ဒါန လမ်းကလေး
ဆောင်းရာသီ၏အေးစက်သောနှင်းမှုံကလေးများကိုအံတုကာ ပျော်ရွှင်စွာလုပ်အားဒါနပြုလုပ်နေကြသည့် အဖွဲ့စည်းလေးတစ်ခု၊မြင်ကွင်းကား စိတ်ချမ်းမြေ့စရာဖြစ်ပါတော့၏။ အဝတ်စားများ ညစ်ပေနေကြသော်လည်း မျက်နှာများပေါ်တွင်ကြည်နူးမှု၊ပျော်ရွှင်မှုတို့ကို အထင်းသားတွေမြင်နိုင်ပေ၏။တစ်ဦးကိုတစ်ဦး စင်ကြယ်စွာ ပြုံးပြ၍လမ်းအတွက်လိုအပ်သည်များကို အားသွန်ခွန်စိုက် လုပ်အားဒါန ပေးကာနေလေ၏။ရပ်ကွပ်အတွင်းမှဦးဆောင်သူ လူကြီးများတို့မှာလည်း ဤလုပ်အားပေးလေးကို သူတို့ကိုယ်တိုင်ပါဝင် ကာ စီစဉ်ညွှန်ကြားပေးရှာ၏။
စက်အိုးအတွင်း ဘိလပ်မြေ၊သဲ၊ကျောက် ထည့်သည်များကို အဓိကထား ကြီးကြပ်သူ ၊
မိမိတို့၏ ရပ်ကွပ်လမ်းကလေး သာယာစည်ပင်ရေးအတွက် ကြီးကြပ်ပေးသူများနှင့် စည်ကားသိုက်မြိုက်စွာနေပါသည်။ လုပ်အားဒါန ပြုကြသူတို့မှာ ဘိလပ်မြေများ၊သဲများ မိမိတို့ကိုယ်ပေါ်တွင် ပေရေနေသည်ကိုပင် သတိမပြုနိုင်ကြပေ။ဂေါ်ထိုးပေးသူ၊ကျောက်သွေးဒယ်အိုးရွက်ကြသူ၊လမ်းချိုင့်ခွက်များ မဖြစ်စေရန် ညှိနေကြသူများဤထိုသူများ၏စိတ်ဓာတ်များမှာ လေးစားစရာအလွန်ကောင်းလှပေသည်။
.
လုပ်အားဒါန ပြုနေသောသူများ အစာပြေစားသောက်ရန် အဟာရဒါန ပြုသူများလည်းရှိပေးသေး၏။ မိမိတို့တတ်နိုင်သည့် သရေစာလေးများကို အဟာရဒါန ပြုနေကြလေသည်။ အအေးတိုက်သူများမှာလည်း မိမိတို့ရပ်ကွပ်သူ၊ရပ်ကွပ်သားများ အလုပ်မအားသည်ကိုပင် အအေးခွက်များကိုယူဆောင်ကာ ကုသိုလ် ရှင်များကိုယ်တိုင် သွားရောက်၍ တိုက်ကြသည့်မြင်ကွင်းများကိုလည်း မြင်တွေ့ရပေမည်။မုန့်ဒါန ပြုသူတို့သည်လည်း အလုပ်လုပ်နေသူများ လက်အတွင်းသို့ပင် လိုက်လံဝေငှ နေပါ၏။မိမိတို့၏ အဟာရဒါန ကလေးများ အထမြောက်စေရန် ဆောင်ရွက်နေကြခြင်းဖြစ်ပေလိမ့်မည်။
မိမိတို့လမ်းကလေး ပြီးမြောက်အောင်မြင်သွားလျှင် ရဟန်းသံဃာတော်များသော်လည်းကောင်း၊လမ်းခရီးသွားလာကြသူများသော်လည်းကောင်း မိမိတို့လမ်းကလေးကို အသုံးပြု၍ ချောမွှေ့စွာသွားလာနိုင်ကြပေလိမ့်မည်။
ယခုအခါတော့ ချိုင့်ခွက်များ၊ ရွံဗွက်များကို ရှောင်ရှားသွားလာစရာ မလိုတော့ပါ။ကျွန်တော်တို့လမ်းကလေးသည် ရဟန်းရှင်လူ၊ပြည်သူပြည်သားအပေါင်းတို့သွားလာရန် အဆင်သင့်ဖြစ်လို့နေပါ၏။ စည်းလုံးခြင်းသည်အင်အား ဆိုသကဲ့သို့ပင် ကျွန်တော်တို့ ရပ်ကွပ်သူ၊ရပ်ကွပ်သားများ စည်းလုံးခြင်းကြောင့် ရပ်ကွပ်၏လမ်းကလေးသည် ညီညာဖြောင့်ဖြူးစွာ ပြီးဆုံးခဲ့ပါသည်။
.
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
သာဓုပါရှင့် စုပေါင်းစိတ်ထားလေးစားပါတယ်
ဟုတ်အမ ကျေးဇူးတင်ပါတယ်
Good pot အကို
Thank bro
Good...
Teamwork ဆိုတာအဲဒါပဲ..
နိုင်ရာဝန်ထမ်း၊၀ိုင်းကူရင်း ရေရှည်အတွက်
ဖြောင့်ဖြူးချောမွေ့တဲ့ လမ်းလေးတစ်ခုအတူ
တည်ဆောက်ကြရမှာပါ..bro
ဟုတ်အကို ကျေးဇူးပါ
ရေးထားတာအရမ်းကောင်းတယ်မောင်လေး။
ဟုတ်အမ ကျေးဇူးပါပဲ
လုပ်အားပါဝင်ခဲ့တယ်ပေါ့
ဒါပေါ့ကိုစောရ လုပ်ရမှာလေ😊
လေးစားပါတယ်ဗျာ
ကျေးဇူးပါပဲ အကို
ကောင်းတယ် အစ်ကို
ကျေးဇူးပါပဲ အကို
သိပ်ကောင်းတဲ့ post လေးပါပဲ
ကျေးဇူးပါပဲ အကို
Good post
Thank friend
လမ်းကုသိုလ်အကျိုးကြီးမားပါတယ်bro
တစ်ချိန်မှာ ပြန်ခံစားရမှာပါ
ဟုတ် ကျေးဇူးပါ အကို