How to Make Paper Flower Card

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့​ရောင်​စုံစာရွက်​ဖြင့်​ပန်းပွင့်​များပါတဲ့paper flower cardတစ်​ခုပြုလုပ်​ထားပါတယ်​။

ပထမအဆင့်​မှာ​တော့အနီ​ရောင်​စာရွက်​ကိုညီညာစွာပုံပါအတိုင်းတွန့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​ကဒ်​ရဲ့​ရှေ့ဘက်​နှင့်​​ကျောဘက်​အတွက်​အခြားအနီ​ရောင်​စာရွက်​နှစ်​ရွက်​ကိုဆက်​၍​ကော်​ကပ်​လိုက်​မယ်​။အတွင်းဘက်​ရဲ့​ဘေးနှစ်​ဘက်​စာမျက်​နှာမှာအစိမ်း​ရောင်​စာရွက်​နှစ်​ရွက်​ဖြင့်​ထပ်​မံ​ကော်​ကပ်​မယ်​။ဆက်​လက်​ပြီးပန်းပွင့်​နှင့်​အရွက်​များပြုလုပ်​မှာပါ။

ပန်းပွင့်​ပြုလုပ်​ရန်​ပထမဆုံးရွယ်​တူစက်​၀ိုင်းပုံများဖြတ်​၍​ခေါက်​မယ်​။ပြီး​နောက်​ပုံပါအတိုင်းပုံဆွဲ၍ဖြတ်​ကာ၊ပန်းပွင့်​ပုံစံပြုလုပ်​မယ်​။အခြားအစိမ်းနု​ရောင်​စက်​၀ိုင်းပုံငယ်​များထပ်​မံပြုလုပ်​ပြီး၊အလယ်​မှာ​ကော်​ကပ်​ရမယ်​။ဆက်​လက်​ပြီးအစိမ်း​ရောင်​စာရွက်​​ပေါ်အရွက်​အခက်​ပုံဆွဲ၍ဖြတ်​ကာ၊အရွက်​များပြုလုပ်​မယ်​။ကဒ်​ရဲ့တွန့်​​ခေါက်​ထားတဲ့အလယ်​​နေရာ​ခေါက်​ချိုး​တွေမှာပန်းပွင့်​များကို​ကော်​ကပ်​မှာပါ။ကျန်​တဲ့​ဘေးဘက်​​နေရာနှင့်​​ရှေ့ဘက်​မှာ​တော့ပုံပါအတိုင်းပန်းပွင့်​၊အရွက်​များဆက်​လက်​​ကော်​ကပ်​ပါ့မယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှပါပေတယ်ဗျာ။ စက္ကူ အစား ထိုးလေးတွေ စဉ်းစားကြည့်သင့်တယ်နော်။

ဟုတ်​ကဲ့....စဉ်းစား​နေပါတယ်​....​ကျေးဇူးပါ...😁

Posted using Partiko Android

လှပါတယ်ခင်ဗျာ။အရောင်လေးတွေ သုံးထားတာ ကောင်းမွန်လှပပြီး လိုချင်စရာလေးပါ အစ်မ။

Posted using Partiko Android

ဟုတ်​ကဲ့....​နောက်​လည်းကြိုးစားပါဦးမယ်​....အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတော့ ပိုပြီး လှနေတယ် ညီမရေ

ဟုတ်​ပါတယ်​...ပန်းပွင့်​၊အရွက်​​လေး​တွေနဲ့....​နောက်​လည်းလှတာ​လေး​တွေဆက်​ကြိုးစားမှာပါ....

Posted using Partiko Android

အမြဲတမ်းလှသဗျာ…ဒီဇိုင်းဆန်းလေးတွေက…:-))

ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62975.56
ETH 3112.53
USDT 1.00
SBD 3.87