How to Make Paper Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။ပြုလုပ်​နည်းကို​တော့ပုံနှင့်​စာတွဲ၍​ဖော်​ပြထားပါတယ်​။လိုအပ်​တာ​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူကိုစက်​၀ိုင်းပုံဖြတ်​ပြီး၊အ၀ါနှင့်​ခရမ်းစာရွက်​အပိုင်းများဖြတ်​ကာ၊ကလစ်​ဖြင့်​ညှပ်​ရမယ်​။ပြီး​တော့နှင်းဆီပွင့်​နှင့်​အရွက်​​တွေဖြတ်​ရမှာပါ။

ပထမအဆင့်​မှာ​တော့ကတ်​ထူကိုစက်​၀ိုင်းပုံဖြတ်​ပြီး၊တူညီတဲ့ခရမ်း​ရောင်​စာရွက်​များဖြတ်​မယ်​။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းကလစ်​ဖြင့်​ညှပ်​မယ်​။အ၀ါ​ရောင်​​စာရွက်​ကိုလည်းထပ်​မံဖြတ်​ပြီး၊ခရမ်း​ရောင်​စက္ကူအ​ပေါ်မှထပ်​မံကလစ်​ဖြင့်​ညှပ်​မယ်​။ပြီး​တော့နှင်းဆီပွင့်​များပြုလုပ်​မှာပါ။နှင်းဆီတစ်​ပွင့်​အတွက်​အရွယ်​တူစက်​၀ိုင်းပုံသုံးခုဖြတ်​ရမှာပါ။စာရွက်​ကိုအဆင့်​ဆင့်​​ခေါက်​၍ဖြတ်​ကာ၊ပန်းပွင့်​ပုံသုံးခုပြုလုပ်​ပါတယ်​။ဆက်​လက်​ပြီးထိုပန်းပွင့်​သုံးပွင့်​မှပုံပါအတိုင်းထပ်​မံဖြတ်​ကာ၊ဆက်​၍​ကော်​ကပ်​ပြီး၊အရွယ်​မတူတဲ့စက္ကူ​ခေါက်​ငယ်​များပြုလုပ်​ကာ၊အကြီးမှအငယ်​သို့အဆင့်​ဆင့်​​ကော်​ကပ်​ရင်းနှင်းဆီပွင့်​များပြုလုပ်​ပါတယ်​။





ဆက်​လက်​ပြီးအရွက်​အခက်​များပြုလုပ်​ရန်​စာရွက်​ကို​ခေါက်​ချိုး၍ပုံဆွဲကာ၊ဖြတ်​ပြီး၊အစိမ်း​ရောင်​အခက်​များပြုလုပ်​ပါတယ်​။နှင်းဆီပွင့်​၊အခက်​များဖြင့်​​ကော်​ကပ်​ပါတယ်​။


Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှချက်အေ

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49