How to Make Paper Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ပန်းပွင့်​​တွေ၊အရွက်​​တွေ၊ပန်းအိုးတစ်​ခုပါတဲ့နံရံအလှဆင်​တစ်​ခုထပ်​မံပြုလုပ်​ထားပါတယ်​။ကတ်​ထူတစ်​ခုကို​ရောင်​စုံစာရွက်​ဖြင့်​​ကော်​ကပ်​ပြီး၊ထိုအ​ပေါ်မှာအလှဆင်​ပုံ​ဖော်​ထားပါတယ်​။

ပထမအဆင့်​မှာ​တော့ပန်းပွင့်​နှင့်​အရွက်​များပြုလုပ်​မှာပါ။ပန်းပွင့်​ပြုလုပ်​နည်းကစာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​ရမယ်​။အလယ်​မှ​ခေါက်​ချိုးမယ်​။ထပ်​မံ၍​ခေါက်​ချိုးပြီး​ကော်​ကပ်​ကာ၊စက္ကူ​ခေါက်​​လေး​တွေပြုလုပ်​ပါတယ်​။ပန်းတစ်​ပွင့်​မှာစက္ကူ​ခေါက်​​လေးခု​ကော်​ကပ်​ထားပါတယ်​။ထိုနည်းအတိုင်းအ၀ါ​ရောင်​ပန်းပွင့်​နှင့်​အနီ​ရောင်​ပန်းပွင့်​ကိုသုံးပွင့်​စီပြုလုပ်​ပါတယ်​။ဆက်​လက်​ပြီးသစ်​ရွက်​များဖြတ်​ပါ့မယ်​။သစ်​ရွက်​ဖြတ်​နည်းကလွယ်​ကူပါတယ်​။စက္ကူကို​ခေါက်​ချိုးပြီးသစ်​ရွက်​ပုံများဖြတ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့ပန်းအိုးပုံစံပြုလုပ်​ချင်​တာ​ကြောင့်​ကတ်​ထူကိုပုံပါအတိုင်းအရွယ်​တူငါးခုဖြတ်​ပြီး၊လိ​မ္မော်​​ရောင်​စာရွက်​​ကော်​ကပ်​ထားပါတယ်​။ပြီး​နောက်​ကတ်​ထူတစ်​ရွက်​ကိုပန်း​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊ခရမ်း​ရောင်​စာရွက်​ဖြင့်​အနား​လေးဘက်​​ကော်​ကပ်​ကာ​အနားကွပ်​လိုက်​ပါတယ်​။ပြီး​နောက်​အရွယ်​တူကတ်​ထူငါးခုကိုပန်းအိုးပုံစံပြုလုပ်​၍​နေရာချလိုက်​ပါတယ်​။သစ်​ကိုင်း​လေး​တွေအဖြစ်​အစိမ်း​ရောင်​စာရွက်​ကိုအပိုင်းဖြတ်​ပြီး၊လိမ့်​၍​ခေါက်​ကာသစ်​ကိုင်းပုံဖြစ်​​အောင်​​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးပန်းပွင့်​များနှင့်​အရွက်​များ​ကော်​ကပ်​အလှဆင်​ရင်းနံရံအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။



Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အနီရောင် ပန်းအိုးလေးတစ်လုံး

ဟုတ်​ပါတယ်​.. ..အနီ​ရောင်​ပန်းအိုး​လေးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67