How to Make Paper Wall Hanging

in #myanmar5 years ago

ဒီတစ်ခါမှာတော့နံရံအလှဆင်တစ်ခုပြုလုပ်ထားပါတယ်။ပန်းပွင့်များနှင့်အရွက်များဖြင့်ပုံဖော်ထားတာပါ။ပန်းပွင့်တွေကိုတော့ပုံစံနှစ်မျိုးဖြင့်ပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကိုပုံနှင့်စာတွဲ၍ဖော်ပြထားပါတယ်။

ပထမအဆင့်မှာပန်းပွင့်ပုံနှစ်မျိုးနှင့်အရွက်များပြုလုပ်ပါတယ်။ပန်းပွင့်ပြုလုပ်နည်းတစ်မျိုးကတော့အနီရောင်အရွယ်တူစက်ဝိုင်းပုံများဖြတ်ပါတယ်။ပြီးနောက်ပုံပါအတိုင်းခေါက်၍ကော်ကပ်ပြီးအနီရောင်စက္ကူခေါက်ငယ်များပြုလုပ်ပါတယ်။အခြားစာရွက်တစ်ခုပေါ်စက္ကူခေါက်တွေကိုညီညာစွာကော်ကပ်၍ပန်းပွင့်ပုံဖော်လိုက်ပါတယ်။ပန်းပွင့်ပြုလုပ်နည်းနောက်တစ်မျိုးကတော့ပန်းရောင်စာရွက်ဖြင့်စက်ဝိုင်းပုံလေးတွေဖြတ်မယ်။စာရွက်ကိုအနည်းငယ်ဖြတ်၍ကော်ကပ်ပြီး၊ထိုပန်းရောင်စာရွက်ငယ်များကိုပုံပါအတိုင်းတစ်ခုနှင့်တစ်ခုဆက်ပြီးထားလိုက်ပါတယ်။ဆက်လက်ပြီးအပြာရောင်စာရွက်ကိုခေါက်၍အပိုင်းငယ်များဖြတ်ကာ၊ကော်ကပ်ရန်နေရာချန်ထားလိုက်ပါတယ်။ထိုအပြာရောင်စာရွက်ကိုလည်းခေါက်၍ပန်းပွင့်ပုံဖော်ပြီး၊ပန်းရောင်ပန်းပွင့်ဖြင့်ကော်ကပ်လိုက်ပါတယ်။အရွယ်တူပန်းပွင့်နှစ်ပွင့်ပြုလုပ်ပါတယ်။ထို့နောက်အရွက်များပြုလုပ်ရမှာပါ။ပြုလုပ်နည်းကအစိမ်းရောင်စာရွက်ကိုအရွက်ပုံစံဖြတ်၍၊အရွက်ရဲ့1/3ခန့်ကိုဖြတ်၍အနားနှစ်ခုကိုဆက်၍ကော်ကပ်ပြီးသစ်ရွက်များပြုလုပ်ထားပါတယ်။

ဒီအဆင့်မှာတော့ကတ်ထူတစ်ရွက်ကိုယူ၍အဝါရောင်စာရွက်ကော်ကပ်ပြီး၊အနားလေးဘက်ကိုအနီရောင်စာရွက်ဖြင့်ဘောင်ခတ်လိုက်ပါတယ်။ပြုလုပ်ပြီးတဲ့ပန်းပွင့်များအရွက်များကိုပုံပါအတိုင်းနေရာချ၍ကော်ကပ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

သီတင်းကျွတ် မီးပုံးလေးတွေ လုပ်ဖြစ်လား

Posted using Partiko Android

ဒီနှစ်မီးပုံးလေးတွေမလုပ်ဖြစ်ပါဘူး....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61095.28
ETH 2922.98
USDT 1.00
SBD 3.65