>တခါး<
မေတ္တာတခါး ဖွင့်ခါပေးသော်
သူလည်းပျော်ရွှင် ကိုယ်လည်းရွှင်
စေတနာတခါး ဖွင့်လို့ထားသော်
သူလည်းပီတိ ကိုယ်လည်းရွှင်၏
ဂရုဏာတခါး ဖွင့်ပေးထားက
သူလည်းကြည်ဖြာ ကိုယ်လည်းဝေဆာ
ဖွင့်လို့ထားပါ ဤတခါး ၃ဖြာ
လူမှုရေးတွင် ပြည့်ဝစေကာ
ထိုတခါးသုံးဖြာ ဖွင့်ထားမူကား
စည်းပွားရေးလည်း ဖွံ့ဖြိုးစေမှာ
အိမ်ထောင်ရေးလည်း သာယာဖို့ရာ
မမေ့လျှော့ဘဲ ဖွင့်ထားသင့်တာ
ကိစ္စအဝဝ ချောမွှေ့စေတာ
ဖွင့်ထားကြ ဤတခါးသုံးချပ်ပါ
ဒေါသတခါး ဖွင့်လို့ပေးသော်
ခံရသူဒဏ်ရာဖြစ်ကာ လုပ်သူလည်းဆပ်ဝတ်ကြွေးပါ
လောဘတခါး ဖွင့်လို့ထားသော်
တပ်မက်စိတ်ကြောင့် သောကဝေဆာ
မောဟတခါး ပိတ်ထားသင့်တာ
ကုသိုလ်၊အကုသိုလ် တွေဝေစေတာ
ဖွင့်ပေးက ပြုလုပ်မှားများစွာ
မိမိကိုယ်ကို ဆင်ခြင်ကြပါ
ပိတ်ထားကြ
ဤတခါးသုံးချပ်ပါ။
.
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆက်ရေးပါဗျာ အားပေးနေပါမယ် ဆရာ့ရဲ့ကဗျာစပ်နည်းတွေကိုလည်း နည်းမှီရပါမယ်
ဟုတ်ကိုစော ကျေးဇူးပါဗျ
ဖွင့်ထားလိုက်ပါပြီ တံခါး၃ချက်
ဖွင့်ထားလိုက်တော့ bro
အားပေးတယ်များများသာရေးမောင်လေး။
ကျေးဇူးပါပဲ အမ
အားပေးတယ် ကိုအောင်
ကျေးဇူးပါပဲ