How to Make Paper Wall Hanging & Photo Frame

in #myanmar6 years ago

Paper Wall Hanging & Photo Frame

img1539328840741.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​လို့လည်းရပြီး၊ပုံ​လေး​တွေပါထည့်​လို့ရ​အောင်​paper artတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ဒီလိုအလှဆင်​ပစ္စည်းဖြစ်​ဖို့ပြုလုပ်​ရမည့့်​အဆင့်​​တွေကအရွယ်​မတူတဲ့စက္ကူအပိုင်း​လေးခုဖြတ်​ကာတွန့်​​ခေါက်​ရမယ်​။ပြီး​တော့အစိမ်း​ရောင်​ဘိုးပွင့်​သုံးခု၊စက်​၀ိုင်းပုံကတ်​ထူဖြတ်​မယ်​။ထို့​နောက်​အနီ​ရောင်​အသည်းပုံ​တွေကိုဆက်​ကာပန်းပွင့်​သုံးပွင့်​ပြုလုပ်​မယ်​။အရွက်​များဖြတ်​ပြီးအလှဆင်​မယ်​။လိုအပ်​တဲ့ပစ္စည်းများစုပါ့မယ်​။ကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ဖဲကြိုး၊double tapeစသဖြင့်​လိုအပ်​ပါတယ်​။

img1539328797471.jpg

ပထမဆုံးပန်း​ရောင်​စာရွက်​ကိုကြီးစဉ်​ငယ်​လိုက်​​လေးခုဖြတ်​လိုက်​မယ်​။ပြီး​နောက်​တွန့်​​ခေါက်​လိုက်​တယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊​ကော်​ကပ်​လိုက်​တယ်​။ကျန်​စာရွက်​​တွေကိုလည်းထိုနည်းအတိုင်းပြုလုပ်​ပြီး၊စုစု​ပေါင်း​လေးခုပြုလုပ်​လိုက်​တယ်​။ထို့​နောက်​အစိမ်းရောင်​ဖဲကြိုးဖြင့်​ဘိုးပွင့်​​သုံးခုချည်​လိုက်​တယ်​။ဆက်​လက်​ပြီးစာရွက်​အပိုင်းတစ်​ခုဖြတ်​၍ထိုအ​ပေါ်မှာစက္ကူ​ခေါက်​အကြီးဆုံးမှစကာ၊အစိမ်း​ရောင်​ဖဲပွင့်​​တွေနဲ့တစ်​ခုစီခြားပြီး​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181012_113713.jpg

IMG_20181012_114118.jpg

IMG_20181012_114511.jpg

IMG_20181012_114953.jpg

ဆက်​လက်​ပြီးကတ်​ထူတစ်​ရွက်​ယူမယ်​။စက်ဝိုင်းပုံနှစ်​ခုကိုပုံပါအတိုင်းဆွဲလိုက်​တယ်​။ပြီး​တော့ဖြတ်​ပြီးပန်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​မယ်​။စက်​၀ိုင်းပုံကတ်​ထူ​ဘောင်​တစ်​​လျောက်​အစိမ်း​ရောင်​ဖဲကြိုးများဖြင့်​ပတ်​၍ချည်​လိုက်​တယ်​။ကျောဘက်​မှာအခြားအဖြူ​ရောင်​ကတ်​ထူတစ်​ခုပြုလုပ်​ပြီး၊ပုံထည့်​လို့ရ​အောင်​အတွင်းဘက်​အနားမှာ​နေရာချန်​ပြီး၊​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181012_134602.jpg

ပန်းပွင့်​များပြုလုပ်​ပါဦးမယ်​။အနီ​ရောင်​စာရွက်​ဖြင့်​အသည်းပုံ​လေး​တွေဖြတ်​မယ်​။ထို့​နောက်​အခြားစာရွက်​တစ်​ခု​ပေါ်​ပန်းပွင့်​ပုံစံ​ဖော်​၍​ကော်​ကပ်​လိုက်​ပါတယ်​။အနီ​ရောင်​ပန်းပွင့်​သုံးပွင့်​ပြုလုပ်​လိုက်​ပါတယ်​။ထိုပန်းပွင့်​အလယ်​မှာအ၀ါ​ရောင်​စာရွက်​အပိုင်းများဖြင့်​စက္ကူအလိပ်​ပြုလုပ်​ပြီး​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အရွက်​ပုံ​လေး​တွေလည်းဖြတ်​လိုက်​တယ်​။ပြီး​နောက်​စက်​၀ိုင်းပုံ​ဘောင်​နှင့်​စက္ကူ​ခေါက်​​လေးခုပါတဲ့စက္ကူအပိုင်းကိုဆက်​လိုက်​တယ်​။အနီ​ရောင်​ပန်းသုံးပွင့်​နှင့်​အရွက်​​တွေကိုလည်းမိမိနှစ်​သက်​သလို​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181012_134624.jpg

IMG_20181012_134636.jpg

IMG_20181012_123521.jpg

img1539328746957.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

နောက်​ကျတယ်​​နော်​ တင်​တာ

Posted using Partiko Android

ခုမှပြီးလို့😀

Posted using Partiko Android

Congratulations @asterkame! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added
Presentamos el Ranking de SteemitBoard

Support SteemitBoard's project! Vote for its witness and get one more award!

Thank you so much

Posted using Partiko Android

မူကြိုဖွင့်ရင် သုံးနိုင်ဖို့ သိမ်းထားပါပြီ။

ဟုတ်​ကဲ့...သိမ်းထားလို့ရပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

ဒီ ပုံကြလက်​​ပေါက်​စိတ်​မှာ​နော်

အင်း...အဆင့်​နည်းနည်းများတယ်​...လက်​၀င်​တယ်​😊

Posted using Partiko Android

လှပါပေ၏

ဟုတ်​ကဲ့...လှတယ်​ဆိုလို.​ကျေးဇူးပါ....

Posted using Partiko Android

အနုပညာေ မြာက်‌ပါ‌ပေတယ်‌။

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ....​နောက်​လည်းကြိုးစားပါ့မယ်​...

Posted using Partiko Android

လုပ်ရာတာ လက်ဝင်မှာဗျာ
လှတယ်

ဟုတ်​တယ်​...အဆင့်​နည်းနည်းများပြီးလက်​၀င်​ပါတယ်​...

Posted using Partiko Android

တတ်လဲတတ်နိုင်ပါပေတယ်

ဟုတ်​ကဲ့😀....လှလှ​လေး​တွေဆက်​ပြုလုပ်​ပါဦးမယ်​...

Posted using Partiko Android

Hand made လေးတွေက တနေ့တမျိုးမရိုးစေရ အလွန်လှ

လှတယ်​ဆိုလို့​ပျော်​ပါတယ်​....😊

Posted using Partiko Android

စိတ်ကူးကောင်းသားပဲ

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.031
BTC 67651.53
ETH 3845.50
USDT 1.00
SBD 3.65