ဒါန လမ်းက​လေး

in #myanmar6 years ago

ဆောင်းရာသီ၏​အေးစက်​​သောနှင်းမှုံက​လေးများကိုအံတုကာ ​ပျော်​ရွှင်​စွာလုပ်​အားဒါနပြုလုပ်​​နေကြသည့်​ အဖွဲ့စည်း​လေးတစ်​ခု၊မြင်​ကွင်းကား စိတ်​ချမ်း​မြေ့စရာဖြစ်​ပါ​တော့၏။ အဝတ်​စားများ ညစ်​​ပေ​နေကြ​သော်​လည်း မျက်​နှာများ​ပေါ်တွင်​ကြည်​နူးမှု၊​ပျော်​ရွှင်​မှုတို့ကို အထင်းသား​တွေမြင်​နိုင်​​ပေ၏။တစ်​ဦးကိုတစ်​ဦး စင်​ကြယ်​စွာ ပြုံးပြ၍လမ်းအတွက်​လိုအပ်​သည်​များကို အားသွန်​ခွန်​စိုက်​ လုပ်​အားဒါန ​ပေးကာ​နေ​လေ၏။ရပ်​ကွပ်​အတွင်းမှဦး​ဆောင်​သူ လူကြီးများတို့မှာလည်း ဤလုပ်​အား​ပေး​လေးကို သူတို့ကိုယ်​တိုင်​ပါဝင်​ ကာ စီစဉ်​ညွှန်​ကြား​ပေးရှာ၏။
စက်​အိုးအတွင်း ဘိလပ်​​မြေ၊သဲ၊​ကျောက်​ ထည့်​သည်​များကို အဓိကထား ကြီးကြပ်​သူ ၊
မိမိတို့၏ ရပ်​ကွပ်​လမ်းက​လေး သာယာစည်​ပင်​​ရေးအတွက်​ ကြီးကြပ်​​ပေးသူများနှင့်​ စည်​ကားသိုက်​မြိုက်​စွာ​နေပါသည်​။ လုပ်​အားဒါန ပြုကြသူတို့မှာ ဘိလပ်​​မြေများ၊သဲများ မိမိတို့ကိုယ်​​ပေါ်တွင်​ ​ပေ​ရေ​နေသည်​ကိုပင်​ သတိမပြုနိုင်​ကြ​ပေ။ဂေါ်ထိုး​ပေးသူ၊​ကျောက်​​သွေးဒယ်​အိုးရွက်​ကြသူ၊လမ်းချိုင့်​ခွက်​များ မဖြစ်​​စေရန်​ ညှိ​နေကြသူများဤထိုသူများ၏စိတ်​ဓာတ်​များမှာ ​လေးစားစရာအလွန်​​ကောင်းလှ​ပေသည်​။
. image
လုပ်​အားဒါန ပြု​နေ​သောသူများ အစာ​ပြေစား​သောက်​ရန်​ အဟာရဒါန ပြုသူများလည်းရှိ​ပေး​သေး၏။ မိမိတို့တတ်​နိုင်​သည့်​ သ​ရေစာ​လေးများကို အဟာရဒါန ပြု​နေကြ​လေသည်​။ အ​အေးတိုက်​သူများမှာလည်း မိမိတို့ရပ်​ကွပ်​သူ၊ရပ်​ကွပ်​သားများ အလုပ်​မအားသည်​ကိုပင်​ အ​အေးခွက်​များကိုယူ​ဆောင်​ကာ ကုသိုလ်​ ရှင်​များကိုယ်​တိုင်​ သွား​ရောက်​၍ တိုက်​ကြသည့်​မြင်​ကွင်းများကိုလည်း မြင်​​တွေ့ရ​ပေမည်​။မုန့်​ဒါန ပြုသူတို့သည်​လည်း အလုပ်​လုပ်​​နေသူများ လက်​အတွင်းသို့ပင်​ လိုက်​လံ​ဝေငှ ​နေပါ၏။မိမိတို့၏ အဟာရဒါန က​လေးများ အထ​မြောက်​​စေရန်​ ​ဆောင်​ရွက်​​နေကြခြင်းဖြစ်​​ပေလိမ့်​မည်​။
မိမိတို့လမ်းက​လေး ပြီး​မြောက်​​အောင်​မြင်​သွားလျှင်​ ရဟန်းသံဃာ​တော်​များ​သော်​လည်း​ကောင်း၊လမ်းခရီးသွားလာကြသူများ​သော်​လည်း​ကောင်း မိမိတို့လမ်းက​လေးကို အသုံးပြု၍ ​ချော​မွှေ့​စွာသွားလာနိုင်​ကြ​ပေလိမ့်​မည်​။
ယခုအခါ​တော့ ချိုင့်​ခွက်​များ၊ ရွံဗွက်​များကို ​ရှောင်​ရှားသွားလာစရာ မလို​တော့ပါ။ကျွန်ေ​တာ်​​တို့လမ်းက​လေးသည်​ ရဟန်းရှင်​လူ၊ပြည်​သူပြည်​သားအ​ပေါင်းတို့သွားလာရန်​ အဆင်​သင့်​ဖြစ်​လို့​နေပါ၏။ စည်းလုံးခြင်းသည်​အင်​အား ဆိုသကဲ့သို့ပင်​ ကျွန်​​တော်​တို့ ရပ်​ကွပ်​သူ၊ရပ်​ကွပ်​သားများ စည်းလုံးခြင်း​ကြောင့်​ ရပ်​ကွပ်​၏လမ်းက​လေးသည်​ ညီညာ​ဖြောင့်​ဖြူးစွာ ပြီးဆုံးခဲ့ပါသည်​။
. image
photo credit;Google Image.
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

သာဓုပါရှင့် စုပေါင်းစိတ်ထားလေးစားပါတယ်

ဟုတ်​အမ ​ကျေးဇူးတင်​ပါတယ်

Good pot အကို

Good...
Teamwork ဆိုတာအဲဒါပဲ..
နိုင်ရာဝန်ထမ်း၊၀ိုင်းကူရင်း ရေရှည်အတွက်
ဖြောင့်ဖြူးချောမွေ့တဲ့ လမ်းလေးတစ်ခုအတူ
တည်ဆောက်ကြရမှာပါ..bro

ဟုတ်​အကို ​ကျေးဇူးပါ

ရေးထားတာအရမ်း​ကောင်းတယ်​​မောင်​​လေး။

ဟုတ်​အမ ​ကျေးဇူးပါပဲ

လုပ်အားပါဝင်ခဲ့တယ်ပေါ့

ဒါ​ပေါ့ကို​စောရ လုပ်​ရမှာ​လေ😊

လေးစားပါတယ်ဗျာ

ကျေးဇူးပါပဲ အကို

ကောင်းတယ် အစ်ကို

ကျေးဇူးပါပဲ အကို

သိပ်ကောင်းတဲ့ post လေးပါပဲ

ကျေးဇူးပါပဲ အကို

လမ်းကုသိုလ်​အကျိုးကြီးမားပါတယ်​bro
တစ်​ချိန်​မှာ ပြန်​ခံစားရမှာပါ

ဟုတ်​ ​ကျေးဇူးပါ အကို

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63243.61
ETH 3078.23
USDT 1.00
SBD 3.89