>တခါး<

in #myanmar7 years ago

မေတ္တာတခါး ဖွင့်​ခါ​ပေး​သော်
သူလည်း​ပျော်​ရွှင်​ ကိုယ်​လည်းရွှင်
စေတနာတခါး ဖွင့်​လို့ထား​သော်
သူလည်းပီတိ ကိုယ်​လည်းရွှင်​၏
ဂရုဏာတခါး ဖွင့်​​ပေးထားက
သူလည်းကြည်​ဖြာ ကိုယ်​လည်း​ဝေဆာ
ဖွင့်​လို့ထားပါ ဤတခါး ၃ဖြာ
လူမှု​ရေးတွင်​ ပြည့်​ဝ​စေကာ
ထိုတခါးသုံးဖြာ ဖွင့်​ထားမူကား
စည်းပွား​ရေးလည်း ဖွံ့ဖြိုး​စေမှာ
အိမ်​​ထောင်​​ရေးလည်း သာယာဖို့ရာ
မ​မေ့​လျှော့ဘဲ ဖွင့်​ထားသင့်​တာ
ကိစ္စအဝဝ ​ချော​မွှေ့​စေတာ
ဖွင့်​ထားကြ ဤတခါးသုံးချပ်​ပါ
ဒေါသတခါး ဖွင့်​လို့​ပေး​သော်
ခံရသူဒဏ်ရာဖြစ်​ကာ ​လုပ်​သူလည်းဆပ်​ဝတ်​​ကြွေးပါ
လောဘတခါး ဖွင့်​လို့ထား​သော်
တပ်​မက်​စိတ်​​ကြောင့်​​ ​သောက​ဝေဆာ
မောဟတခါး ပိတ်​ထားသင့်​တာ
ကုသိုလ်​၊အကုသိုလ်​ ​တွေ​ဝေ​စေတာ
ဖွင့်​​ပေးက ပြုလုပ်​မှားများစွာ
မိမိကိုယ်​ကို ဆင်​ခြင်​ကြပါ
ပိတ်​ထားကြ
ဤတခါးသုံးချပ်​ပါ။
. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ဆက်ရေးပါဗျာ အားပေးနေပါမယ် ဆရာ့ရဲ့ကဗျာစပ်နည်းတွေကိုလည်း နည်းမှီရပါမယ်

ဟုတ်​ကို​စော ​ကျေးဇူးပါဗျ

ဖွင့်​ထားလိုက်​ပါပြီ တံခါး၃ချက်

ဖွင့်​ထားလိုက်​​တော့ bro

အား​ပေးတယ်​များများသာ​ရေး​မောင်​​လေး။

ကျေးဇူးပါပဲ အမ

အားပေးတယ် ကိုအောင်

ကျေးဇူးပါပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66