How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်ခါမှာလည်းပုံလေးသုံးပုံထည့်လို့ရပြီး၊ဓာတ်ပုံဘောင်သုံးခုပါတဲ့နံရံမှာကပ်လို့ရသလို၊ပုံလေးတွေထည့်နိုင်တဲ့paper photo frameတစ်ခုပြုလုပ်ထားပါတယ်။ဓာတ်ပုံဘောင်တွေကိုတော့စက္ကူခေါက်ပြီးပြုလုပ်ရမှာပါ။ပြီးနောက်ပန်းပွင့်များဖြင့်အလှဆင်ထားပါတယ်။

ပထမအဆင့်မှာဘောင်အရွယ်တူသုံးခုပြုလုပ်မှာပါ။စက္ကူခေါက်၍ပြုလုပ်ရမှာဖြစ်တာကြောင့်စာရွက်ကိုအလျားအနံတူစွာဖြတ်ပြီး၊အလယ်မှခေါက်ချိုးလိုက်တယ်။ထပ်မံ၍တစ်ဝက်ခေါက်ချိုးပြီး၊ပုံပါအတိုင်းဘေးနှစ်ဘက်ကိုခေါက်ချိုးလိုက်တယ်။ဆက်လက်ပြီးဘောလ်ပင်ဖြင့်အမှတ်ပြုလုပ်ထားတဲ့နေရာထိကိုခေါက်ပြီး၊စက္ကူခေါက်ကိုဖြန့်လိုက်ပါတယ်။ပြီးနောက်အနားလေးဘက်ကိုညီညာစွာခေါက်ချိုးပြီး၊ပုံထည့်လို့ရအောင်ထောင့်စွန်းလေးတွေပေါ်အောင်ခေါက်လိုက်ပါတယ်။ထိုလေးထောင့်ပုံစံကိုတိုင်း၍အပြာရောင်စာရွက်ဖြတ်ပြီး၊ကော်ကပ်လိုက်ပါတယ်။ထိုနည်းအတိုင်းဘောင်သုံးခုပြုလုပ်လိုက်ပါတယ်။ထိုဘောင်သုံးခုကိုဆက်ဖို့အတွက်ကတ်ထူနဲ့အပြာရောင်စာရွက်သုံးပြီးစက္ကူအပိုင်းနှစ်ခုဖြတ်လိုက်တယ်။ထိုစက္ကူပေါ်ဘောင်တွေကိုညီညာစွာကော်ကပ်ပါတယ်။

ဒီအဆင့်မှာပန်းပွင့်များခေါက်ပါ့မယ်။စာရွက်ကိုအပိုင်းငယ်များဖြတ်မယ်။ပြီးတော့အခွေလေးတွေဖြစ်အောင်ခေါက်ပြီး၊ပုံပါအတိုင်းပုံဖော်၍စက္ကူခေါက်များပြုလုပ်တယ်။ပန်းတစ်ပွင့်မှာစက္ကူခေါက်ငါးခုလိုအပ်ပါတယ်။အပေါ်မှာလည်းစက္ကူအခွေတစ်ခုထပ်မံကော်ကပ်လိုက်ပါတယ်။ထိုနည်းအတိုင်းပန်းပွင့်များပြုလုပ်မယ်။ပြီးနောက်ဘောင်တွေမှာအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61025.71
ETH 2726.09
USDT 1.00
SBD 2.45