်​။စာသင်​ရခြင်းက ကျွန်​​တော်​အတွက်​ စိတ်​ပျက်​စရာအတိဖြစ်​ခါ၊ သချာင်္ ဂဏန်းများတွက်​ရချင်းက မိမိမချစ်​မနှစ်​သက်​​သောသူနှင့်​​ပေါင်းဖက်​ရခြင်းအလား၊ကျွန်​​တော်​အဖို့ တကယ့်​ငရဲအတိပင်​ ဖြစ်​​လေ၏။
ထို့​ကြောင့်​ကျွန်​​တော်​​ကျောင်း​ပြေးခဲ့သည်​။
ကျွန်​​တော်​ဘယ်​​လောက်​ထိ​ကျောင်း​ပြေးပါသနည်း ဆို​သော်​ တစ်​ဦးတစ်​​ယောက်​က "မင်းတို့​ကျောင်းမှာ ​ကျောင်းအ​ပြေးဆုံးက ဘယ်​သူလဲ"ဟု​မေးလာလျှင်​ ရင်​​ကော့​ခေါင်း​မော့ပြီး"ကျွန်​​တော်​ပါ"ဟု​ဖြေနိုင်​သည်​အထိဖြစ်​ပါသည်​။
သေ​သေချာချာရှင်းပြရလျှင်​ တစ်​လရက်​​ပေါင်းသုံးဆယ်​ရှိသည်​။သေချာ​ပေါက်​ ရက်​နှစ်​ဆယ်​​လောက်​က ကျွန်​​တော်​​ကျောင်းမတက်​ပါ။ဂိမ်းဆိုင်​တွင်​​​သော်​လည်း​ကောင်း၊ လက်​ဖက်​ရည်​ဆိုင်​တွင်​​သော်​လည်း​ကောင်း၊
ကျွန်​​တော်​ ​လျှောက်​လည်​၊အ​လေလိုက်​​နေ​လေ့ရှိပါသည်​။
ကျန်​သည့်​ဆယ်​ရက်​က​တော့ ကျွန်​​တော်​​ကျောင်းသွားပါသည်​။ကျောင်းသို့​ရောက်​သည်​လည်းမှန်​ပါသည်​။စာအုပ်​ကိုင်​ပြီးစာထိုင်​ဖတ်​​နေသည်​လည်းဟုတ်​ပါသည်​။ သို့​သော်​ စာထဲတွင်​စိတ်​ဝင်​စားမှု မြူတစ်​မှုံ မျှရှိမ​နေပါ။ဈေးဆိုင်​တန်းထဲက သူငယ်​ချင်းများနှင့်​နှိပ်​​နေကြ ဂိမ်းဆိုင်​တွင်​​သော်​လည်း​ကောင်း၊ ​ကျောင်း​ပြေးသည့်​အခါတိုင်း ​ရောက်​​နေကြ တစ်​ဖက်​ရပ်​ကွပ်​ထိပ်​မှ လက်​ဖက်​ရည်​ဆိုင်​တွင်​လည်း​ကောင်း၊ရပ်​ကွက်​ထဲမှ လက်​​တောက်​ခုံတွင်​လည်း​ကောင်း၊ပိုက်​ဆံပစ်​တမ်း ကစား​နေကြသည့်​ တမာပင်​ကြီး​အောက်​တွင်​လည်း​ကောင်း ကျွန်​​တော်​စိတ်​​တွေ​ရောက်​ရှိ​နေတတ်​ပါသည်​။
ထို့​ကြောင့်​ စာအုပ်​ကိုင်​ကာ စာကြည့်​​နေ​သော်​လည်း ဆရာမ စာပြန်​ခိုင်းသည့်​အခါ ကျွန်​​တော်​စာမပြန်​​တတ်​​တော့ပါ။စာကအလွတ်​ပြန်​ရသည်​မဟုတ်​လား။ကျွန်​​တော်​ကလည်း အလွတ်​မ​ပြောနှင့်​ စာအုပ်​ကြည့်​ပြီးဆိုလျှင်​​တောင်​​ကောင်း​ကောင်းမဆိုတတ်​ပါ။
ဒီ​တော့ဆရာမရိုက်​သည်​ ရိုက်​​တော့ကျွန်​​တော်​နာပါသည်​။လက်​ညိုး​လောက်​ကြိမ်​လုံးနှင့်​ရိုက်​သည်​ဖြစ်​​လေရာ တစ်​ချက်​​လောက်​နှင့်​ကိုပင်​ လွန်​စွာနာကျင်​သွားနိုင်​ပါသည်​။တစ်​ခါအရိုက်​ခံရလျှင်​ ​လေးချက်​၊ငါးချက်​ဖြစ်​​သော ကျွန်​​တော်​အဖို့တွင်က​ပြောစရာ မရှိ​တော့​ပေ။
ည​နေပိုင်း သချာင်္သင်​ချိန်​တွင်​​တော့ ကျွန်​​တော်​တစ်​​ယောက်​ပို၍ ဆိုးပါ​တော့သည်​။ သချာင်္ ပုဒ်​စာများသည်​ ကျွန်​​တော်​မတွက်​တတ်​သည်​က များပါသည်​။
. . . image
. image. . . . . . {အပိုင်း ၂ ​မျှော်​}
.
.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ

Sort:  

ဆက်ပြီးအားပေးနေတယ်ဗျို့

ကို​စောအား​ပေးလို့ ​ကျေးဇူးပါပဲ ဗျ

ဘဝတူ

ဟုတ်​ပ အကို​ရေ

good post ​လေးပါ​ဗျာ

ဟုတ်​ ​ကျေးဇူးပါပဲ အကို

ဖြစ်တတ်ပါတယ် အစ်ကို

ကျေးဇူးပါပဲ bro

အား​ပေး​နေမယ်

ကျေးဇူးပါပဲ အကို​ရေ

သူငယ်ချင်းတွေက စ ကျ ပြောင်ကျတယ်

ဟုတ်​ပ အမ​ရေ
ကျေးဇူး

ကျေးဇူးပါပဲ bro

ကိုယ်တွေ့တွေများများရေး၊ ရေးပြီးမတင်ခင်ပြန်ဖတ်၊ စာချောအောင်ပြန်ပြင်၊ အလင်္ကာတွေပြန်လေ့လာပါ။

ဟုတ်​ဆရာ ကြိုးစား​လေ့လာပါမယ်
ကျေးဇူးတင်​ပါတယ်​ ဆရာ

သင်္ချာကြောက်တယ်

ကျွန်​​တော်​ ကအင်္ဂလိပ်​စာ

အ​ရေးအသား​ကောင်းတယ်​​မောင်​​လေး။များများ​ရေး​နော်​။

ဟုတ်​ ​ကျေးဇူးတင်​ပါတယ်​ အမ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63747.71
ETH 2543.33
USDT 1.00
SBD 2.66