How to Make Paper Gift Box

in #myanmar6 years ago

Paper Gift Box

img1536497395384.jpg

ဒီတစ်​ခါမှာ​တော့အ​ရောင်​နှစ်​မျိုးစပ်​ပြီး၊paper gift boxပုံစံနှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။ပုံစံနှစ်​မျိုးလုံးကိုစက္ကူ​ခေါက်​ရင်းပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1536496994849.jpg

ပထမဆုံးပြုလုပ်​မဲ့boxမှာ​တော့ပန်းစက္ကူနှင့်​အ၀ါ​ရောင်​စက္ကူကိုအ​ရောင်​နှစ်​မျိုးစပ်​ချင်​တာ​ကြောင့်​A4sizeယူပြီး​ကော်​ကပ်​လိုက်​ပါတယ်​။စက္ကူကိုတူညီပိုင်းသုံးပိုင်းစ​ခေါက်​လိုက်​ပါတယ်​။တစ်​ပိုင်းစီမှာထပ်​မံတစ်​၀က်​​ခေါက်​ချိုးလိုက်​တဲ့အခါစုစု​ပေါင်းတူညီအပိုင်း​ခြောက်​ပိုင်းရမှာပါ။ပြီး​နောက်​စက္ကူရဲ့အဖျားနှစ်​ဘက်​ကို​ခေါက်​ပြီး၊ဆက်​လက်​၍​ထောင့်​စွန်းများ​ခေါက်​ပါ့မယ်​။ထို့​နောက်​စာရွက်​ကိုပြန်​ဖြန့်​လိုက်​ပါတယ်​။အလယ်​မျဉ်းထိတစ်​ဘက်​စီမှ​ခေါက်​ပါဦးမယ်​။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်းဆက်​​ခေါက်​ပါ့မယ်​။

IMG_20180909_102825.jpg

IMG_20180909_103021.jpg

IMG_20180909_103212.jpg

IMG_20180909_103357.jpg

ထို့​နောက်​​ထောင့်​စွန်းကိုပုံပါအတိုင်း​ခေါက်​ပြီး၊အလယ်​သို့​ဘေးနှစ်​ဘက်​ထပ်​မံ​ခေါက်​လိုက်​တယ်​။ခုနက​ခေါက်​ထားတဲ့​ခေါက်​ချိုးမျဉ်းအတိုင်းပုံပါအတိုင်းဆက်​လက်​​ခေါက်​လိုက်​တယ်​။

IMG_20180909_103702.jpg

IMG_20180909_103748.jpg

IMG_20180909_103853.jpg

အ၀ါ​ရောင်​A4sizeစာရွက်​ကိုဆက်​​ခေါက်​ပါ့မယ်​။ပထမအဆင့်​မှာ​ရှေ့မှာ​ခေါက်​သလိုမျိုးအညီအမျှပိုင်း​ခြောက်​ပိုင်းရ​အောင်​​ခေါက်​မှာပါ။

IMG_20180909_104337.jpg

ပြီး​နောက်​​ထောင့်​စွန်းနှစ်​ဘက်​​ခေါက်​တယ်​။စာရွက်​ကိုပြန်​ဖြန့်​မယ်​။

IMG_20180909_104430.jpg

ရရှိထားတဲ့​ခေါက်​ချိုးမျဉ်းအထိနှစ်​ဘက်​လုံး​ခေါက်​လိုက်​မယ်​။

IMG_20180909_104624.jpg

IMG_20180909_104808.jpg

စာရွက်​ရဲ့4/6ယူပြီး၊​ထောင့်​စွန်းနှစ်​ဘက်​ထပ်​မံ​ခေါက်​တယ်​။ထို့​နောက်​​ထောင့်​​လေး​ထောင့်​ကိုပုံပါအတိုင်း​ခေါက်​ပါတယ်​။

IMG_20180909_105004.jpg

IMG_20180909_105143.jpg

IMG_20180909_105303.jpg

ပုံမှာပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီးရင်​​တော့ခုနက​ခေါက်​ထားတဲ့ပန်းစက္ကူ​ခေါက်​နှင့်​လိုအပ်​တဲ့​နေရာ​ကော်​ကပ်​ပြီးဆက်​လိုက်​ပါ့မယ်​။

IMG_20180909_143406.jpg

ပြီး​တော့​ဘေးဘက်​​တွေကိုလည်းပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180909_190523.jpg

img1536497248294.jpg

IMG_20180909_190426.jpg

ဆက်​လက်​ပြီးကျန်​boxပုံစံတစ်​ခု​ခေါက်​မှာပါ။ဒီတစ်​ခါအ​ရောင်​နှစ်​မျိုးစပ်​တဲ့အခါပန်းစာရွက်​နှင့်​အစိမ်း​ရောင်​စက္ကူကိုအသုံးပြုလိုက်​ပါတယ်​။ပထမဆုံးစာရွက်​နှစ်​ရွက်​ကို​ကော်​ကပ်​ပြီး၊အလျား၊အနံတူညီစွာဖြစ်​​အောင်​ဖြတ်​လိုက်​ပါ့မယ်​။ထောင့်​ဖြတ်​အတိုင်း​ခေါက်​ချိုးလိုက်​မယ်​။ပြီး​နောက်​အလယ်​မှတစ်​၀က်​ထပ်​မံ​ခေါက်​ချိုးလိုက်​တယ်​။အလယ်​မျဉ်းထိကိုတစ်​ဘက်​စီ​ခေါက်​ပါဦးမယ်​။စာရွက်​ကိုပြန်​ဖြန့်​ပြီး၊​ထောင့်​စွန်းနှစ်​ခုကို​ခေါက်​လိုက်​ပါတယ်​။ညာဘက်​စက္ကူစနှစ်​ခုကိုလည်း​ခေါက်​လိုက်​ပါတယ်​။

IMG_20180909_143919.jpg

IMG_20180909_144056.jpg

IMG_20180909_144131.jpg

IMG_20180909_144153.jpg

အလယ်​သို့တစ်​ဘက်​စီမှ​ခေါက်​ပြီးပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။

IMG_20180909_144356.jpg

IMG_20180909_144412.jpg

IMG_20180909_190640.jpg

IMG_20180909_144547.jpg

ထို့​နောက်​​ဘေးဘက်​ကိုညီညာစွာ​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180909_190742.jpg

ဘူးရဲ့အဖုံးကို​တော့အလျားတိုင်းတာပြီးပုံဆွဲကာ​ထောင့်​​တွေကိုလိုသလိုဖြတ်​၊​ကော်​ကပ်​ကာအဖုံးတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

IMG_20180909_145405.jpg

IMG_20180909_190947.jpg

img1536497112047.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

‌သေသပ်‌လှပပါတယ်‌ညီမ။

ဟုတ်​ကဲ့ပါ...အား​ပေးလို့​ကျေးဇူးပါ.. ..

တော်လိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

ဘာလက်ဆောင် ထည့်ပေးရ ကောင်းမလဲ

စက္ကူဘူးဆို​တော့​ပေါ့​ပေါ့ပါးပါးပစ္စည်း​လေး​တွေဘဲထည့်​လို့ရမယ်​....

သူများလုပ်​တာ​လေး​တွေဘဲကြည့်​ပြီးအာကျ​နေမိတယ်
ကိုယ့်​ဟာကိုကျ တခုမှမလုပ်​မိဘူး စိတ်​ရှည်​​လောက်​ဖူးထင်​တယ်​​နော်​ ဟိ..

ခုလိုအား​ပေးတာ​ကျေးဇူးပါ...ဆက်​ပြီးအားကျစရာ​တွေပိုစ့်​တင်​ပါဦးမယ်​...😀

ဘာထည့်ပေးမလဲ ယွန်း😍😍

အိမ်း....စဉ်းစားလိုက်​ဦးမယ်​....😁

ငယ်ငယ်တုန်း ကတော့ ကျောင်းမှာသင်ပေးဖူးတယ် မိန်းကလေးတွေ အိမ်တွင်းမှုသင်တန်းဆိုပြီး တော့ လေ အဲ့ဒီ့တုန်းက သူတို့ ဆီက တောင်းပြီး ယူပြီးဆော့ဖူးတယ် ဗူးလေးတွေ

ဟုတ်​တယ်​....စက္ကူ​ခေါက်​တာအချို့​ယောကျာ်း​လေး​တွေလည်းဝါသနာပါကြတယ်​...

ကောင်းမွန်သပ်ရပ်ပါတယ်အစ်မ။ဒါလည်းပုံစံတစ်မျိုးပေါ့။ဒီပစ္စည်းလေးကို အမြင်တစ်မျိုးနဲ့ ထပ်ပြီး modify လုပ်လို့ရအုံးမယ်ထင်တယ်။ဥပမာ ပန်းပွင့်လေးအပေါ်မှာထပ်ထည့်တာတို့ အပေါ်နဲ့အောက်ကို ထိန်းတဲ့ ဖဲကြိုးလေးထည့်တာတို့ပေါ။အရင်က အစ်မလုပ်ပြထားတဲ့ အမြင်တွေပဲပေါ့။ဒါလေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်မျိုးလှနေတာပါပဲလေ။

ဟုတ်​တယ်​...အစကပန်းပွင့်​၊ဘိုးပွင့်​တို့ထပ်ထည့်​​ဦးမယ်​​ပေါ့...​နောက်​​တော့မထည့်​​တော့ပါဘူး​လေ....ပန်းပွင့်​စက္ကူကိုသုံးထားတာဆို​တော့ရှင်းရှင်း​လေးလုပ်​ကြည့်​မယ်​ဆိုပြီး....ဒီအတိုင်းထားလိုက်​တယ်​...တကယ်​လို့သုံးမဲ့သူကကိုယ့်​ဘာသာဖဲကြိုးချည်​မယ်​ဆိုလည်းလှပါတယ်​....ခုလိုအကြံဥာဏ်​များအတွက်​​ကျေးဇူးပါ...လိုအပ်​တာလည်း​ပြောပြ​ပေးပါ...

လှသထက်လှနေတော့တာပဲ

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ပျော်​ပါတယ်​...

အမြဲတမ်းအားပေးလျက်ပါ

အား​ပေးတဲ့အတွက်​​ကျေး​ဇူးပါ....

ဗူးလေးလှလိုက်တာ... နောက်ထပ် စိတ်လှုပ်ရှားဖို့ကောင်းအောင်လုပ်ချင်ရင်လည်း လုပ်လို့ရသေးတယ်နော့လေ... ဗူးလေးဖွင့်လိုက်တာနဲ့ ပန်းပွင့်လေးတစ်ပွင့် ထွက်လာတာတို့ အသဲပုံလေး ပေါ်လာတာတို့လေ... ။ ဟီး စချင်နောက်ချင်တဲ့သူတွေဆိုရင် သရဲပုံထွက်လာတာတို့ ခိခိ။

ဟုတ်​တယ်​...ဟုတ်​တယ်​...surprise boxလိုမျိုး...ဖွင့်​လိုက်​ရင်​တစ်​ခု​ပေါ်လာတာ​လေ....​နောက်​လုပ်​ကြည့်​ဦးမယ်​...ဆန်းဆန်းပြားပြား​လေးဖြစ်​​အောင်​....​ကျေးဇူးပါ...

လုပ်ကြည့်ပြဦးနော်...

ဟုတ်​ကဲ့...😊😊

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66