ကျွန်​​တော်​နှင့်​ကံစမ်းမဲ

in #myanmar6 years ago

ကံတရားက မျက်​စိလည်​လမ်းမှား၍များ င​အောင်​စီ​သို့ရောက်​၍လာသ​လော။ကံစမ်းမဲနှိုက်​လျှင်​ ​ပေါက်​ရန်​အ​တော်​ခက်​ခဲတတ်​သည့်​ ကျွန်​​တော်​၊စု​ကြေးလိုမျိုးနှိုက်​လျှင်​ပင်​ ​နောက်​ဆုံးနား၌သာရတတ်​သည့်​ ကျွန်​​တော်​ပင်​။ mytel simcard ​လေးထည့်​ပြီးထဲကပင်​ mytel appထဲသို့ဝင်​၍ မကြာမကြာကံစမ်းခဲ့သည်​မှာလည်းအခါခါပင်​တည်း။
သူများ​တွေ၌ ​ပေါက်​လိုက်​ကြသည့်​ data mbများ အားရစရာမြင်​​တွေ့​နေရသည်​။ကျွန်​​တော်​ ကံစမ်းလျှင်​ sms 100 ၊sms 50 နှင့်
ဖုန်း​ပြောခွင့်​ မိနစ်​၁၀၀၊မိနစ်​၅၀တို့​သာ ရရှိသည်​ကများ​ပေသည်​။ မည်​သူ့မတ်​​ဆေ့ပို့၍ မည်​သူအား ဖုန်းဆက်​ရမည်​နည်း ထိုမတ်​​ဆေ့နှင့်​ ဖုန်း​ပြောခွင့်​များသည်​ အချည်းအနှီး ဖြစ်​သည်​ကများ​ပေသည်​။
ကျွန်​​တော်​လိုချင်​သည်​မှာ အင်​တာနက်​သုံးစွဲခွင့်​ mb​လေးများဖြစ်​၏။ယ​နေ့၌ mytel ကသ​ဘော​ကောင်း၍​လော၊ ကျွန်​​တော်​ကပင်​ ကံ​ကောင်း၍​လောမသိ​ပေ။ မနက်​ခင်း၌ mytel app​လေးထဲသို့ဝင်​၍ ကံစမ်းကြည့်​ရာ
ဂုဏ်​ယူပါတယ်​ လူကြီးမင်း ဖုန်း​ဘေ ၁၀၀၀ကျပ်​ ကံထူးပါသည်​ ဆိုသည့်​စာသား​လေးထွက်​​ပေါ်၍လာ​ပေ​တော့သည်​။ ​ပျော်​သွားမိသည်​မှာ အမှန်​ပင်​။ရရှိသည့်​ဖုန်း​ဘေ တစ်​​ထောင်​ကျပ်​​လေးအား data1gb ဝယ်​ယူထားလိုက်​​လေ၏။ ကျွန်​​တော်​င​အောင်​တစ်​​ယောက်​ ကံစမ်းမဲ​ပေါက်​ဖူး ​ပေပြီ။
.Screenshot_2018-06-24-12-24-55-418_com.vtg.app.mymytel.png
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ပေါက် ရား😉

ပေါက်​တယ်​😂

ဟုတ်ပါ့အေ
အန်တီတို့နဲ့တူပါ့
တစ်ထောင်ကို မပေါက်ဖူးသေးတာ
ကူပြီးဝမ်းသာပေးတယ်နော် နောက်နေ့လည်းပေါက်ပါစေ

ဟိဟိ 😂😂😂

ပေးတဲ့ဆုနဲ့ပြည့်​ပရ​စေ ဆရာမ😊

ကံကောင်းတစ်ချက်၊ လည်ပင်းကိုစွပ်မိရင်၊ သောင်းဂဏန်းထီ အကြောင်းညီလို့ ပေါက်ရင်၊ အောင်ကြီး-၁၀၀ လူနေလှလို့ ပြောင်နိုင်သေးသပ ကွယ်။

ဒီတစ်​ခါဘဲ ​ပေါက်​ဖူး​သေးတာ ဆရာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63281.14
ETH 2674.11
USDT 1.00
SBD 2.79