How to Make Accessories Holder & Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​လည်းလိုအပ်​တဲ့အတိုအထွာ​လေး​တွေ၊ပြီး​တော့ပုံ​လေး​တွေလည်းထည့်​နိုင်​​အောင်​accessories holder & photo frameနှစ်​မျိုးပါတဲ့စက္ကူအလှဆင်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​များကိုပုံနှင့်​စာတွဲ၍​ဖော်​ပြထားပါတယ်​။

ပထမအဆင့်​မှာအိမ်​ပုံစံကတ်​ထူတစ်​ခုဖြတ်​မယ်​။အလယ်​မှာပုံထည့်​လို့ရ​အောင်​စက်​၀ိုင်းပုံ​ဆွဲ၍ဖြတ်​လိုက်​ပါတယ်​။အိမ်​ပုံစံကို​တော့အပြာ​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊စက်​၀ိုင်းပုံမှာ​တော့အနီ​ရောင်​​ဘောင်​အဖြစ်​အနားကွပ်​​ကော်​ကပ်​လိုက်​ပါတယ်​။အိမ်​ရဲ့အမိုးအဖြစ်​ကတ်​ထူနှင့်​အနီ​ရောင်​စာရွက်​ဖြင့်​ပုံ​ဖော်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအ၀ိုင်းပုံစံပလတ်​စတစ်​ဘူးဒါမှမဟုတ်​ကတ်​ထူဘူးတစ်​ခုကိုယူ၍တစ်​၀က်​ဖြတ်​လိုက်​ပါတယ်​။အ၀ါ​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊အညို​ရောင်​ကတ်​ထူကိုခြံစည်းရိုးပုံစံလိုပုံ​ဖော်​ချင်​တာ​ကြောင့်​ပုံပါအတိုင်းဖြတ်​ပြီး၊ပုံ​ဖော်​လိုက်​ပါတယ်​။နောက်​တစ်​ခုကိုလည်းကတ်​ထူဘူးခွံအ​သေးတစ်​ခုယူ၍တစ်​၀က်​ဖြတ်​ကာ​ရောင်​စုံစာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပြုလုပ်​ပြီးတဲ့သုံးခုကိုအခြားကတ်​ထူတစ်​ရွက်​​ပေါ်ပုံပါအတိုင်း​ကော်​ကပ်​၍ဆက်​လိုက်​ပါတယ်​။ဒီကတ်​ထူကို​တော့ခရမ်း​ရောင်​​လေးပြုလုပ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့ဘိုးပွင့်​နှစ်​ပွင့်​​ခေါက်​ရမှာပါ။ဘိုးပွင့်​​ခေါက်​နည်းကအလျားအနံတူညီတဲ့စာရွက်​ကိုပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီး၊အလှဆင်​​ကော်​ကပ်​မှာပါ။ပြီး​တော့အနီ​ရောင်​အသည်းပုံ​ခြောက်​ခုဖြတ်​လိုက်​ပါ​သေးတယ်​။ပုံမှာ​တွေ့ရတဲ့အတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

MSC token နဲ့ ရောင်းပါလား😁😁

Posted using Partiko Android

မ​ရောင်းပါဘူး...​ပေးပါတယ်​...😁

Posted using Partiko Android

ဒီနှစ်မျိုးတွဲပြီး လုပ်ပြထားတဲ့ပစ္စည်းလေးကို အရမ်းကြိုက်ပါတယ်အစ်မ။အရောင်လေးရော ဒီဇိုင်းလေးပါ လှပသပ်ရပ်ပါတယ်ခင်ဗျာ။

Posted using Partiko Android

ဟုတ်​ကဲ့...​နောက်​လည်းအသစ်​အဆန်းများဆက်​ကြိုးစားမှာမို့​ကျေးဇူးပါ....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65128.68
ETH 3442.23
USDT 1.00
SBD 2.52