How to Make Paper Accessories Box

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့အတိုအထွာပစ္စည်း​လေး​တွေထည့်​နိုင်​​အောင်​အခန်း​လေးခန်းပါတဲ့accessories boxတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ပုံစံတစ်​မျိုးဖြင့်​ပြုလုပ်​ထားတာဖြစ်​ပြီး၊အဖုံးလည်းဖုံးလို့ရ​အောင်​ပြုလုပ်​ထားကာ၊ပန်းပွင့်​တစ်​ပွင့်​ဖြင့်​လည်းအလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ဖဲကြိုး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ကတ်​​ကြေး၊စသဖြင့်​လိုအပ်​ပါတယ်​။

img1545650301683.jpg

img1545650207358.jpg

ပထမအဆင့်​မှာကတ်​ထူကို4.8"တိုင်း၍ကတ်​ထူအပိုင်းနှစ်​ပိုင်းဖြတ်​ပြီး၊ပုံပါအတိုင်း​နေရာချလိုက်​ပါတယ်​။ပြီး​နောက်​​ကော်​ကပ်​လိုက်​ပါတယ်​။ထိုကတ်​ထူကိုပန်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အနား​လေးဘက်​မှာတစ်​ခုစီကို0.8"အကွက်​​ခြောက်​ကွက်​တိုင်း၍မျဉ်းဆွဲလိုက်​ပါတယ်​။အလျားလိုက်​အ​နေဖြင့်​လည်း0.8"ဖြင့်​အကွက်​ငါးကွက်​တိုင်း၍မှတ်​သားကာပိုတဲ့ကတ်​ထူစကိုဖြတ်​လိုက်​ပါတယ်​။ထို​နည်းအတိုင်းကျန်​​လေးနားကိုလည်းပြုလုပ်​ပြီး၊ခုနကတိုင်​ထားတဲ့အလျားလိုက်​0.8"ငါးကွက်​အနက်​​လေးကွက်​ကိုပုံပါအတိုင်း​ဒေါင်​လိုက်​မျဉ်းအတိုင်းဓားဖြင့်​ဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​A4sizeအစိမ်း​ရောင်​စာရွက်​ကိုကတ်​ထူဖြင့်​​ကော်​ကပ်​ကာ၊0.8"တိုင်း၍စက္ကူအပိုင်း​တွေဖြတ်​လိုက်​ကာ၊ပုံမှာမြင်​ရတဲ့အတိုင်းပန်း​ရောင်​ကတ်​ထူမှာတစ်​ကွက်​စီခြားကာ၊အကွက်​​လေးများ​ပုံ​ဖော်​လိုက်​ပါတယ်​။တစ်​ခုစီဆုံးတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။အ​ပေါ်ဘက်​ပို​နေတဲ့အစွန်းကိုလည်းအတွင်းသို့​ခေါက်​လိုက်​တယ်​။ပို​သေသပ်​​စေရန်​အနားတစ်​ပတ်​လည်​လုံးအပြာ​ရောင်​ဖဲကြိုး​တွေနဲ့အနားကွပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအခန်း​လေးခန်းပြုလုပ်​ချင်​လို့ဘူးခွံရဲ့အလျားနှင့်​အမြင့်​ကိုတိုင်း၍ကတ်​ထူနှစ်​ခုဖြတ်​ကာ၊ကတ်​ထူတစ်​ခုကိုအလယ်​တည့်​တည့်​မှအဆုံးနီးပါးဖြတ်​၍ကျန်​ကတ်​ထူကိုအလယ်​မှဆက်​လိုက်​ပါတယ်​။ပြီး​နောက်​ဘူးခွံကိုအခန်း​လေးခန်းပြုလုပ်​ပြီး၊လိုအပ်​တဲ့​နေရာမှာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181223_093804.jpg

IMG_20181223_095647.jpg

IMG_20181223_095733.jpg

IMG_20181223_100427.jpg

IMG_20181223_120656.jpg

IMG_20181223_120718.jpg

img1546698702817.jpg

IMG_20181223_110955.jpg

img1546698656431.jpg

ဒီအဆင့်​မှာ​တော့ဘူးခွံအတွက်​အဖုံးနှင့်​ပန်းတစ်​ပွင့်​ပြုလုပ်​ပါ့မယ်​။ဘူးအဖုံးအတွက်​ဘူးခွံကိုအလျားအနံတိုင်း၍မျဉ်းဆွဲကာ၊​ဘေးဘက်​ကိုအနည်းငယ်​ချန်​၍ဖြတ်​လိုက်​ပါတယ်​။ဆွဲထားတဲ့မျဉ်းအတိုင်း​ခေါက်​ချိုးပြီး၊​ဘေးဘက်​​နေရာမှာလိုအပ်​သလိုဖြတ်​၍​ခေါက်​ချိုးကာအဖုံးပုံစံရ​အောင်​​ကော်​ကပ်​လိုက်​ပါတယ်​။ဘူးအဖုံးကိုအပြာ​ရောင်​​လေးပြုလုပ်​ထားတာဖြစ်​ပြီး၊ပန်းတစ်​ပွင့်​ဆက်​လက်​ပြုလုပ်​ပါ့မယ်​။ပန်းပွင့်​ဖြစ်​ရန်​အ၀ါ​ရောင်​စာရွက်​ကိုအရွယ်​တူစက်​၀ိုင်းပုံဖြတ်​ကာအလယ်​မှ​ခေါက်​ချိုးပြီး၊ထိုအလယ်​မျဉ်းအထိတစ်​ဘက်​စီမှပုံပါအတိုင်း​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​​လေး​တွေကိုဆက်​၍​ကော်​ကပ်​ရင်းပန်းပွင့်​ပြုလုပ်​လိုက်​ပါတယ်​။အနီ​ရောင်​စာရွက်​ကိုဖြတ်​၍​ခေါက်​ချိုးကာအပိုင်းငယ်​​လေး​တွေဖြတ်​ပြီး၊ထိုစက္ကူအပိုင်း​လေး​တွေကိုပုံပါအတိုင်းလိပ်​၍​ခေါက်​လိုက်​ပါတယ်​။ထို့​နောက်​အနားတစ်​ဘက်​မှအတွင်းသို့အဆုံးထိ​ခေါက်​ကာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့အ၀ါ​ရောင်​ပန်းပွင့်​မှာထပ်​မံ​ကော်​ကပ်​ရင်းပန်းတစ်​ပွင့်​ပြုလုပ်​လိုက်​ပါတယ်​။ဘူးအဖုံးမှာအလှဆင်​လိုက်​ပါတယ်​။

IMG_20181224_174241.jpg

IMG_20181224_174225.jpg

IMG_20181223_135802.jpg

IMG_20181224_174315.jpg

IMG_20181223_141415.jpg

IMG_20181223_142128.jpg

IMG_20181223_142235.jpg

img1545650142705.jpg

img1545650471464.jpg

img1545650661149.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

I love this tutorial. I'll try it at home.

Posted using Partiko Android

Ok, thank you.

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ထန်းခေါက်ဖာလေးနဲ့ တူတယ်နော်

ဟုတ်​ပါတယ်​....
ဖာပုံစံလိုမျိုး​လေး....အကွက်​ပုံစံ​ဖော်​ထားတာလည်းတူတယ်​....
ကျေးဇူးပါ....

Posted using Partiko Android

စက္ကူပုံး​လေး လှတယ်

လှတယ်​ဆိုလို့​ကျေးဇူးပါ....

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60998.57
ETH 2912.52
USDT 1.00
SBD 3.65