How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်ခုကတော့ပုံလေးတွေထည့်လို့ရတဲ့photo frameတစ်ခုပါ။စာအုပ်ပုံစံလိုခေါက်ချိုးရသလို၊ဒီအတိုင်းအလှထားလည်းရပါတယ်။မျက်နာနစ်ဘက်လုံးမှာပုံလေးတွေထားလို့ရအောင်ပြုလုပ်ထားတာပါ။စက္ကူခေါက်လေးခုစီကော်ကပ်ထားပြီး၊ပန်းပွင့်များဖြင့်အတွင်းအပြင်အလှဆင်ထားပါတယ်။

အဆင့်၁မှာဆိုရင်ကတ်ထူကိုယူပြီး၊ကော်လံသုံးခုခွဲ၍ခေါက်လိုက်ပါတယ်။ကဒ်ရဲ့အတွင်းဘက်ကိုအပြာရောင်စာရွက်ကော်ကပ်ထားပြီး၊အပြင်ဘက်မှာအပြာရောင်စာရွက်ပေါ်မှာအနီရောင်စာရွက်ထပ်မံကပ်ထားပါတယ်။ကဒ်ရဲ့အတွင်းဘက်မှာပုံလေးတွေထားနိုင်ရန်စက္ကူခေါက်ရှစ်ခုလိုအပ်ပါတယ်။စက္ကူခေါက်နည်းကအနီရောင်စာရွက်ကိုအလျားအနံတူစွာဖြတ်ပြီး၊ထောင့်စွန်းမှတစ်ဝက်တိတိခေါက်ချိုးမယ်။ပြီးတော့တစ်ဘက်စီမှစာရွက်ကိုအလယ်သို့ထပ်မံခေါက်မယ်။ခေါက်ထားတာကိုပြန်ဖြန့်ပြီး၊တစ်ဘက်စက္ကူစကိုခေါက်တင်လိုက်မယ်။ပြီးတော့ခုနကခေါက်ထားတဲ့တစ်ဘက်စီမှအစွန်းနှစ်ခုကိုအတွင်းသို့ခေါက်လိုက်တယ်။ထိုနည်းအတိုင်းစက္ကူခေါက်ရှစ်ခုပြုလုပ်ပါတယ်။ထိုစက္ကူခေါက်တွေကိုအစိမ်းရောင်စာရွက်ရဲ့ထောင့်လေးထောင့်မှာကော်ကပ်ပြီး၊တဖန်ကဒ်ရဲ့မျက်နာနှစ်ခုမှာပုံပါအတိုင်းကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာတော့ပန်းပွင့်များပြုလုပ်မှာပါ။ပထမဆုံးပန်းပွင့်ပုံလေးတွေဖြတ်လိုက်ပါတယ်။အပြာရောင်နဲ့လိမ္မော်ရောင်ပါ။ပြီးနောက်ပန်းပွင့်နှစ်ခုကိုကော်ကပ်ပြီး၊အပေါ်မှာအနီရောင်စက်ဝိုင်းပုံစာရွက်ထပ်မံကပ်လိုက်ပါတယ်။ပန်းပွင့်တွေကိုကဒ်ရဲ့အတွင်းဘက်၊အပြင်ဘက်မှာကော်ကပ်အလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Photo လေးတွေ ထည့်ချင်လိုက်တာ

Posted using Partiko Android

လက်ဆောင် ပေးပါ့မယ်.... ဒါနဲ့ကြုံတုန်းမေးကြည့်မလို့ပါ....ပါတီကိုပွိုင့်တွေကသုံးလို့မရဘူးလား?....amount ရွေးပီးလည်းaccထဲကပွိုင့်လည်းမလျော့သလိုဗို့လည်းမရဘူး....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks a lot

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 57379.94
ETH 2522.43
USDT 1.00
SBD 2.32