How to Make Paper Accessories Stepper Box

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့boxနှစ်​ခုပြုလုပ်​ပြီး၊တစ်​ခုနှင့်​တစ်​ခုဆင့်​၍၊အခြားကတ်​ထူနှစ်​ခုနှင့်​အတူခိုင်​ခံ့​အောင်​ပုံစံ​ဖော်​ထားတဲ့၊လိုအပ်​သလိုအတိုအထွာ၊စာ​ရေးကိရိယာများလည်းထည့်​လို့ရ​အောင်​အသစ်​အဆန်းပုံစံတစ်​မျိုးဖြင့်​ပြုလုပ်​ထားတာပါ။ပြီး​နောက်​ပန်းပွင့်​များဖြင့်​လည်း​ကော်​ကပ်​လိုက်​ပါတယ်​။ဒီလိုboxလှလှ​လေးဖြစ်​ဖို့လိုအပ်​တဲ့ပစ္စည်း​တွေစုပါ့မယ်​။လိုအပ်​တာ​တွေကအရွယ်​တူကတ်​ထူဘူးခွံနှစ်​ခု၊​ရောင်​စုံစာရွက်​၊အခြားကတ်​ထူတစ်​ခု၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1542431990865.jpg

img1542432042888.jpg

ပထမအဆင့်​မှာအရွယ်​တူဘူးခွံနှစ်​ခုကိုညီညာစွာဖြတ်​ပြီး၊ပန်း​ရောင်​စာရွက်​​တွေနှင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အခြားကတ်​ထူတစ်​ရွက်​မှာတူညီတဲ့ကတ်​ထူအပိုင်းနှစ်​ခုဖြတ်​လိုက်​တယ်​။ထိုကတ်​ထူနှစ်​ခုကိုလည်းအ၀ါ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ထားလိုက်​ပါတယ်​။ထို့​နောက်​ခုနကပြုလုပ်​ပြီးတဲ့အရွယ်​တူဘူးခွံနှစ်​ခုနှင့်​အ၀ါ​ရောင်​ကတ်​ထူအပိုင်းနှစ်​ခုကိုပုံမှာမြင်​ရတဲ့အတိုင်းဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပို၍ခိုင်​ခံ့​စေချင်​တာ​ကြောင့်​ခရမ်း​ရောင်​စာရွက်​ကိုဖြတ်​၍​ခေါက်​ပြီး၊ထိုစာရွက်​အပိုင်းဖြင့်​ဘူးခွံနှစ်​ခုနှင့်​ကတ်​ထူဆက်​ထားတဲ့​နေရာမှာထပ်​မံ​ကော်​ကပ်​လိုက်​ပါ​သေးတယ်​။ဆက်​လက်​ပြီးပန်းပွင့်​များ​ခေါက်​ပါ့မယ်​။

IMG_20181112_132632.jpg

IMG_20181112_132617.jpg

IMG_20181112_132558.jpg

IMG_20181112_132543.jpg

ပန်းပွင့်​များပြုလုပ်​ရန်​စာရွက်​ကိုအလျား၊အနံမတူ​အောင်​ဖြတ်​ရပါ့မယ်​။အကယ်​၍အလျား5cmဆိုရင်​အနံ15cmယူပြီးဖြတ်​လိုက်​ပါ့မယ်​။အလျား၊အနံကိုသုံးဆကွာရပါ့မယ်​။ပြီး​နောက်​ဖြတ်​ထားတဲ့စာရွက်​ကိုတွန့်​​ခေါက်​ပြီး၊အလယ်​မှ​ခေါက်​ချိုး၍စက္ကူညှပ်​ကလစ်​ဖြင့်​ညှပ်​လိုက်​မယ်​။ပြီး​တော့​ဘေးအနားနှစ်​ဘက်​မှာပုံပါအတိုင်းဆွဲလိုက်​ပါတယ်​။ပြီး​တော့ကတ်​​ကြေးဖြင့်​ဖြတ်​မယ်​။ထို့​နောက်​ပန်းပွင့်​ပုံစံရ​အောင်​ဖြန့်​ပြီး၊​လိုအပ်​တဲ့​နေရာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181110_095925.jpg

IMG_20181110_120843.jpg

img1542432108421.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ဒီပညာက အ​တော်​ကိုစိတ်​​ရှေမှဖြစ်​မှာ​နော်

ဟုတ်​ပါတယ်​.. ..စိတ်​ရှည်​မှသပ်​ရပ်​တာပါ...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

Paper flower lovely

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

စက္ကူထူမှ ဖြစ်မယ်နော်

Posted using Partiko Android

ဟုတ်​ပါတယ်​...စက္ကူထူကထူ​လေခိုင်​ခံ့​လေပါဘဲ....

Posted using Partiko Android

ဟုတ်​ပါတယ်​...စက္ကူထူကထူ​လေခိုင်​ခံ့​လေပါဘဲ....

Posted using Partiko Android

အသစ်အဆန်းတွေပေါပါ့။

ဟုတ်​ကဲ့...အသစ်​အဆန်း​လေး​တွေပါ...​ကျေးဇူးပါ

Posted using Partiko Android

အဲ ငါနဲ့တော့မကိုက်တော့ဘူး ☺ ကြုတ်လေရှာ လာဘီ ☺

ကြုတ်​​လေရှာ...ကြာ​လေရှုပ်​😀
ကျူး​ဇေးပါ....😄

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66