How to Make Paper Pop-up Card

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့paper cardတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူကိုမိမိလိုအပ်​တဲ့အတိုင်းအတာကိုတိုင်း၍ပုံ​ဖော်​ကာ၊အဖွင့်​အပိတ်​​ခေါက်​ချိုးနိုင်​တဲ့ပုံစံလိုမျိုးပြုလုပ်​ထားတာပါ။အပြင်​ဘက်​မှာဆိုရင်​စက္ကူစ​တွေကို​ခေါက်​၍ပုံ​ဖော်​​ကော်​ကပ်​ပြီးပန်းပွင့်​များပြုလုပ်​အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

img1547523407292.jpg

img1547523519654.jpg

ပထမအဆင့်​မှာကတ်​ထူဖြတ်​ပါ့မယ်​။29cm10cmတိုင်း၍ကတ်​ထူကိုဖြတ်​ကာအပြာ​ရောင်​စာရွက်​​ကော်​ကပ်​မယ်​။ပြီး​နောက်​ထိုကတ်​ထူကိုအလယ်​မှ​ခေါက်​ချိုးမယ်​။နောက်​ကတ်​ထူတစ်​ခုထပ်​မံဖြတ်​မယ်​။အလျား26cmအနံ9cmဖြတ်​ပါ့မယ်​။အလျား26cmမှာ6.5cmတိုင်း၍​လေးကွက်​အညီအမျှမျဉ်းဆွဲပါ့မယ်​။ထိုကတ်​ထူကို​တော့အ၀ါ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​တွန့်​​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​မှာ​တော့အနီ​ရောင်​အသည်းပုံ​လေး​တွေဖြတ်​၍​ကော်​ကပ်​လိုက်​ပါတယ်​။နောက်​ထပ်​စာရွက်​တစ်​ရွက်​တိုင်း၍ဖြတ်​ပါ့မယ်​။အလျား20cmအနံ9cmတိုင်း၍အလျားရဲ့တစ်​ဘက်​စီမှ5.5cmထပ်​မံတိုင်းကာပုံပါအတိုင်းမျဉ်းဆွဲလိုက်​မယ်​။ထိုမျဉ်းအတိုင်း​ခေါက်​ချိုးလိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​ကိုခုနကပြုလုပ်​ထားတဲ့အပြာ​ရောင်​ကတ်​ထူအလယ်​မှာအ​ပေါ်ဘက်​အနားသုံးနား​နေရာမှာပဲနှစ်​ဘက်​စလုံး​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အ၀ါ​ရောင်​ကတ်​ထူစက္ကူ​ခေါက်​ကိုပထမကတ်​ထူရဲ့အလယ်​မှတ်​ကိုယူပြီးပုံပါအတိုင်း​နေရာချကာ၊​ကော်​ကပ်​ရန်​​နေရာကို​တော့​ဘောလ်​ပင်​နဲ့ဆွဲပြီးအမှတ်​အသားပြထားပါတယ်​။ပြီး​နောက်​​ကော်​ကပ်​၍​ကော်​​ခြောက်​သွားလျှင်​ပုံပါအတိုင်းအဖွင့်​အပိတ်​လုပ်​နိုင်​ပါတယ်​။

IMG_20190106_112612.jpg

IMG_20190106_113057.jpg

IMG_20190106_112349.jpg

IMG_20190106_113718.jpg

IMG_20190106_113923.jpg

IMG_20190106_114553.jpg

IMG_20190106_115514.jpg

IMG_20190115_100340.jpg

IMG_20190106_115918.jpg

IMG_20190106_120100.jpg

IMG_20190106_120332.jpg

IMG_20190106_120412.jpg

IMG_20190106_120610.jpg

img1547523471768.jpg

ဒီအဆင့်​မှာ​တော့အပြင်​ဘက်​မှာအခြားစက္ကူသုံးပြီး​ဘောင်​ခတ်​လိုက်​ပါတယ်​။ပြီး​နောက်​အနီ​ရောင်​နှင့်​အစိမ်း​ရောင်​စာရွက်​ကိုအပိုင်းငယ်​များဖြတ်​ပြီး၊အတွင်းသို့​ခေါက်​ကာပုံစံ​ဖော်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​များဖြင့်​အပြင်​ဘက်​မှာပန်းပွင့်​ပုံ​ဖော်​ကာအလှဆင်​လိုက်​ပါတယ်​။

IMG_20190106_122738.jpg

IMG_20190106_122808.jpg

img1547523622601.jpg

img1547523333391.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

စိတ်ကူးစေရာ လိုက်လုပ်နိုင်ပ

ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ....

Posted using Partiko Android

ပန်းခက်လေး လှနေရော

Posted using Partiko Android

ဟုတ်ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ....

Posted using Partiko Android

မတ်တယ်

မတ်​မတ်​​လေးလုပ်​ထားတာပါ...😁

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78