How to Make Paper Wall Hanging

in #myanmar6 years ago

ဒီတစ်​ခုကိုလည်းနံရံအလှဆင်​ပဲပြုလုပ်​လိုက်​ပါတယ်​။နံရံမှာအလှဆင်​​ကော်​ကပ်​နိုင်​သလို၊ကြိုးတပ်​ပြီးလည်းချိတ်​ဆွဲထားနိုင်​ပါတယ်​။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍ပြထားတာဖြစ်​ပြီး၊လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ဖဲကြိုး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545019413620.jpg

img1545019299181.jpg

ပထမအဆင့်​မှာ​တော့စက်​၀ိုင်းပုံတစ်​ခုပြုလုပ်​ပါတယ်​။ကတ်​ထူနှင့်​စာရွက်​ကိုသုံးပြီးပြုလုပ်​တာပါ။ထိုစက်​၀ိုင်းပုံရဲ့တစ်​၀က်​ခန့်​အလျားကိုတိုင်းပြီး၊အခြားကတ်​ထူတစ်​ခုဖြတ်​ရမယ်​။၎င်းကတ်​ထူမှာ​တော့​ခေါက်​ချိုးပြီး၊အကွာအ​ဝေးညီစွာအ​ပေါက်​က​လေး​တွေ​ဖောက်​လိုက်​ပါတယ်​။ပြီး​တော့စက်​၀ိုင်းပုံကတ်​ထူနှင့်​ဆက်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးစက္ကူအလိပ်​​လေး​တွေ​ခေါက်​မယ်​။စက္ကူအလိပ်​ကို​တော့အ​ရောင်​နှစ်​မျိုးဖြစ်​ချင်​တာ​ကြောင့်​အဖြူ​ရောင်​စာရွက်​မှာပန်း​ရောင်​စက္ကူအပိုင်းဖြတ်​၍အနားတစ်​ဘက်​မှာ​ကော်​ကပ်​လိုက်​ပါတယ်​။ထိုစာရွက်​ကိုတစ်​ဘက်​သို့လှည့်​၍​ထောင့်​စွန်းမှစတင်​​ခေါက်​ပြီး၊အဆုံးမှာ​ကော်​ကပ်​ကာစက္ကူအလိပ်​များပြုလုပ်​လိုက်​ပါတယ်​။ခုနကပြုလုပ်​ပြီးတဲ့ကတ်​ထူနှင့်​ပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။

IMG_20181211_150159.jpg

IMG_20181211_150951.jpg

IMG_20181211_151516.jpg

IMG_20181217_101415.jpg

IMG_20181211_152322.jpg

ဆက်​လက်​ပြီးပန်းပွင့်​နှင့်​အရွက်​များပြုလုပ်​ပါတယ်​။ပန်းတစ်​ပွင့်​ဖြစ်​ရန်​စက်​၀ိုင်းပုံစာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​ကာ၊ဖြတ်​၍ပန်းပွင့်​ပုံစာရွက်​ပြုလုပ်​လိုက်​ပါတယ်​။ိုထိုစက္ကူ​ခေါက်​လိုမျိုးသုံးခုဖြတ်​ရမှာပါ။ပန်းပွင့်​ပုံသုံးခုရတဲ့အခါ၊တစ်​ပွင့်​စီမှအစိတ်​အပိုင်း​လေး​တွေဖြတ်​ရမှာပါ။ဒါဆိုရင်​​ခြောက်​ခုဖြစ်​လာမှာပါ။တစ်​ခုစီကို​ကော်​ကပ်​၍ဆက်​လိုက်​တယ်​။ပြီး​နောက်​ထိုပန်းပွင့်​ပုံစံငယ်​​ခြောက်​ခုကိုငယ်​စဉ်​ကြီးလိုက်​စီ၍​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းနှင်းဆီပွင့်​​လေးပွင့်​ပြုလုပ်​လိုက်​ပါတယ်​။အရွက်​ကိုလည်းပထမအဆင့်​မှာအစိမ်း​ရောင်​စာရွက်​ဖြင့်​အရွက်​ပုံစံဖြတ်​ကာ၊အနား​တွေမှာ​တော့ကတ်​​ကြေးဖြင့်​အပိုင်းငယ်​​လေး​တွေဖြတ်​ပါတယ်​။အရွက်​၊အပွင့်​များကိုစီ၍​ကော်​ကပ်​လိုက်​ပါတယ်​။ချိတ်​ဆွဲလို့ရ​အောင်​ဖဲကြိုးကိုလည်းတပ်​လိုက်​ပါတယ်​။အကယ်​၍နံရံကပ်​ချင်​တယ်​ဆိုလည်းdouble tapeသုံး၍ကပ်​နိုင်​ပါတယ်​။

IMG_20181211_220855.jpg

IMG_20181211_221541.jpg

IMG_20181211_222022.jpg

IMG_20181211_222428.jpg

IMG_20181211_153232.jpg

img1545019334842.jpgimg1545019180497.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အရမ်းလှတာပဲ အားမှ အိမ်ကတူလေးတွေနဲ့ အပျင်းပြေလုပ်ကြည့်ဦးမယ်ဗျာ။

ကောင်းပါတယ်​....လှတယ်​ဆိုလို့​ကျေးဇူးပါ....

Posted using Partiko Android

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you so much

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ဒါ​လေးက တမျိုးလှတာ​ပေါ့

ဟုတ်​တယ်​...အလှတစ်​မျိုး​ပေါ့...😁​ကျေးဇူးပါ...

Posted using Partiko Android

စိတ်ကူးဉာဏ်တွေကောင်းပါ့။ တော်တယ်ဗျာ။

ဟုတ်​ကဲ့ပါ...ဆက်​ကြိုးစားပါ့မယ်
ကျေးဇူးပါ....

Posted using Partiko Android

နှင်းဆီပန်းလေး လုပ်ထားတာ တော်တော် လှတယ် ညီမ အရွက်အစိမ်းလေးတွေပါ ထည့်ထားတော့ ပိုပြီးလှတာ ပေါ်လွင်တယ်

Posted using Partiko Android

ဟုတ်​ပါတယ်​...နှင်းဆီပွင့်​​လေး​တွေကသဘာဝကျတယ်​လို့ထင်​ပါတယ်​....​ကျေးဇူးပါ...

Posted using Partiko Android

လှလိုက်တာ အမရယ် အမကတော့ တစ်ကယ့်ပါရမီရှင်ပါပဲ
ချစ်စရာလေး ဗျာ

ဆက်​ကြိုးစားပါ့မယ်​....လှလှ​လေး​တွေ....​ကျေးဇူးပါ....

Posted using Partiko Android

ပုံလေးတွေ စီစဉ်ပုံလှတယ်ဗျာ

Posted using Partiko Android

ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

ပုံလှလှလေးတွေ တင်နိုင်နေတုန်းပဲလားဗျာ
လေးစားပြီလေ👏👏👏👏

Posted using Partiko Android

ဟုတ်​ကဲ့....​အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63283.09
ETH 2463.49
USDT 1.00
SBD 2.54