How to Make Star Box

in #myanmar5 years ago

ဒီတစ်ခုကတော့ကြယ်ပွင့်လေးများဖြင့်အလှဆင်ထားတဲ့boxတစ်ခုပြုလုပ်ထားတာပါ။အခြားပန်းပွင့်တွေမပါတော့ပဲ၊ဘူးခွံကိုဖြတ်၍အခြားကတ်ထူပေါ်ကော်ကပ်ပြီး၊ကြယ်ပွင့်ရောင်စုံများဖြင့်အလှဆင်ထားတာပါ။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူဘူးခွံတစ်ခု၊အခြားကတ်ထူတစ်ရွက်၊ခဲတံ၊ပေတံ၊ကတ်ကြေး၊ကော်ဘူးစသဖြင့်လိုအပ်ပါတယ်။ပြုလုပ်ရမည့်အဆင့်များလည်းလွယ်ကူပြီး၊ရိုးရှင်းပါတယ်။

ပထမအဆင့်မှာတော့ကတ်ထူဘူးခွံတစ်ခုယူပြီးပုံမှာတွေ့ရတဲ့အတိုင်းပုံစံဖော်၍ဖြတ်လိုက်ပါတယ်။ဘူးခွံကိုအပြာရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်အခြားကတ်ထူတစ်ရွက်ပေါ်အိမ်ပုံစံလေးဆွဲပြီးဖြတ်ကာ၊အပြာရောင်စာရွက်ပဲကော်ကပ်ပါတယ်။ပြီးနောက်ကတ်ထူဘူးခွံနဲ့ကတ်ထူစာရွက်ကိုပူး၍ကော်ကပ်လိုက်တယ်။နောက်တစ်ဆင့်မှာတော့ကြယ်ပွင့်လေးတွေပြုလုပ်မှာပါ။

ကြယ်ပွင့်တွေကိုတော့အရွယ်တူလေးတွေဖြစ်ချင်တာကြောင့်ပထမဆုံးကြယ်ပုံစံတစ်ခုဆွဲပြီး၊ကတ်ထူဖြင့်အရွယ်တူကြယ်များဆွဲ၍ဖြတ်လိုက်တယ်။ပြီးနောက်ရောင်စုံစာရွက်ပေါ်ကတ်ထူကြယ်လေးတွေကော်ကပ်ပြီးထပ်မံဖြတ်လိုက်ပါတယ်။ကြယ်ပွင့်များပြုလုပ်ပြီးရင်တော့အိမ်ပုံစံဘောက်စ်လေးမှာပုံပါအတိုင်းကော်ကပ်အလှဆင်ပါတယ်။ခဲတံ၊ပေတံ၊ဘောလ်ပင်စတဲ့စာရေးကိရိယာလေးတွေထည့်နိင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

ကြယ်ကလေးတွေ ချစ်စရာ Paper box ပေါ်မှာ

Posted using Partiko Android

ဟုတ်ပါတယ်....
ဒီတစ်ခါကြယ်ကလေးတွေပေါ့....ကျေးဇူးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 65974.40
ETH 2637.70
USDT 1.00
SBD 2.67