How to Make Paper Flower Vase

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့ပန်းအိုး​လေးတစ်​လုံးပြုလုပ်​ဖြစ်​ပါတယ်​။ပန်းအိုးကို​တော့ဘိုးပွင့်​နှင့်​ပန်း​ပွင့်​များအလှဆင်​ကာပြုလုပ်​ထားပါတယ်​။ကတ်​ထူကိုအရွယ်​တူ၊ပုံစံတူ​လေးခုပြုလုပ်​ကာတစ်​ခုနှင့်​တစ်​ခုဆက်​ပြီးပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545141580419.jpg

img1545141993672.jpg

ပထမအဆင့်​မှာကတ်​ထူနှင့်​အစိမ်း​ရောင်​စာရွက်​ကိုသုံးပြီး၊အရွယ်​တူ၊ပုံစံတူကတ်​ထူ​လေးခုပြုလုပ်​မှာပါ။ဖြတ်​တဲ့အခါ​ဘေးဘက်​မှာ​ကော်​ကပ်​ရန်​​နေရာအနည်းငယ်​ထား၍ဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​​ကော်​ကပ်​ပြီးတစ်​ခုနှင့်​တစ်​ခုဆက်​လိုက်​ပါတယ်​။အခြားကတ်​ထူတစ်​ခုကို​အောက်​​ခြေဘက်​ထားရန်​ဖြတ်​ပါ့မယ်​။ပြီး​နောက်​ထိုနှစ်​ခုကိုဆက်​လိုက်​ပါတယ်​။အ​ပေါ်ဘက်​အနား​လေးဘက်​မှာလည်းအခြားစက္ကူများဖြင့်​အနားကွပ်​လိုက်​ပါတယ်​။

IMG_20181130_092250.jpg

IMG_20181130_093033.jpg

IMG_20181218_202722.jpg

IMG_20181130_095231.jpg

IMG_20181218_202746.jpg

ဒီအဆင့်​မှာ​တော့အနီ​ရောင်​နှင့်​အ၀ါ​ရောင်​စာရွက်​သုံးပြီးနှင်းဆီပွင့်​များပြုလုပ်​ပါ့မယ်​။စာရွက်​​ပေါ်မှာစက်​၀ိုင်းပုံကိုအထပ်​ထပ်​ဆွဲကာဖြတ်​လိုက်​ပြီး၊အနားမှအတွင်းသို့​ခွေ၍​ခေါက်​ကာ၊အဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ထိုပန်းပွင့်​​တွေကိုပုံပါအတိုင်းစီ၍​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181202_104603.jpg

IMG_20181202_104822.jpg

IMG_20181202_105548.jpg

ဆက်​လက်​ပြီးအနီ​ရောင်​ဘိုးပွင့်​တစ်​ခုပြလုပ်​ရန်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊အလယ်​မှ​ခေါက်​ချိုးမယ်​။ထောင့်​ဖြတ်​အတိုင်းထပ်​မံ​ခေါက်​မယ်​။ပြီး​နောက်​အတွင်းသို့​ခေါက်​လိုက်​တယ်​။အစွန်း​နေရာမှာအနည်းငယ်​​ခေါက်​ကာ၊စာရွက်​ကိုဖြန့်​လိုက်​ပါ။လေး​ထောင့်​ပုံစံ​ခေါက်​ချိုးမျဉ်းရမှာပါ။ထိုမျဉ်းအတိုင်းအတွင်းသို့စု၍​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​ရဲ့အ​ပေါ်ဘက်​အနားနှစ်​ခုထပ်​မံ​ခေါက်​မယ်​။ကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ကာစက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​ပုံပါအတိုင်း​တွေ့ရမှာပါ။ထို့​နောက်​​ကျောဘက်​သို့လှည့်​ကာ​ဘေးဘက်​အနားနှစ်​ဘက်​ကိုဖြတ်​ပြီး၊တစ်​စကို​ခေါက်​ကာကျ​န်​စက္ကူစနှင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့အလယ်​မှဖြတ်​ကာ၊​ဘေးနှစ်​ဘက်​စက္ကူကိုအလယ်​သို့​ခေါက်​လိုက်​တယ်​။အောက်​ဘက်​စက္ကူစကိုလည်းအလယ်​သို့​ခေါက်​ကာ၊စက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ပြီး၊​ဘေးနှစ်​ဘက်​ကိုအလယ်​သို့​ခေါက်​ပြီး၊​အောက်​ဘက်​စက္ကူစကိုပုံစံ​ဖော်​၍ဖြတ်​လိုက်​ပါတယ်​။

IMG_20181218_210404.jpgIMG_20181218_210426.jpg

img1545141746393.jpg

img1545141702620.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ကြိုးစားအားထုတ်မှုကို လေးစားလျက်။

ဟုတ်​ကဲ့...ခုလိုအား​ပေးမှုအတွက်​​ကျေးဇူးပါ....ဆက်​လက်​ကြိုးစားပါ့မယ်

Posted using Partiko Android

အလှစက္ကူ ထွင်ထားတဲ့ အရာလေးတွေ ထုတ်ရောင်းရင် ကောင်းဘူးလား

Posted using Partiko Android

ကောင်းပါတယ်​...ဟိုတစ်​​နေ့ကfbမှာpageတစ်​ခု​တွေ့တယ်​....စက္ကူ​ခေါက်​ပြီးနားဆွဲ၊လက်​ပတ်​၊ဆွဲကြိုး​လေး​တွေဖန်​တီးထားတာ....

Posted using Partiko Android

ပန်းအိုး​လေးလား

ဟုတ်​ပါတယ်​....ပန်းအိုး​လေးပါ....😊

Posted using Partiko Android

လက်ရာလေးက သေသပ်လိုက်တာ

Posted using Partiko Android

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​....အား​ပေးလို့​ကျေးဇူးပါ.. .

Posted using Partiko Android

လုပ်နိုင်ပါ့ဗျာ

Posted using Partiko Android

ဟုတ်​ကဲ့...ဆက်​ပြီးကြိုးစားပါ့မယ်

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35