How to Make Paper Wall Hanging

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​ထားတာဖြစ်​ပြီး၊စက်​၀ိုင်းပုံခုနစ်​ခုပါတဲ့ကတ်​ထူ၊ပန်းပွင့်​များနှင့်​​ပေါင်းစပ်​ပြုလုပ်​ထားတာပါ။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍​ဖော်​ပြထားတာဖြစ်​ပြီး၊လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ဖဲကြိုး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545224257684.jpg

img1545224594802.jpg

ပထမဆုံးကတ်​ထူ​ပေါ်စက်​၀ိုင်းပုံတစ်​ခုဆွဲမယ်​။ထိုစက်​၀ိုင်းပတ်​လည်​တွင်​၎င်းနှင့်​အရွယ်​တူစက်​၀ိုင်းပုံ​ခြောက်​ခုထပ်​မံဆွဲမယ်​။ထိုစက်​၀ိုင်းပုံခုနစ်​ခုရဲ့အတွင်းမှာအခြားအရွယ်​တူစက်​၀ိုင်းပုံခုနစ်​ခုထပ်​မံဆွဲပါ့မယ်​။ပြီး​နောက်​မလိုတဲ့​နေရာကိုဖြတ်​လိုက်​ပါ့မယ်​။တစ်​ခုလုံးကိုအစိမ်း​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊ထပ်​မံ၍အပြာ​ရောင်​စာရွက်​အပိုင်းငယ်​များဖြင့်​အပြင်​စက်​၀ိုင်းအနား​တွေကိုချည်​လိုက်​ပါတယ်​။

IMG_20181215_093922.jpg

IMG_20181215_095104.jpg

ဒီအဆင့်​မှာပန်းပွင့်​ပြုလုပ်​ပါ့မယ်​။စက္ကူကိုတူညီတဲ့အပိုင်းများဖြတ်​၍​ခေါက်​ကာ၊အပိုင်းငယ်​များထပ်​မံဖြတ်​မယ်​။ထို့​နောက်​စက္ကူ​ခေါက်​ကိုဖြန့်​၍အတွင်းဘက်​သို့​ခေါက်​ကာ၊အဆုံးမှာ​ကော်​ကပ်​ပြီး၊ပန်းပွင့်​ပုံ​ပေါ်​အောင်​ဖြန့်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေး​တွေကိုလိ​မ္မော်​​ရောင်​နှင့်​ပန်း​ရောင်​နှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအခြားအ​ရောင်​နှစ်​မျိုးဖြင့်​စက္ကူ​ခေါက်​များပြုလုပ်​ပါဦးမယ်​။စက်​၀ိုင်းပုံအကြီးအ​သေးကိုအ​ရောင်​နှစ်​မျိုးဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​​ကော်​ကပ်​ကာ၊အလယ်​မှဖြတ်​လိုက်​ပါတယ်​။ထို့​နောက်​တွန့်​​ခေါက်​ပြီး၊အလယ်​မှ​ခေါက်​ချိုးကာ၊​ကော်​ကပ်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​များနှင့်​ပန်းပွင့်​​လေး​တွေကိုခုနကကတ်​ထူ​ပေါ်ပုံပါအတိုင်း​နေရာချ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181218_154108.jpg

IMG_20181219_153929.jpg

IMG_20181218_160921.jpg

IMG_20181218_172540.jpg

ဆက်​လက်​ပြီးလိ​မ္မော်​​ရောင်​စက္ကူကိုဖြတ်​၍​ခေါက်​ကာစက္ကူ​ခွေ​လေး​တွေပြုလုပ်​လိုက်​ပါတယ်​။ထိုစက္ကူ​ခွေ​တွေကိုဖဲကြိုးဖြင့်​ဆက်​ကာ၊အဆုံးမှာကတ်​ထူအ​သေးတစ်​ခုကိုဖဲကြိုးချည်​ရန်​​ဖောက်​၍ဖဲကြိုးဖြင့်​ဆက်​ကာ၊ထိုအ​ပေါ်မှာလည်းပန်းပွင့်​သုံးပွင့်​ထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181219_152455.jpg

IMG_20181219_152741.jpg

IMG_20181219_153833.jpg

img1545224140871.jpg

img1545224417688.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဒီတစ်ခါ စကြ်ာပန်းကလေးပေါ့

ဟုတ်​ပါတယ်​....အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

အမကို တော့မလေးစားပဲ မနေ နိုင်ဘူး
တော်တယိအမရေ

ဆက်​ကြိုးစားပါ့မယ်​...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​....

Posted using Partiko Android

ဆက်​ကြိုးစားပါ့မယ်​...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​....

Posted using Partiko Android

တယ်လည်း လှပါပေသကိုး

Posted using Partiko Android

နင့်​ရဲ့ ကင်​မရာ တအား​ကောင်းတယ်​​နော်​ကြည်​ရှင်​​နေတာပါ့

ဟုတ်​လား...ဖုန်းနဲ့ရိုက်​ထားတာပါ....​ကျေးဇူးပါ...

Posted using Partiko Android

ဟုတ်​လား...ဖုန်းနဲ့ရိုက်​ထားတာပါ....​ကျေးဇူးပါ...

Posted using Partiko Android

ချစ်စရာ လှပသော wall hanging လေးပါအစ်မ။color လေးတွေလည်း သဘောကျနှစ်သက်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...ခုလိုအား​ပေးတာ​ပျော်​ပါတယ်​...ဆက်​ကြိုးစားပါ့မယ်​...​ကျေးဇူးပါ

Posted using Partiko Android

ပန်းပွင့်ပုံစံလေး လှပါ့ဗျာ။

လှတယ်​ဆိုလို့​ပျော်​ပါတယ်​....​ကျေးဇူးပါ....

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78