ကြီးပွား တိုးတက် အောင်မြင် (၁)

in #myanmar6 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


စကားပြောကောင်းသူ ဖြစ်ပါစေ


ကျွန်တော်တို့လူအများစုသည် အောင်မြင်လိုကြသည်။ တိုးတက်ကြီးပွားလိုကြသည်။ ထိုသို့ ကြီးပွားအောင်မြင် တိုးတက်လိုသည်ရှိသော် လူ နှင့် လူချင်း ပေါင်းသင်းဆက်ဆံရေးသည် အလွန်အရေးပါသည်ဖြစ်ရာ ပေါင်းသင်း ဆက်ဆံရေးကို ကောင်းစွာ နားလည်ထားသင့်ပါသည်။ ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်သော Post အတော်များများကို ရေးသားခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရသေးသဖြင့် ဖတ်ရန်စိတ်ဝင်စားသူများ ကျွန်တော်၏ Blog တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ အောင်မြင်လိုသူ၊ ကြီးပွားလိုသူ တို့သည် လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံကြရမည်ဖြစ်ပါသည်။ လူနှင့်လူချင်း မပေါင်းသင်း မဆက်ဆံလို သောသူ တို့သည် အောင်မြင် ကြီးပွား တိုးတက်ရန်အတွက် မလွယ်ကူပါ။ မိဘက ငွေကြေးအလွန်ချမ်းသာလျှင် မပြောလိုပါ။ ငွေဖြင့် အရာအများစုကို ကျော်ဖြတ်နိုင်သောကြောင့်ဖြစ်ပါသည်။ သို့သော် ငွေကြေးဖြင့် ပေါင်းသင်းဆက်ဆံရေးကို အမှန်တကယ် ပေါင်းသင်းဆက်ဆံရေးဟု မမြင်ပါ။ ငွေကြေးကြောင့် ပေါင်းသင်းဆက်ဆံခြင်းသာဖြစ်ပါလိမ့်မည်။ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးဟု မသတ်မှတ်နိုင်ပါ။ ငွေကြေး မလိုအပ်ဟု မဆိုလိုပါ။ ငွေကြေးများ မပေးကမ်းနိုင်သောအချိန်တွင် ထိုသူအား မည်သူမျှ ပေါင်းသင်းဆက်ဆံလိုကြမည်မဟုတ်ကြောင်းကို ငယ်စဉ်ကလေးဘ၀က သင်ကြားပေးခဲ့ဘူးသော ကုဋေ (၈၀) သူဌေးသားက လမ်းညွှန်ပြခဲ့ပြီးဖြစ်ပါသည်။ ငွေကြေးပေးကမ်းခြင်းဖြင့် ပေါင်းသင်းဆက်ဆံနေရခြင်းဖြစ်ရာ မပေးမကမ်းနိုင်ချိန်တွင် စွန့်ခွာသွားတတ်ကြသည်။ အဖက်မလုပ်လိုကြတော့ပေ။ ငွေကြေးချို့ယွင်းလာချိန်တွင် ဆက်လက်ပေါင်းဖော်နေသောသူသည် အပေါင်း အသင်းကောင်း၊ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နိုင်ပါသည်။ လူတိုင်း လူတိုင်းသည် ကြီးပွား တိုးတက် အောင်မြင်လိုသော်လည်း အရေးပါလှသော ပေါင်းသင်းဆက်ဆံရေးကိုမူ ပြုပြင်ရန် မစဉ်းစားမိတတ်ကြပါ။ ပြုပြင်သူတို့သည် တိုးတက်သွားကြကုန်သော်လည်း မပြုပြင်သူတို့သည် နောက်ကျန်ရစ် မြဲဖြစ်ပါသည်။ မိမိပတ်ဝန်းကျင်တွင် သေချာလေ့လာ ကြည့်နိုင်ပါသည်။


02.png


ပေါင်းသင်းဆက်ဆံရေး အရေးကြီးသည်ဆိုသောကြောင့် တွေ့ကရာလူအား သွားဖြဲပြရမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။ မိမိနှင့်တွေ့ကြုံ ဆက်ဆံနေရသောသူတို့အား စိတ်ရင်းအမှန်ဖြင့် ကောင်းမွန်စွာ ဆက်ဆံတတ်ခြင်းကိုသာ ဆိုလိုချင်ပါသည်။ စိတ်ရင်းအမှန်ဖြင့် ဆက်ဆံကြမှသာ ရေရှည်အတွက် ကောင်းမွန်နိုင်မည်ဖြစ်ပါသည်။ အချို့သောသူတို့သည် လူအချင်းချင်းပေါင်းသင်းဆက်ဆံရမည်ကို နှာခေါင်းရှုံ တတ်ကြသည်။ အပြစ်တင်တတ်ကြသည်။ ထိုသို့သောလူအများစုသည် မအောင်မြင်၊ မကြီးပွား၊ မတိုးတက်နိုင်သော လူအများစုတွင် ပါဝင်နေပေမည်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံတတ်လျှင် ပိုက်ဆံမရှိသော်လည်း ထမင်းမငတ်နိုင်သေးပါ။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံခြင်း မပြုလိုသူတို့သည် တောထဲသို့ဝင်ကာ တစ်ဦးတည်း တရားအားထုတ်ရန်သာရှိပါတော့သည်။ လူအချင်းချင်းပေါင်းသင်းဆက်ဆံရန် လိုအပ်ကြသည်ဖြစ်သောကြောင့် တစ်ဦးတစ်ယောက်တည်းဖြင့် အဖွဲ့အစည်းဆိုသည်များကို တည်ထောင်ရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှလည်း ခွင့်ပြုထားခြင်းမရှိပါ။ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်အတွက် အနိမ့်ဆုံး လူ(၁၀)ယောက်တော့ လိုပါလိမ့်မည်။ ထိုလူ(၁၀)ယောက်သည် အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး မပေါင်းသင်းချင်၊ မဆက်ဆံချင်၍မရပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတို့သည် ရာထူး၊ နေရာ၊ ဌာန မရှိသော်ငြားလည်း သူ့အရည်အချင်းနှင့်သူ ထိုက်သင့်သလောက်တော့ အောင်မြင်ကြသည်ကို မြင်တွေ့နိုင်ပါသည်။ အချို့သော သူတို့သည် ပညာအရည်အချင်း ကောင်းလွန်းခြင်းကြောင့်မဟုတ်တတ်ပဲ ငွေကြေး ပေးကမ်းခြင်းဖြင့် ပညာအရည်အချင်းထက် မြင့်သောနေရာတို့တွင် လူတွင်ကျယ်လုပ်နေနိုင်ကြပေသည်။ ထိုသို့ပေါင်းသင်း ဆက်ဆံရေးသည် ရေရှည်မဟုတ်သော်လည်း ခေတ္တ ခဏတော့ အောင်မြင်နိုင်ပေသည်။ ရေရှည်ပေါင်းသင်း ဆက်ဆံရေးအတွက် ငွေကြေးဖြင့်ပေါင်းသင်းဆက်ဆံရေးထက် စိတ်ရင်းဖြင့် ဆက်ဆံခြင်းသည် ကောင်းမွန်သော နည်းလမ်းဖြစ်ပါသည်။


03.png


သူငယ်ချင်းအချင်းချင်း၊ မိတ်ဆွေအချင်းချင်း တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံကြရာတွင် တခါတရံ သည်းခံစိတ်ဖြင့်လည်းကောင်း၊ စကားမများလိုသောစိတ်ဖြင့်လည်းကောင်း၊ ကျေးဇူးဆိုသောအရာကြောင့် လည်းကောင်း၊ မူရင်းစိတ်အခံကပင် စိတ်လိုက်မာန်ပါ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းမရှိသောကြောင့် လည်းကောင်း ဆိတ်ဆိတ်နေကြရပေသည်။ ထိုသို့ နှုတ်ဆိတ်နေသူတို့သည် မိတ်ဆွေစစ် မိတ်ဆွေမှန်တို့နှင့် ပေါင်းဖော်ရတတ်ပါသည်။ သို့သော် ထိုသို့နှုတ်ဆိတ်နေခြင်းကြောင့် သူငယ်ချင်းမိတ်ဆွေအချင်းချင်း အထင်လွဲစရာ ဖြစ်တတ်ပါသေးသည်။ လိုအပ်သောနေရာ ထောက်ခံပေးသင့်သည့်နေရာတို့တွင်လည်း ၀င်ရောက်ပြောဆိုသင့်ပါသည်။ သူတစ်ပါးပြောဆိုသောအကြောင်းအရာတို့အား စိတ်ပါဝင်စားစွာ နားထောင်တတ်ခြင်းသည် စကားပြောကောင်းသူတို့၏ ကောင်းမွန်သော အရည်အချင်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ကြီးပွား တိုးတက် အောင်မြင်လိုလျှင် ကောင်းစွာနားထောင်တတ်ရန်လည်း လိုအပ်ပါသည်။ အပေါင်းအသင်းကောင်းများရရှိစေရန်အတွက် စကားပြောကောင်းစေရန် လေ့လာသင်ယူသင့်ပါသည်။ စကားပြောကောင်းသူများသည် အချိန်အနည်းငယ်အတွင်းတွင် အောင်မြင်မှုရရှိ တတ်သောကြောင့်ဖြစ်ပါသည်။ စကားပြောကောင်းသူများသည် အပေါင်းအသင်းမိတ်ဆွေများလည်း ပေါများ လာတတ်ပါသည်။ စကားပြောဆိုခြင်းသည် လေ့လာသင်ယူနိုင်သောအရာသာဖြစ်ပါသည်။ သို့သော်လည်း စကားပြောကောင်းတိုင်း ပြောချင်ရာလျောက်ပြောနေ၍မရပါ။ ပြောသင့်ပြောထိုက်သောအချိန်တွင် ပြောသင့် ပြောထိုက်သော စကားတို့ကို ပြောဆိုခြင်းသည် လူတို့အား အောင်မြင်မှုကို လျင်မြန်စွာပေးတတ်ပါသည်။ စာရေးကောင်းသောသူတို့မှာ စာများစွာရေးသော်လည်း အောင်မြင်မှုရရန်အတွက် အချိန်များစွာ ကြိုးစားကြရပါသည်။ စာလေးတစ်လုံး နှစ်လုံးရေးပြခြင်းဖြင့် မည်မျှပင် စာရေးကောင်းသူဖြစ်စေကာမူ ချက်ချင်း အောင်မြင်ရန် မလွယ်ကူလှပါ။ စကားပြောကောင်းသူတို့မှာမူ ပြောနေသော စကားမဆုံးသေးသော အချိန်မှာပင် အောင်မြင်မှုရရှိသွားနိုင်ပါသည်။ ထို့ကြောင့် အောင်မြင်လိုသူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လိုသူများ အနေဖြင့် စကားပြောကောင်းစေရန် လေ့ကျင့်သင်ကြားထားသင့်ပါသည်။ သို့သော် အခြားသူများနှင့် လုပြီးစကား မပြောမိရန်လည်း အရေးကြီးပါသည်။ စကားလုပြောခြင်း၊ သူတစ်ပါး ပြောဆိုနေသော စကားမဆုံးမီ ဖြတ်ပြောခြင်း တို့သည် စကားပြောကောင်းခြင်း၏အရည်အချင်း မဟုတ်သည့်အပြင် လူအမြင်ကတ်စေတတ်ပါသည်။ လူမုန်းစေတတ် သောအကြောင်းတစ်ခုလည်းဖြစ်ပါသည်။ အောင်မြင်တိုးတက်လိုသူတို့သည် အခြားသူများ၏ပြောစကားကို ဖြတ်မပြောမိစေရန်လည်း အရေးကြီးပါသည်။ ဖြတ်ပြောမိပါလျှင် ဆက်ဆံရေးပျက်ပြားတတ်ပါသည်။ ကြီးပွားတိုးတက်အောင်မြင်လိုသူများနေဖြင့် နောက်ထပ် သတိပြုလိုက်နာသင့်သည်မှာ မိမိတို့၏ ကိုယ်အမူအရာဖြစ်ပါသည်။ လူအများနှင့် စကားပြောဆိုဆက်ဆံလျှင် ကိုယ်ယဉ်ကျေးမှုရှိရန်လည်း အရေးကြီး ပါသေးသည်။ ကိုယ်ယဉ်ကျေးမှုအကြောင်း ထပ်မံရေးသား ဦးမည်။ ကြီးပွား တိုးတက် အောင်မြင် လိုသော ချစ်မိတ်ဆွေအပေါင်းတို့သည် စကားပြောကောင်းသူတစ်ယောက် ဖြစ်ကြပါစေကြောင်း ဆုတောင်းရေးသားရင်း ရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

23-Aug-2018 ကြာသပတေးနေ့(Thursday)

Sort:  

စကားပြောကောင်းသူဟာ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ကျပြီးတော့ ကိုယ့်ဘက်ပါအောင်လည်း စည်းရုံးနိုင်ကျပါတယ်။ ဒါပေမဲ့ အပြောကောင်းဖို့ထက် အကောင်းပြောဖို့တော့ လိုပါတယ်ရှင့်

အကောင်းပြောနေရုံနဲ့ ရဘူးလေ နာဘာမှမလုပ်ဖဲ အကောင်းထိုင်ပြောနေရုံနဲ့ ငါ့ SP လေးတွေ တိုးမလာတော့ ဘယ်နှယ့်လုပ်မလဲ ☺☺☺

ပေါင်းသင်းဆက်ဆံရေးသည် အောင်မြင်ကြီးပွားတိုးတတ်လိုသူတို့ အတွက် မရှိမဖြစ် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။

မပေါင်း မသင်း မဆက်ဆံခြင်းသည် မွဲတေစုတ်ပြတ်ခြင်း၏ တရားခံဖြစ်ပေသည်။ ☺☺☺

စကားပြောဆိုမှုအတတ်ပညာက အရေးကြီးတယ်နော်

အောင်မြင်ဖို့အတွက်အရေးကြီးသော အရင်ဆုံးလေ့လာသင့်တဲ့ ပညာလို့တောင် ပြောနိုင်ပါတယ်ဗျာ

တစ်ချို့ပြောကြတယ် စကားပြောကောင်းရင် လေယာဉ်ပျံတောင် အလကားစီးရတယ်ဆိုပြီး စကားပြောကောင်းခြင်းရဲ့အေ၇းပါမှုတွေပေါ့

တကယ်ပါဗျ လေ့လာကြည့်ပါလား စာအုပ်တွေရေးနေတဲ့စာရေးဆရာတွေ အောင်မြင်ဖို့ ရေးလိုက်ရတဲ့စာတွေ လက်ပြုတ်ကျမသွားကံကောင်း စကားပြောကောင်းတဲ့သူကတော့ နှစ်နာရီလောက်နဲ့ လက်ဆွဲနှုတ်ဆက်သူတွေ တစ်ပုံကြီးရောက်လာတယ်ဗျ

ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေက လူ့ဘဝမှာ ပို အောင်မြင်ကြပါတယ်။

အမှန်ပါပဲ စီးပွားရေးပဲဖြစ်ဖြစ် လူမှုရေးပဲဖြစ်ဖြစ် လူတွေနဲ့ပူးပေါင်းလုပ်ဆောင်ကြရတာလေ တစ်ယောက်တည်း စီးပွားရေးလုပ်နေလို့မှမရတာပဲလေ

မှတ်သားထိုက်လှပါတယ်ဗျာ

မှတ်သားနိုင်တယ်ဆိုရင် ဖတ်တဲ့သူတော်လို့ပဲ

ဗိုလ်ချုပ်အောင်ဆန်းကတော့ ဆက်ဆံရေးမှာဘုဂလန့်စိတ်ရင်းကတော့ သူ့ထက်မှန်သူမရှိ ၊မင်းစိုးနိုင်လည်းဘုဂလန့်စိတ်ရင်းကတော့ပေါင်းသကြည့်

အမငီး ယာက်ျားချင်းတော့ ပေါင်းချင်ပါဘု ဆာမင်းစိုးရယ် ကြောက်ကြောက် ☺☺☺

အ​ပြော​ကောင်းရင်​ ​​လေယာဉ်​ပျံ​တောင်​ အ​ကြွေးစီးလို့ရသတဲ့
ကြားဘူးတာပါ မုန်း​အောင်​​ပြောလဲ ဒီပါးစပ်​ ချစ်​​အောင်​​ပြောလဲ ဒီပါးစပ်​မို့ အပြာအဆိုက သိပ်​ကို အ​ရေးကြီးပါတယ်

ပါးစပ်တစ်ခု အသုံးချနည်း ဆက်ရေးရမလားပဲနော် ☺☺☺

ပေါင်းနှုတ်မြှောက်စား သတိထားပါ ဟီဟိ

သတိဥာဏ်ပညာထားရတာပေါ့လို့ မထားရင် ဘယ်အရာမှ အဆင်မချောဘူးလေ ပိုးစုန်းကြူးနဲ့ မီးမွှေးလို့မရဘူး ☺☺☺

စကားေ ပြာ‌ကောင်း‌အောင်‌ကြိုးစားပါ့မယ်‌ ဦးစိုး။postအသစ်‌‌ရေးဘို့ ‌‌ခေါင်းစဉ်‌ရှာ‌နေတာနဲ့ အ‌တော်‌ဘဲ။ဆက်‌‌ရေးလိုက်‌မယ်‌‌နော်‌ ဦးစိုး။

တကယ်ကြိုးစားသင့်ပါတယ် ကိုမဟော်ရေ ဆက်ရေး ဆက်ရေး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74