Phone Hardware ပြုပြင်နည်း အခြေခံ (၃)

in #myanmar6 years ago

Resistor (လျှပ်​ခံ)
Resistor သည်​ ပတ်​လမ်းအတွင်း စီးဆင်း​နေ​သော လျပ်​စီး​ကြောင်း (Ampere)၊ လျပ်​စစ်​တွန်းအား (Voltage) နှင့်​ အချက်​ပြလှိုင်း (Signal) များ စီးဆင်း​နေမှုကို လိုအပ်​သလို ​လျော့ချ​ပေး​သော အလုပ်​ကို လုပ်​​ဆောင်​သည်​။ ခုခံမှုတန်​ဖိုး အမျိုးမျိုးနှင့်​ ပါဝါခံနိုင်​မှုအမျိုးမျိုးဖြင့်​ ထုတ်​လုပ်​ထားသည်​။ Phone Circuit ​ပေါ်တွင်​ အမဲ​ရောင်း အတုံး​သေး​လေးများဖြင့်​​တွေ့မြင်​နိင်​သည်​။ မီတာကို အသံမြည်​သည့်​ စ​ကေးတွင်​ထားပြီး Resistor ကို ညှပ်​တိုင်းပါက ခုခံအားနည်း​သော Resistor သည်​ အသံမြည်​ပြီး ခုခံအားမြင့်​​သော Resistor သည်​ အသံမမြည်​ပါ။ တန်​ဖိုးသိလိုလျင်​ မီတာကို Ohm စ​ကေးတွင်​ထားပြီး Resistor ကို ညှပ်​တိုင်းရမည်​။ မီတာလက်​တံကို 200 တွင်​ထားတိုင်းလျင်​ 200 Ohm ​အောက်​ Resistent ကိုပြ​ပေးနိင်​သည်​။ 2k ​နေရာတွင်​ထားတိုင်းလျင်​ 2 Kilo Ohm ​အောက်​ Resiatent ကိုပြ​ပေးမည်​။ ထို​နေရာတွင်​ Resistor ကု Circuit Board ​ပေါ်မှ ဖြုတ်​တိုင်းမှသာ တန်​ဖိုး အမှန်​ကိုပြ​ပေးနိင်​မည်​။ On Circuit တိုင်းလျင်​ အမှန်​မပြ​ပေးနိုင်​ပါ။ ပတ်​လမ်း​ပေါ်တွင်​ ခုခံမှု​လျော့ချ​ပေး​သော Resistor များကို Dropper Resistor ဟု​ခေါ်ပြီး အ​ပေါင်းအနှုတ်​လမ်း​ကြောင်း​ပေါ်တွင်​ ခွထား​လေ့ မရှိပါ။ တစ်​ဖက်​ GND ချထား​သော Resistor များမှာ Variable Resistor တန်​ဖိုး​ပြောင်း Resistor များဖြစ်​သည်​။ အာရုံခံ Resistor အဖြစ်​အသုံးပြုတက်​သည်​။ Variable Resistor များသည်​ သာမန်​ Dropper Resistor များထက်​ အနည်းငယ်​ ပိုကြီးတက်​ပြီး တစ်​ဖက်​ GND ချထား​သော​ကြောင့်​ Filter Condenser များနှင့်​ မှားယွင်းတက်​သည်​။

Resistor များ၏ ပျက်​စီးတက်​ပုံ ၂မျိုးရှိသည်​။
1- Open ပွင့်​ပြတ်​သွားခြင်း
2- High Ohm ရှိ​သင့်​​သော ခုခံမှုတန်​ဖိုးထက်​ မြင့်​သွားခြင်း

Resistor တန်​ဖိုးများကို အနည်းငယ်​ကြီး​သော Resistor များတွင်​​ဖော်​ပြသည်​။ MP4 MP5 နှင့်​ Tablet များတွင်​သုံး​သော Resistor များမှာ ကြီး​သော​ကြောင့်​ တန်​ဖိုးစာတန်း​ရေးထားသည်​။

32234262_1714212245364811_1419116293348392960_n.jpg
Analog Resistor

32191973_1714212512031451_1105637161673162752_n.jpg
Digital Resistor

Resistor တန်​ဖိုးဖတ်​သည့်​ပုံစံမှာ ​ရှေ့စာလုံးသည်​ ပုံမှန်​ဖြစ်​ပြီး ​နောက်​ဆုံး ဂဏန်းသည်​ သုညအ​ရေအတွက်​ဖြစ်​သည်​။ ဥပမာ ပုံထဲမှာ 103 ဆိုရင်​ 103 = 10000 Ohm ၊ 432 = 4300 Ohm Rပါလျင်​ R ​နေရာသည်​ ဒသမ​နေရာဖြစ်​သည်​။ ဥပမာ 4R7 = 4.7 Ohm

Phone Circuit အတွင်းရှိ Resistor များသည်​ ဖြုတ်​ချီး​လောက်​​သေးငယ်​ပြီး တိုင်းတာရတာ လက်​​ပေါက်​ကပ်​ သဖြင့်​ ရံဖန်​ရံခါ စာ​ရေးထား​သော Resistor များကိုဖတ်​ကာ အစားထိုး လဲလှယ်​​ပေးနိုင်​သည်​။ Ohm တန်​ဖိုး မြင့်​မား​သော Resistor များ ကြိုး​ကျော်​မရပါ။

တန်​ဖိုးရိုက်​နှိပ်​မထား​သော Resistor များကို တိုင်းတာလိုလျင်​ Circuit ​ပေါ်တွင်​တိုင်းတာလင်​ အမှန်​မရ။ Circuit ​ပေါ်မှ ဖြုတ်​တိုင်းမှ အမှန်​ရမည်​။ Circuit ​ပေါ်မှ ဖြတ်​ထား​သော Resistor ကို မီတာ၏ Ohm စ​ကေးတွင်​ အနိမ့်​ဆုံး 200 Ohm တွင်​ထားပြီး မီတာလက်​တံ ၂ဖက်​ဖြင့်​ ညှပ်​တိုင်းရမည်​။ Resistance 200 ​အောက်​ရှိပါက မီတာမှ တန်​ဖိုးပြ​ပေးပြီး 200 Ohm အထက်​ရှိပါက မပြ​ပေးနိုင်​ပါ။ မီတာမပြခြင်းကို 2K, 20K, 200K စသည်​ဖြင့်​ တစ်​ဆင့်​ခြင်းတိုးမြင့်​သွားလျင်​ ​တွေ့မြင်​နိုင်​ပါသည်​။ ဘယ်​လိုတိုင်းတိုင်း မီတာမပြလျင်​ ၄င်း Resistor Open ဖြစ်​​နေခြင်း ပွင့်ပျက်​​နေခြင်း ဖြစ်​နိုင်​ပါသည်​။ Circuit ​ပေါ်မှ မဖြုတ်​ဘဲ Resistor Open ပျက်​မပျက်​ သိနိုင်​သည်​။ Circuit ​ပေါ်မှ Resistor ကို မီတာလက်​တံ ၂ဖက်​ဖြင့်​ညှပ်​ထားပြီး မီတာကို Diode စ​ကေးမှ စတင်​တိုင်းတာရမည်​။ Connection ပြလျင်​ Open မဖြစ်​​သေးပါ။
Connection မပြ​သေးလျင်​ မီတာကို 200 Ohm စ​ကေးသို့ထားတိုင်းပါ။ Ohm တန်​ဖိုး တစ်​ခုခုပြလျင်​​ကောင်းပြီး မပြ​သေးလျင်​ 2K,20K,200K,200M တက်​ပြီးတို​င်းသွားပါ။ တစ်​​နေရာရာတွင်​ Ohm တန်​ဖိုးပြပါက Resistor Open မပျက်​​သေးဟု သိနိုင်​သည်​။ High Ohm အ​နေအထားဖြင့်​ ပျက်​စီး​နေပုံကို စမ်းသပ်​လိုလျင်​ ၄င်း Resistor ၏ တန်​ဖိုးအမှန်​ကိုသိမှသာရမည်​။ အချို့ Circuit Diagram များတွင်​ မူလ Ohm တန်​ဖိုးကို ​ဖော်​ပြထားတက်​သည်​။ တန်​ဖိုးနည်းလွန်း​သော Resistor များကို မီတာတွင်​ အသံမြည်​စ​ကေးထားတိုင်းလျင်​ အသံမြည်​ပါသည်​။ ထိုသို့​သော Resistor များကို ကြိုးဆက်​​ပေးလျင်​ရပါသည်​။

ဆက်ပါဦးမည်။

Author : Arkar Phyo

@arkarphyo
15.6.2018 (Firday)
MSC-214

Sort:  

အရမ်းကောင်းတယ်ဗျာ။ပညာခန်းတွေ။နောက်လည်းများများရေးပေးပါအုံးကိုအာကာရေ။

ဟုတ်ကဲ့ဗျာ

ပညာတွေရသွားပီ

ဆရာမက ဆရာမပါခင်ဗျ

Congratulations @arkarphyo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

စစ်​ကိုင်းလာသင်​ဦးမယ်

အိမ်ထိလာသင်မှာ

သင်ပွေးဘာ

လာခက်ပါ

ဗဟုသုတရစေလို့ ကျေးဇူးပါ

ဟုတ်ဗျာဒေါ်စု

ဗဟုသုတလေးပေါ့ဗျာ

ဟုတ်ခင်ဗျ

good လုပ်ကျိအုံးမှ

good ကလိလိုက်ပါ

ဗဟုသုတရပါတယ်ဗျာ ကျေးဇူးပါ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အားပေးတာကိုလည်းပဲ

This post has received a 4.13 % upvote from @boomerang.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62036.41
ETH 2418.43
USDT 1.00
SBD 2.61