How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ကတ်​ထူဘူးခွံတစ်​ခုသုံးပြီးခဲတံ၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​စာ​ရေးကိရိယာအတိုအထွာများထည့်​နိုင်​​အောင်​pencil holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။နည်းနည်းဆန်းသစ်​သွား​အောင်​ဘူးခွံမှာစက်​၀ိုင်းပုံ​ဖောက်​၍ပလတ်​စတစ်​အကြည်​အထူဖြင့်​ကာ၍စက္ကူဘိုးတစ်​ခုဖြင့်​လည်းအလှဆင်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူဘူးခွံတစ်​ခု၊ခဲတံ၊​ပေတံ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ရောင်​စုံစာရွက်​၊ပလတ်​စတစ်​အကြည်​အနည်းငယ်​လိုအပ်​ပါတယ်​။

img1547904464313.jpg

img1547904216883.jpg

ပထမအဆင့်​မှာ​တော့ကတ်​ထူဘူးခွံတစ်​ခုယူကာ​စက်​၀ိုင်းပုံဆွဲ၍ဖြတ်​လိုက်​ပါတယ်​။ုပြီး​တော့အစိမ်း​ရောင်​စာရွက်​ဖြင့်​တစ်​ခုလုံး​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီး​ရှေ့ဘက်​မှာ​ကော်​ကပ်​ထားရန်​အခြားကတ်​ထူတစ်​ခုပြုလုပ်​ရမယ်​။ဘူးခွံရဲ့​ရှေ့ဘက်​မျက်​နှာအတိုင်းကတ်​ထူတစ်​ခုဖြတ်​မယ်​။စက်​၀ိုင်းပုံကိုလည်းထိုနည်းအတိုင်းဖြတ်​မယ်​။ထိုကတ်​ထူကို​တော့အစိမ်းနု​ရောင်​​ကော်​ကပ်​ပြီး၊စက်​၀ိုင်းပုံဖြတ်​ထားတဲ့​နေရာမှာပလတ်​စတစ်​အကြည်​အထူဖြင့်​​ကာလိုက်​ပါတယ်​။ပြီး​တော့အနားကို​တော့အစိမ်း​ရောင်​စာရွက်​ကိုတိုင်း၍ဖြတ်​ပြီး​ကော်​ကပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာအစိမ်း​ရောင်​ဘူးခွံမှာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20190118_214058.jpg

IMG_20190117_163444.jpg

ဒီအဆင့်​မှာပန်း​ရောင်​ဘိုးပွင့်​တစ်​ခုပြုလုပ်​ရမယ်​။အလျားအနံ15cmတိုင်း၍ဖြတ်​မယ်​။အလယ်​မှ​ခေါက်​ချိုးကာထိုအလယ်​မျဉ်းအထိတစ်​ဘက်​စီမှ​ခေါက်​ပါတယ်​။ထိုစက္ကူ​ခေါက်​ကိုအလယ်​မှ​ထပ်​မံ​ခေါက်​ပြီး၊အလယ်​​ခေါက်​ချိုး​နေရာမှာပုံပါအတိုင်းထပ်​မံ​ခေါက်​မယ်​။ဆက်​လက်​ပြီး​ခေါက်​ချိုးတဲ့​နေရာအထိနှစ်​ဘက်​စလုံး​ခေါက်​မယ်​။ထို​ခေါက်​ချိုးတဲ့​နေရာမှာပုံပါအတိုင်းတစ်​ဘက်​စီမှ​ခေါက်​ရဦးမယ်​။ပြီး​နောက်​ထိုစက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ပြီးဖြန့်​လိုက်​ရင်​ပုံပါအတိုင်းဘိုးပွင့်​ပုံစံရမှာပါ။ဘေးဘက်​​ထောင့်​စွန်း​တွေကိုလည်း​ခေါက်​၍အနားသတ်​လိုက်​ပါတယ်​။ထိုဘိုးပွင့်​ကို​တော့ဘူးခွံမှာ​ကော်​ကပ်​အလှဆင်​လိုက်​ပါတယ်​။

IMG_20190118_215843.jpgIMG_20190117_175426.jpgIMG_20190117_175518.jpgIMG_20190117_175658.jpgIMG_20190117_175944.jpgIMG_20190117_180020.jpgIMG_20190117_180116.jpgimg1547909400481.jpg

img1547904352207.jpg

img1547904282711.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

ခဲတံလေးတွေ ထည့်သိမ်းထားမယ်

Posted using Partiko Android

ဟုတ်​တယ်​....ခဲတံထည့်​ဖို့....😊

Posted using Partiko Android

Good very beauty

Posted using Partiko Android

ကျေးဇူးပါ....

Posted using Partiko Android

ဖဲပြားလေးက လေးထောင့်လေးဆိုတော့ အမြင်တစ်မျိုးဆန်းစေပါတယ်

ဟုတ်​ပါတယ်​....ခုလိုအား​ပေးတာ ​ကျေးဇူးပါ....

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 58557.01
ETH 2992.97
USDT 1.00
SBD 3.74