How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်ခုကတော့ပန်းအိုးလေးတစ်လုံးပါ။စာရွက်ရောင်စုံများဖြင့်ပြုလုပ်ထားတာပါ။ပြုလုပ်နည်းကိုပုံနှင့်စာတွဲ၍ဖော်ပြထားပြီး၊လိုအပ်တာတွေကစာရွက်၊ကတ်ကြေး၊ကော်ဘူး၊ဘူးခွံတစ်ခု၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပြုလုပ်ရမည့်အဆင့်တွေကပန်းပွင့်လေးတွေ၊အရွက်ပုံစံများ၊ပြီးတော့စက္ကူအလိပ်များ၊ပန်းအိုးအတွက်စက္ကူခေါက်တွေပြုလုပ်ရမှာပါ။ပန်းပွင့်ပြုလုပ်နည်းကပထမအဆင့်မှာအရွယ်တူစက်ဝိုင်းပုံများဖြတ်မယ်။အလယ်မှခေါက်ချိုးပြီး၊တစ်ခုနှင့်တစ်ခုဆက်၍ကော်ကပ်ပါတယ်။ရောင်စုံလေးတွေပြုလုပ်လိုက်ပါတယ်။ဆက်လက်၍အစိမ်းရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံပါအတိုင်းအဆင့်ဆင့်ခေါက်လိုက်တယ်။ပုံဆွဲ၍ဖြတ်ပြီး၊အစိမ်းရောင်အရွက်ပုံလေးရမှာပါ။အစိမ်းရောင်စာရွက်ကိုစက္ကူအလိပ်များခေါက်ပြီး၊အပွင့်၊သစ်ရွက်ပုံများနှင့်ဆက်၍ကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာပန်းအိုးပုံစံပြုလုပ်မှာပါ။စက္ကူခေါက်များပြုလုပ်ပါ့မယ်။အပြာရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အလယ်သို့ထောင့်စွန်းလေးခုကိုခေါက်လိုက်ပါတယ်။အဝါရောင်စာရွက်ကိုအပြာရောင်စာရွက်ရဲ့အလယ်လေးထောင့်ပုံစံအတိုင်းဖြတ်၍ကော်ကပ်လိုက်ပါတယ်။ထိုစက္ကူခေါက်တွေကိုဘူးခွံမှာပုံပါအတိုင်းညီညာစွာကော်ကပ်ပါတယ်။ပန်းရောင်ပန်းပွင့်များကိုပုံဆွဲ၍ဖြတ်ပြီးထပ်မံကော်ကပ်ပါတယ်။လှပစွာပြုလုပ်ထားတဲ့ပန်းအိုးလေးတစ်ခုပါ။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ရိုးရိုးလေးလှ

Posted using Partiko Android

ကျေးဇူးပါ.....
ဆက်ကြိုးစားပါ့မယ်...

Posted using Partiko Android

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63635.72
ETH 2597.20
USDT 1.00
SBD 2.91