How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စက္ကူ​တွေနဲ့ပန်းအိုးတစ်​လုံးပြုလုပ်​လိုက်​ပါတယ်​။စက္ကူကိုCDချပ်​​အ​ဟောင်း​တွေနှင့်​​ပေါင်းစပ်​ကာပန်းပွင့်​များနှင့်​အလှဆင်​ပြီးပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊CDချပ်​အ​ဟောင်း၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1547640483778.jpg

img1547640326540.jpg

img1547640528029.jpg

ပထမအဆင့်​မှာ​တော့CD​ခွေအ​ဟောင်း​တွေကိုအလယ်​မှတစ်​၀က်​အညီအမျှဖြတ်​ကာ၊ပန်း​ရောင်​စာရွက်​​တွေနဲ့​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ကတ်​ထူသုံးပြီးစက္ကူအလိပ်​တစ်​ခုပြုလုပ်​ကာ၊​အောက်​​ခြေအတွက်​စက္ကူအလိပ်​ရဲ့အလျားအတိုင်းကတ်​ထူတစ်​ခုဖြတ်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ထိုစက္ကူအလိပ်​ကိုပန်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​မယ်​။ပြီး​နောက်​ခုနကပြုလုပ်​ထားတဲ့စက်​၀ိုင်းခြမ်းပုံစံ​လေး​တွေကို​ကော်​(သို့မဟုတ်​)double tapeသုံးပြီး၊ပုံပါအတိုင်းညီညာစွာ​နေရာချ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အလှဆင်​ရန်​အ၀ါ​ရောင်​ပန်းပွင့်​များဆက်​လက်​ပြုလုပ်​ပါ့မယ်​။

IMG_20190110_145416.jpg

img1547640231726.jpg

ပန်းပွင့်​ပြုလုပ်​ရန်​အတွက်​အ၀ါ​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​လိုက်​မယ်​။ပြီး​နောက်​​ထောင့်​စွန်းမှ​ထောင့်​ဖြတ်​အတိုင်း​ခေါက်​မယ်​။ထပ်​မံ၍အဆင့်​ဆင့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံဆွဲ၍ဖြတ်​ပြီး၊စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​ပန်းပွင့်​ပုံရလာမှာပါ။ထိုနည်းအတိုင်းပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံမှာမြင်​ရတဲ့အတိုင်းအလှဆင်​​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20190116_113346.jpg

IMG_20190116_115525.jpg

img1547640276100.jpg

img1547640369754.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လွင့်ပစ်ရမဲ့ cdချပ်လေးတွေနဲ့ လှလှပပလေး တန်ဆာဆင်ပြီးတော့ အသုံးဝင်တဲ့ ပစ္စည်းလေးဖြစ်အောင်ပြင်ထားတာ သဘောကျမိတယ် ညီမရေ

ဟုတ်​ကဲ့...ခုလိုအား​ပေးမှုအတွက်​​ပျော်​ပါတယ်​...ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ပန်းကမ္ဘာလုံးလား

Posted using Partiko Android

ပန်းအိုးပါ....😁

Posted using Partiko Android

အသဲကွဲပါတယ်ဆို ဆူးစိုက်ထားသေး 😁

ဟုတ်​ပါတယ်​....😂

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01