How to Make Paper Gift Box

in myanmar •  last month

Paper Gift Box

img1536497395384.jpg

ဒီတစ်​ခါမှာ​တော့အ​ရောင်​နှစ်​မျိုးစပ်​ပြီး၊paper gift boxပုံစံနှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။ပုံစံနှစ်​မျိုးလုံးကိုစက္ကူ​ခေါက်​ရင်းပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1536496994849.jpg

ပထမဆုံးပြုလုပ်​မဲ့boxမှာ​တော့ပန်းစက္ကူနှင့်​အ၀ါ​ရောင်​စက္ကူကိုအ​ရောင်​နှစ်​မျိုးစပ်​ချင်​တာ​ကြောင့်​A4sizeယူပြီး​ကော်​ကပ်​လိုက်​ပါတယ်​။စက္ကူကိုတူညီပိုင်းသုံးပိုင်းစ​ခေါက်​လိုက်​ပါတယ်​။တစ်​ပိုင်းစီမှာထပ်​မံတစ်​၀က်​​ခေါက်​ချိုးလိုက်​တဲ့အခါစုစု​ပေါင်းတူညီအပိုင်း​ခြောက်​ပိုင်းရမှာပါ။ပြီး​နောက်​စက္ကူရဲ့အဖျားနှစ်​ဘက်​ကို​ခေါက်​ပြီး၊ဆက်​လက်​၍​ထောင့်​စွန်းများ​ခေါက်​ပါ့မယ်​။ထို့​နောက်​စာရွက်​ကိုပြန်​ဖြန့်​လိုက်​ပါတယ်​။အလယ်​မျဉ်းထိတစ်​ဘက်​စီမှ​ခေါက်​ပါဦးမယ်​။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်းဆက်​​ခေါက်​ပါ့မယ်​။

IMG_20180909_102825.jpg

IMG_20180909_103021.jpg

IMG_20180909_103212.jpg

IMG_20180909_103357.jpg

ထို့​နောက်​​ထောင့်​စွန်းကိုပုံပါအတိုင်း​ခေါက်​ပြီး၊အလယ်​သို့​ဘေးနှစ်​ဘက်​ထပ်​မံ​ခေါက်​လိုက်​တယ်​။ခုနက​ခေါက်​ထားတဲ့​ခေါက်​ချိုးမျဉ်းအတိုင်းပုံပါအတိုင်းဆက်​လက်​​ခေါက်​လိုက်​တယ်​။

IMG_20180909_103702.jpg

IMG_20180909_103748.jpg

IMG_20180909_103853.jpg

အ၀ါ​ရောင်​A4sizeစာရွက်​ကိုဆက်​​ခေါက်​ပါ့မယ်​။ပထမအဆင့်​မှာ​ရှေ့မှာ​ခေါက်​သလိုမျိုးအညီအမျှပိုင်း​ခြောက်​ပိုင်းရ​အောင်​​ခေါက်​မှာပါ။

IMG_20180909_104337.jpg

ပြီး​နောက်​​ထောင့်​စွန်းနှစ်​ဘက်​​ခေါက်​တယ်​။စာရွက်​ကိုပြန်​ဖြန့်​မယ်​။

IMG_20180909_104430.jpg

ရရှိထားတဲ့​ခေါက်​ချိုးမျဉ်းအထိနှစ်​ဘက်​လုံး​ခေါက်​လိုက်​မယ်​။

IMG_20180909_104624.jpg

IMG_20180909_104808.jpg

စာရွက်​ရဲ့4/6ယူပြီး၊​ထောင့်​စွန်းနှစ်​ဘက်​ထပ်​မံ​ခေါက်​တယ်​။ထို့​နောက်​​ထောင့်​​လေး​ထောင့်​ကိုပုံပါအတိုင်း​ခေါက်​ပါတယ်​။

IMG_20180909_105004.jpg

IMG_20180909_105143.jpg

IMG_20180909_105303.jpg

ပုံမှာပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီးရင်​​တော့ခုနက​ခေါက်​ထားတဲ့ပန်းစက္ကူ​ခေါက်​နှင့်​လိုအပ်​တဲ့​နေရာ​ကော်​ကပ်​ပြီးဆက်​လိုက်​ပါ့မယ်​။

IMG_20180909_143406.jpg

ပြီး​တော့​ဘေးဘက်​​တွေကိုလည်းပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180909_190523.jpg

img1536497248294.jpg

IMG_20180909_190426.jpg

ဆက်​လက်​ပြီးကျန်​boxပုံစံတစ်​ခု​ခေါက်​မှာပါ။ဒီတစ်​ခါအ​ရောင်​နှစ်​မျိုးစပ်​တဲ့အခါပန်းစာရွက်​နှင့်​အစိမ်း​ရောင်​စက္ကူကိုအသုံးပြုလိုက်​ပါတယ်​။ပထမဆုံးစာရွက်​နှစ်​ရွက်​ကို​ကော်​ကပ်​ပြီး၊အလျား၊အနံတူညီစွာဖြစ်​​အောင်​ဖြတ်​လိုက်​ပါ့မယ်​။ထောင့်​ဖြတ်​အတိုင်း​ခေါက်​ချိုးလိုက်​မယ်​။ပြီး​နောက်​အလယ်​မှတစ်​၀က်​ထပ်​မံ​ခေါက်​ချိုးလိုက်​တယ်​။အလယ်​မျဉ်းထိကိုတစ်​ဘက်​စီ​ခေါက်​ပါဦးမယ်​။စာရွက်​ကိုပြန်​ဖြန့်​ပြီး၊​ထောင့်​စွန်းနှစ်​ခုကို​ခေါက်​လိုက်​ပါတယ်​။ညာဘက်​စက္ကူစနှစ်​ခုကိုလည်း​ခေါက်​လိုက်​ပါတယ်​။

IMG_20180909_143919.jpg

IMG_20180909_144056.jpg

IMG_20180909_144131.jpg

IMG_20180909_144153.jpg

အလယ်​သို့တစ်​ဘက်​စီမှ​ခေါက်​ပြီးပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။

IMG_20180909_144356.jpg

IMG_20180909_144412.jpg

IMG_20180909_190640.jpg

IMG_20180909_144547.jpg

ထို့​နောက်​​ဘေးဘက်​ကိုညီညာစွာ​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180909_190742.jpg

ဘူးရဲ့အဖုံးကို​တော့အလျားတိုင်းတာပြီးပုံဆွဲကာ​ထောင့်​​တွေကိုလိုသလိုဖြတ်​၊​ကော်​ကပ်​ကာအဖုံးတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

IMG_20180909_145405.jpg

IMG_20180909_190947.jpg

img1536497112047.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

‌သေသပ်‌လှပပါတယ်‌ညီမ။

·

ဟုတ်​ကဲ့ပါ...အား​ပေးလို့​ကျေးဇူးပါ.. ..

တော်လိုက်တာ

·

ဟုတ်​ကဲ့...​ကျေးဇူးပါ...

ဘာလက်ဆောင် ထည့်ပေးရ ကောင်းမလဲ

·

စက္ကူဘူးဆို​တော့​ပေါ့​ပေါ့ပါးပါးပစ္စည်း​လေး​တွေဘဲထည့်​လို့ရမယ်​....

သူများလုပ်​တာ​လေး​တွေဘဲကြည့်​ပြီးအာကျ​နေမိတယ်
ကိုယ့်​ဟာကိုကျ တခုမှမလုပ်​မိဘူး စိတ်​ရှည်​​လောက်​ဖူးထင်​တယ်​​နော်​ ဟိ..

·

ခုလိုအား​ပေးတာ​ကျေးဇူးပါ...ဆက်​ပြီးအားကျစရာ​တွေပိုစ့်​တင်​ပါဦးမယ်​...😀

ဘာထည့်ပေးမလဲ ယွန်း😍😍

·

အိမ်း....စဉ်းစားလိုက်​ဦးမယ်​....😁

ငယ်ငယ်တုန်း ကတော့ ကျောင်းမှာသင်ပေးဖူးတယ် မိန်းကလေးတွေ အိမ်တွင်းမှုသင်တန်းဆိုပြီး တော့ လေ အဲ့ဒီ့တုန်းက သူတို့ ဆီက တောင်းပြီး ယူပြီးဆော့ဖူးတယ် ဗူးလေးတွေ

·

ဟုတ်​တယ်​....စက္ကူ​ခေါက်​တာအချို့​ယောကျာ်း​လေး​တွေလည်းဝါသနာပါကြတယ်​...

ကောင်းမွန်သပ်ရပ်ပါတယ်အစ်မ။ဒါလည်းပုံစံတစ်မျိုးပေါ့။ဒီပစ္စည်းလေးကို အမြင်တစ်မျိုးနဲ့ ထပ်ပြီး modify လုပ်လို့ရအုံးမယ်ထင်တယ်။ဥပမာ ပန်းပွင့်လေးအပေါ်မှာထပ်ထည့်တာတို့ အပေါ်နဲ့အောက်ကို ထိန်းတဲ့ ဖဲကြိုးလေးထည့်တာတို့ပေါ။အရင်က အစ်မလုပ်ပြထားတဲ့ အမြင်တွေပဲပေါ့။ဒါလေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တစ်မျိုးလှနေတာပါပဲလေ။

·

ဟုတ်​တယ်​...အစကပန်းပွင့်​၊ဘိုးပွင့်​တို့ထပ်ထည့်​​ဦးမယ်​​ပေါ့...​နောက်​​တော့မထည့်​​တော့ပါဘူး​လေ....ပန်းပွင့်​စက္ကူကိုသုံးထားတာဆို​တော့ရှင်းရှင်း​လေးလုပ်​ကြည့်​မယ်​ဆိုပြီး....ဒီအတိုင်းထားလိုက်​တယ်​...တကယ်​လို့သုံးမဲ့သူကကိုယ့်​ဘာသာဖဲကြိုးချည်​မယ်​ဆိုလည်းလှပါတယ်​....ခုလိုအကြံဥာဏ်​များအတွက်​​ကျေးဇူးပါ...လိုအပ်​တာလည်း​ပြောပြ​ပေးပါ...

လှသထက်လှနေတော့တာပဲ

·

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ပျော်​ပါတယ်​...

အမြဲတမ်းအားပေးလျက်ပါ

·

အား​ပေးတဲ့အတွက်​​ကျေး​ဇူးပါ....

ဗူးလေးလှလိုက်တာ... နောက်ထပ် စိတ်လှုပ်ရှားဖို့ကောင်းအောင်လုပ်ချင်ရင်လည်း လုပ်လို့ရသေးတယ်နော့လေ... ဗူးလေးဖွင့်လိုက်တာနဲ့ ပန်းပွင့်လေးတစ်ပွင့် ထွက်လာတာတို့ အသဲပုံလေး ပေါ်လာတာတို့လေ... ။ ဟီး စချင်နောက်ချင်တဲ့သူတွေဆိုရင် သရဲပုံထွက်လာတာတို့ ခိခိ။

·

ဟုတ်​တယ်​...ဟုတ်​တယ်​...surprise boxလိုမျိုး...ဖွင့်​လိုက်​ရင်​တစ်​ခု​ပေါ်လာတာ​လေ....​နောက်​လုပ်​ကြည့်​ဦးမယ်​...ဆန်းဆန်းပြားပြား​လေးဖြစ်​​အောင်​....​ကျေးဇူးပါ...

·
·

လုပ်ကြည့်ပြဦးနော်...

·
·
·

ဟုတ်​ကဲ့...😊😊

ပန်းလေးတွေနဲ့ paperက ဝယ်လို့ ရလား ညီမ လုပ်ထားတာလေးက ချစ်စရာလေး တဆင့်ချင်းကို အသေးစိတ် စိတ်ရှည်လက်ရှည် ပြထားတော့ လိုက်လုပ်သူတွေအတွက် အခက်အခဲနည်းတာပေါ့ တကယ်ကို စိတ်ရှည်ပါပေတယ်

·

ဟုတ်​ကဲ့...၀ယ်​လို့ရပါတယ်​....လုပ်​ကြည့်​ချင်​သူအတွက်​လည်းပုံနှင့်​စာတွဲပြီး​ရေးပြတာဖြစ်​လို့လွယ်​ကူ​အောင်​ပါ....ခုလိုအား​ပေးတဲ့အတွက်​​ကျေးဇူးပါ....​နောက်​လည်းကြိုးစားပိုစ့်​တင်​ပါဦးမယ်​...

တစ်နေ့တစ်မျိုးပါလားဝေ့

·

ဆက်​ပြီးလည်းတစ်​​နေ့တစ်​မျိုးမရိုးရ​အောင်​ကြိုးစားပိုစ့်​တင်​ပါဦးမယ်​...

ပညာအတော်စုံတာပဲဗျာ

·

မစုံ​သေးပါဘူး...ကြိုးစားဆဲပါ...

အဲလောက်တော့ စိတ်ရှည်လက်ရှည်ခေါက်နိုင်ဘူး ☺☺

·

😁နည်းနည်းစိတ်​ရှည်​ထားလိုက်​​တော့သပ်​ရပ်​လှပပါတယ်​....​ကျေးဇူးပါ...

Fbမှာရော တင်ပေးလားဗျ အလွယ်တကူ Saveထားရအောင်လို့

·

Fbမှာ​တော့မတင်​ဖြစ်​ပါဘူး....

ငယ်ငယ်တုန်းကရွှေသွေးထဲမှာ
အဲ့လိုဟာလေးတွေလုပ်ကြည့်ချင်လို့
တစ်ပတ် တစ်ပတ်စောင့်ရတာ
ခုတော့နေ့တိုင်းတွေ့ရတယ်
လုပ်လည်းကြည့်တယ်
သတင်းကျွတ်နီးရင်တော့
မီးပုံးလုပ်နည်းလေးတင်ပေးပါ့လားဗျာ

လက်​ရာ ​လေး​တွေလှတယ်​ မမ ကိုယ်​လုပ်​ရင်​ ပုံတစ်​မျိုးထွက်​မှာ​သေချာတယ်