How to Make Paper Flower Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​နိုင်​တဲ့စက္ကူအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။ပန်း​ရောင်​၊အစိမ်းနှင့်​အဖြူ​ရောင်​သုံးမျိုးဖြင့်​ပုံ​ဖော်​ထားတာဖြစ်​ပြီး၊ဒီလိုနံရံအလှဆင်​ဖြစ်​ဖို့ပြုလုပ်​ရမည့်​အဆင့်​​တွေကပန်းပွင့်​ပုံစံဖြတ်​ရပါ့မယ်​။ပန်းပွင့်​ကို​တော့အဖြူနှင့်​ပန်း​ရောင်​စပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ​ရောင်​စုံစာရွက်​၊ခဲတံ၊​ပေတံ၊ကတ်​​ကြေး၊​ကော်​ဘူး၊စက္ကူညှပ်​ကလစ်​စသဖြင့်​လိုအပ်​ပါတယ်​။

img1541083679844.jpg

img1541083473776.jpg

ပထမဆုံးပန်းပွင့်​​လေးများပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကပန်း​ရောင်​နှင့်​အဖြူ​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​လိုက်​ပါ့မယ်​။အဖြူ​ရောင်​စာရွက်​ကို6cmပတ်​လည်​ဖြတ်​ပြီး၊ပန်း​ရောင်​စာရွက်​ကို5cmပတ်​လည်​ဖြတ်​လိုက်​ပါတယ်​။ပြီး​တော့​ထောင့်​ဖြတ်​အတိုင်း​ခေါက်​လိုက်​ပါတယ်​။ထပ်​မံ၍​နောက်​တစ်​ဆင့်​​ခေါက်​ပြီး၊ထိုစက္ကူ​ခေါက်​​ပေါ်ပုံပါအတိုင်းပုံဆွဲ၍ဖြတ်​လိုက်​ပါတယ်​။ပန်းပွင့်​ပုံစံများဖြတ်​ပြီးရင်​​တော့အဖြူပွင့်​နှင့်​ပန်း​ရောင်​အပွင့်​ကို​ကော်​ကပ်​ပြီး၊နှစ်​​ရောင်​စပ်​ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။

IMG_20181030_165845.jpg

IMG_20181030_172813.jpg

IMG_20181030_173326.jpg

အရွက်​များလည်းပြုလုပ်​ချင်​ပါ​သေးတယ်​။ထို့​ကြောင့်​အစိမ်း​ရောင်​စာရွက်​ကိုသုံး၍အရွက်​ပုံစံ​လေး​တွေဖြတ်​လိုက်​ပါတယ်​။အလယ်​မှ​ခေါက်​ပြီး၊သစ်​ရွက်​ပုံစံပို​ပေါ်လွင်​ဖို့အတွက်​အဆင့်​ဆင့်​တွန့်​​ခေါက်​လိုက်​ပါတယ်​။ပြီးမှစာရွက်​​ခေါက်​ကိုဖြန့်​ရင်​သစ်​ရွက်​ပုံ​လေး​တွေရမှာပါ။

IMG_20181031_105233.jpg

IMG_20181031_105607.jpg

ပန်းပွင့်​နှင့်​အရွက်​များပြုလုပ်​ပြီးရင်​​တော့ကတ်​ထူတစ်​ခုဖြတ်​ပါ့မယ်​။စက်​၀ိုင်းပုံစံဖြတ်​မှာပါ။ပြီး​တော့ဒီကတ်​ထူရဲ့​ဘေးပတ်​လည်​မှာပန်း​ရောင်​စက္ကူ​လေး​တွေကိုတူညီတဲ့အပိုင်းများဖြတ်​ပြီး၊စက္ကူညှပ်​ကလစ်​နဲ့ညှပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာကတ်​​ကြေးသုံးပြီးအချွန်​​လေး​တွေဖြစ်​​အောင်​ညီညာစွာဖြတ်​လိုက်​ပါတယ်​။အခြားကတ်​ထူတစ်​ခုကိုလည်းလိုအပ်​သလိုဖြတ်​ပြီး၊ထိုစက်​၀ိုင်းပုံကတ်​ထူနှင့်​ဆက်​လိုက်​ပါတယ်​။ထိုအ​ပေါ်မှာပန်းပွင့်​နှင့်​အရွက်​များ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181031_102919.jpg

IMG_20181031_103843.jpg

IMG_20181031_104828.jpg

IMG_20181031_110041.jpg

img1541083739908.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဘယ်သူမှလဲ မန့်လာမပေးကြပါလားဗျ။

ဟုတ်​ကဲ့...ဒီပိုစ့်​က​နောက်​တစ်​​နေ့proအတွက်​ကြိုတင်​ထားတာပါ...မနက်​ဖြန်​မှမန့်​ကြလိမ့်​မယ်​...​ရှေ့မှာပိုစ့်​တစ်​ခုရှိပါ​သေးတယ်​....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

C ကလာမ​ပေကြ​တော့ဘူး နားသွားလားမသိဘူး အဟီးး

ဟုတ်​တယ်​...ခုတ​လောအလာကျဲ​နေတယ်​....အခြားသူ​တွေဆီသွား​နေလို့ကို​ယ်​တွေအလှည့်​မ​ရောက်​​သေးဘူးထင်​တယ်​.....

Posted using Partiko Android

နားတာ မဟုတ်​ဘူး ဖုန်းနဲ့​ပေး​နေတာ အဆင်​မ​ပြေလို့တဲ့ ပီး​တော့ ခရီးထွက်​​နေလို့တဲ့ 😄

Posted using Partiko Android

ဒီလိုမျိုးလား...မ​တွေ့ရ​တော့လို့.....😀

Posted using Partiko Android

အမြဲအားပေးလျက်ပါ

Posted using Partiko Android

အား​ပေးလို့​ကျေးဇူးပါ.. ...

Posted using Partiko Android

သစ်ရွက်ခေါက်တာလေးတွေ သဘောကျသဗျ

ဟုတ်​ကဲ့...သစ်​ရွက်​ပုံစံပို​ပေါ်လွင်​​စေချင်​လို့ပါ...​ကျေးဇူးပါ....

Posted using Partiko Android

မချီးကျူးဘဲ မ‌နေနိုင်‌‌တော့ဘူးညီမ‌ရေ၊‌တော်‌ပါတယ်‌ဗျာ။

ဟုတ်​ကဲ့...​တော်​တယ်​ဆိုလို့​ပျော်​ပါတယ်​...​ကျေးဇူးပါ...😊

Posted using Partiko Android

အမြဲစမ်းသစ်နေအောင် တီထွင်တက်ပါပေတယ် ညီမရေ

Posted using Partiko Android

ဟုတ်​ကဲ့...​နောက်​လည်းအသစ်​အဆန်းများကြိုးစားပါ့မယ်​...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85