How to Make Paper Pencil Holder & Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စာ​ရေးကိရိယာ​လေး​တွေထည့်​နိုင်​​အောင်​နှင့်​ဓာတ်​ပုံလည်းထည့်​လို့ရတဲ့​ဘောင်​တစ်​ခုနှင့်​အတူpencil boxတစ်​ခုလည်းပြုလုပ်​လိုက်​ပါတယ်​။

အဆင့်​၁မှာ​တော့ကတ်​ထူစက္ကူအလိပ်​တစ်​ခုကိုအနီ​ရောင်​စာရွက်​​ကော်​ကပ်​ထားလိုက်​တယ်​။ပြီး​နောက်​ကတ်​ထူတစ်​ရွက်​​ပေါ်အသည်းပုံစံဆွဲပြီး၊ပုံထည့်​လို့ရ​အောင်​​လေး​ထောင့်​ပုံစံထပ်​မံဖြတ်​လိုက်​မယ်​။ပြီး​တော့ထိုအသည်းပုံအတိုင်းကတ်​ထူတစ်​ခုထပ်​မံဖြတ်​၊​လိ​မ္မော်​​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊​ကျောဘက်​မှာ​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအခြားကတ်​ထူနှစ်​ခုပြုလုပ်​ပါ့မယ်​။တစ်​ခုကို​တော့အ​ခြေမှာထားရန်​၊ကျန်​တစ်​ခုကို​တော့သုံး​ခေါက်​ချိုးပြီး၊​ဘောင်​မှာ​ကော်​ကပ်​ရမှာပါ။

ဒီအဆင့်​မှာ​တော့ပန်းပွင့်​ပြုလုပ်​ပါတယ်​။ပန်း​​ရောင်စာရွက်​ကိုအရွယ်​တူအပိုင်းငယ်​များဖြတ်​လိုက်​တယ်​။ထိုစာရွက်​ငယ်​ငါးခုစီကိုအလယ်​မှကလစ်​ဖြင့်​ညပ်​လိုက်​မယ်​။စာရွက်​ရဲ့အနားတစ်​ခုစီမှာ​ကော်​ဖြင့်​ကပ်​ကာ၊​တစ်​ခုချင်းစီ​ခေါက်​၍ပန်းပွင့်​ပုံပြုလုပ်​လိုက်​ပါတယ်​။ပြီး​နောက်​ခရမ်း​ရောင်​နဲ့အ၀ါ​ရောင်​စာရွက်​​တွေကိုစက်​၀ိုင်းပုံဖြတ်​၍​ကော်​ကပ်​ပြီး၊ပန်းပွင့်​​လေး​တွေ​ပေါ်​ကော်​ကပ်​ပါတယ်​။စုစု​ပေါင်းပန်းပွင့်​​လေးပွင့်​ပြုလုပ်​ပြီး၊ပုံပါအတိုင်းအလှဆင်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အရမ်းကောင်းပါတယ်

ဟုတ်ကဲ့....​ေကျးဇူးပါ...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58733.26
ETH 2663.75
USDT 1.00
SBD 2.44