How to Make Paper Flower Pop-up Card

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ပန်းပွင့်​များနှင့်​အတူpaper pop-up cardတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူတစ်​ခုပြုလုပ်​ပြီး၊ထိုကတ်​ထူအလယ်​မျဉ်းမှာပန်းပွင့်​နှင့်​အတူ၊ကတ်​ထူကိုအသုံးပြု၍ခြံစည်းရိုးပုံစံ​ဖော်​ကာ၊ပန်းခြံပုံပြုလုပ်​လိုက်​ပါတယ်​။အပြင်​ဘက်​မှာလည်းပန်းခက်​နှစ်​ခက်​ဖြင့်​အလှဆင်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူစာရွက်​၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1542532462772.jpg
img1542532609167.jpg

img1542532356847.jpg

ပထမအဆင့်​မှာပန်းပွင့်​ပြုလုပ်​ပါ့မယ်​။ပန်းပွင့်​ပြုလုပ်​နည်းကနှစ်​မျိုးလို့ထင်​ရ​ပေမဲ့၊စက္ကူ​ခေါက်​တာအတူတူဖြစ်​ပြီး၊​နောက်​ဆုံးအဆင့်​ပုံဆွဲရာမှာကွာခြားသွားပါတယ်​။ပန်းပွင့်​ဖြစ်​ရန်​အရွယ်​တူစက်​၀ိုင်းပုံများဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​ကာ၊ပုံဆွဲလိုက်​ပါတယ်​။ပုံစံနှစ်​မျိုးဆွဲလိုက်​တယ်​။ပြီး​နောက်​ကတ်​ကြေးဖြင့်​ဖြတ်​ပြီး၊အလယ်​မှာအခြားစက်​၀ိုင်း​ပုံစံစက္ကူဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေး​တွေပြုလုပ်​လိုက်​ပါတယ်​။

IMG_20181115_165739.jpg

IMG_20181115_171549.jpg

IMG_20181115_171224.jpg

IMG_20181115_172618.jpg

အရွက်​များဆက်​လက်​ပြုလုပ်​ပါ့မယ်​။အစိမ်း​ရောင်​စာရွက်​ကို​ခေါက်​ပြီး၊အရွက်​အခက်​ပုံစံဆွဲလိုက်​ပါတယ်​။ပြီး​နောက်​ဖြတ်​ပြီး၊အခြားကတ်​ထူ​ပေါ်​​ကော်​ကပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာအခက်​များကိုညီညာစွာပြန်​ဖြတ်​ပြီး၊ပန်းပွင့်​အချို့နှင့်​တွဲ၍​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181115_173242.jpg

IMG_20181115_173919.jpg

IMG_20181116_112620.jpg

ထို့​နောက်​ကတ်​ထူတစ်​ရွက်​မှာအလျား8.5"အနံ2.5"ယူလိုက်​တယ်​။အလျား8.5"မှာ2"စီ​လေးကွက်​တိုင်း၍ကျန်​0.5ကို​ကော်​ကပ်​ရန်​ချန်​ထားပါတယ်​။ထို့အတူအနံမှာလည်း2"ယူပြီး0.5"​ကော်​ကပ်​ရန်​ချန်​ထားလိုက်​တယ်​။ပြီး​တော့အလျားရဲ့​ကော်​ကပ်​ရန်​​နေရာမှာမလိုတဲ့အပိုင်းကိုဖြတ်​ပြီး၊ခရမ်း​ရောင်​စက္ကူကပ်​လိုက်​ပါတယ်​။ပြီး​တော့ကတ်​ထူအဖြူ​ရောင်​​တွေကိုပုံပါအတိုင်းဖြတ်​ပြီးခြံစည်းရိုးပုံစံ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့ကတ်​ထူတစ်​ရွက်​ယူမယ်​။အတွင်းဘက်​မှာအ၀ါ​ရောင်​​ကော်​ကပ်​ပြီး၊ဒီအ​ပေါ်မှာအစိမ်း​ရောင်​စာရွက်​ထပ်​မံကပ်​လိုက်​ပါတယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊ခုနကပြုလုပ်​တဲ့ခရမ်း​ရောင်​ကတ်​ထူကိုအလယ်​မျဉ်းမှာပုံပါအတိုင်း​နေရာချ၍​ကော်​ကပ်​ရန်​​နေရာမှာနှစ်​ဘက်​လုံး​ကော်​ကပ်​လိုက်​ပါတယ်​။ကော်​​ခြောက်​သွား​အောင်​ထားလိုက်​ပါတယ်​။ပြီး​နောက်​ပြုလုပ်​ပြီးတဲ့ပန်းခက်​​တွေနှင့်​ကျန်​ပန်းပွင့်​များကိုပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။ထောင့်​စွန်းနှစ်​ဘက်​ကိုလည်းပန်းနှစ်​ပွင့်​ကပ်​ပြီး၊အပြင်​ဘက်​မှာ​တော့အ၀ါ​ရောင်​စာရွက်​ကို​ကော်​ကပ်​ကာ၊အရွက်​အခက်​နှင့်​ပန်း​ရောင်​ပန်းပွင့်​များဖြင့်​အလှဆင်​ထားပါတယ်​။

IMG_20181115_160831.jpg

IMG_20181115_164256.jpg

IMG_20181116_124906.jpg

IMG_20181117_150851.jpg

img1542532577915.jpg

img1542532229736.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

3d ပန်းပဒ်လေး လှပါတယ်လို့😁

Posted using Partiko Android

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူး​နော့....😊

Posted using Partiko Android

ပန်ပန်းဘယ်ပန်းကြိုက်စက္ကူပန်တွေကြိုက်တဲ့ သမီးဆိုနေတာ

Posted using Partiko Android

မိုက်​တယ်​....စက္ကူပန်းကြိုက်​သူတိုးလာပြီ...😀

Posted using Partiko Android

မိုက်​တယ်​....စက္ကူပန်းကြိုက်​သူတိုးလာပြီ...😀

Posted using Partiko Android

ချီးကျူးပါတယ်ဗျာ။စုံအောင်လုပ်တတ်ပါပေတယ်။

ဟုတ်​ကဲ့...ဆက်​ပြီးကြိုးစားပါ့မယ်
ကျေးဇူးပါ...

Posted using Partiko Android

ဒီလို လုပ်ထားတာလေးလည်း ကြိုက်နှစ်သက်ပါတယ်ခင်ဗျာ။လှပကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့ပါ...ခုလိုအား​ပေးလို့​ကျေးဇူးပါ
ဆက်​ပြီးအလှအပများလည်းပြုလုပ်​ပါဦးမယ်​....

Posted using Partiko Android

သူများတွေလိုပဲ လှပါတယ်လို့

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ပျော်​ပါတယ်​...😊

Posted using Partiko Android

လှတယ်ဗျို့

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

ဒါ​လေးလဲ တစ်​မျိုးလှ​နေပြန်​​ရော 😊

Posted using Partiko Android

လှတယ်​ဆိုလို့​ပျော်​ပါတယ်​😊

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99